Latest News

Tuesday, June 19, 2018

မိုးနဲ့အတူ အေးနေတဲ့ ရန်ကုန်ကားဈေးကွက်

မိုးနဲ့အတူ အေးနေတဲ့ ရန်ကုန်ကားဈေးကွက်


ဇွန်လတတိယပတ်အတွင်း ရန်ကုန်ကားဈေး ကွက်မှာ အရောင်းအဝယ်မရှိသလောက် ပြန်လည် ငြိမ်သက်သွားခဲ့ကြောင်း  ကားလောကမှသိရှိရ သည်။ မော်တော်ကား အရောင်းအဝယ်ရာသီမှာ ပွင့်လင်းရာသီဖြစ်ပြီး   ယခုကဲ့သို့    မိုးရာသီတွင် အရောင်းအဝယ်    နှစ်တိုင်းနည်းပါးသွားတတ် သည်။ သို့သော် ယခုနှစ်တွင်မူ နှစ်စမှစတင်ကာ မော်တော်ကားအရောင်းအဝယ် ဈေးကွက်သည် ငြိမ်သက်နေခဲ့ပြီး သင်္ကြန်အပြီးကာလ နှစ်ပတ် ကျော်သာ  အရောင်းအဝယ်အားကောင်းခဲ့ပြီး တစ်နှစ်တာ၏ ထက်ဝက်ကာလ ရောက်သည်အထိ အရောင်းအဝယ် ငြိမ်သက်နေခြင်းဖြစ်သည်။
''ဒီရက်ကတော့ မုန်တိုင်းမိုးရော၊ တစ်ပြည် လုံးမှာ ရေကြီးနေတာတွေရော၊  စက်သုံးဆီဈေး မြင့်တာတွေရောအားလုံးစုံနေတဲ့အတွက် အရောင်း အဝယ်က မရှိသလောက် နည်းတယ်၊ ကြိုက်ရောင်း ကြိုက်ဝယ် အနည်းငယ်ပဲရှိတယ်၊ ဈေးကတော့ အမြင့်ဈေးပါပဲ၊ ဈေးကျတာလည်း မရှိသလို ဈေးမြင့်နေတဲ့ကားတွေလည်း ဒီအတိုင်းတန့်နေ တယ်''ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောသည်။
မိုးရာသီတွင် အများစုမှာ အကြမ်းခံသည့် ဖိုးဝှီးကားများ အရောင်းသွက်လေ့ရှိသော်လည်း ယခုနှစ်တွင်တော့  လက်ရှိအချိန်အထိ   သိသိ သာသာ မေးမြန်းဝယ်ယူခြင်း မကြုံရသေးကြောင်း ကားပွဲစားတစ်ဦးက ပြောသည်။ ''အများစုက ရန်ကုန်ဝယ်လက်တွေမဟုတ်ဘူး၊  နယ်ကများ တယ်၊ ပဲခူးကဆင်းလာသလို၊ မ္တလေးနဲ့ စစ်ကိုင်း၊ မတ္တရာနဲ့ မေမြို့ဘက်နေ ဆင်းဝယ်တာမျိုးလည်း ရှိတယ်၊ အခုနောက်ပိုင်းမှာ လိုင်စင်မဲ့ကားတွေ ဖမ်းမယ်ဆီးမယ်ကြားတော့ နယ်သမားတွေက လိုင်စင်ကားတွေ ပြန်လာ ဝယ်တယ်လို့ ထင်တယ်၊ အများကြီးတော့   မရှိသေးပါဘူး၊   ဒါပေမယ့် နယ်ဝယ်လက်တွေ အကြမ်းခံကားတွေ ဝယ်ကြ မယ်လို့တော့ ကျွန်တော်ထင်တယ်''ဟု ကားဝယ် ရောင်း ကိုသိန်းဇော်က ပြောသည်။

ယခုလအတွင်း ချထားပေးမည်ဟု အသံများ ထွက်ပေါ်ခဲ့သည့် ရန်ကုန်လိုင်စင် YVQC စနစ် ကားများ ချထားပေးရန်မှာလည်း အသံသာထွက် ပေါ်ခဲ့ပြီး ယခုအချိန်အထိ ထူးခြားမှုမရှိသေးသည်ကို မြင်တွေ့ရသည်။ '' အများစုကတော့ စောင့်ကြည့် နေကြတယ်၊ ဒီလအတွင်း ထွက်မယ်ပြောပေမယ့် အခုထိတော့ ဘာသံမှ ထပ်မကြားရသေးဘူး၊ ဒါက ကားဈေးကွက်ကို တိုက်ရိုက်ကြီး ထိခိုက်တာမျိုး တော့ မရှိပါဘူး''ဟု ကိုသိန်းဇော်က ဆက်လက် ပြောသည်။
မိုးရာသီမို့ အကြမ်းခံသည့် မော်တော်ကား များအပြင် အင်ဂျင်ပါဝါနိမ့် ဆီစားသက် သာသည့် မော်တော်ကားများ၊ အဲကွန်း ကောင်းမွန် သည့် မော်တော်ကားများ          ဈေးကွက်တွင်  အရောင်းအဝယ်  ပိုမိုမျက်နှာပန်းလှနေကြောင်း သိရှိရသည်။   ''အများစုကတော့    အဲကွန်း ကောင်းလားဆိုတာမေးကြတယ်၊   မိုးရာသီမှာ အဲကွန်းကောင်းတာကလည်း    တော်တော် လေးလိုအပ်တယ်၊ အထူးသဖြင့် နယ်ကားတွေမှာ ပိုပြီးမေးလာကြတယ်၊ ဒီနှစ်က မိုးများမယ့်နှစ်လို့ ခန့်မှန်းကြပြီး  မိုးရွာရင်  အဲကွန်းက မဖြစ်မနေ သုံးလာကြတဲ့အတွက်ဖြစ်တယ်''ဟု   ကိုသိန်း ဇော်က ပြောသည်။

ယာဉ်အို ယာဉ်ဟောင်း လဲလှယ်သည့် သက် တမ်း အနှစ် ၂ဝ အမည်ပေါက်စလစ်မှာလည်း ငွေကျပ် ၁၂၅ သိန်းဝန်းကျင်တွင် တန့်နေသည်မှာ လနှင့်ချီ၍ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် အရောင်းအဝယ်ဖြစ်နေပြီး ပုံမှန်သာရှိနေကြောင်း သိရသည်။ ကားအရောင်းစင်တာများကိုလည်း အချို့မှာ    သတ်မှတ်စည်းကမ်းချက်များနှင့် မကိုက်ညီဟု သိရှိရပြီး မကြာမီအရေးယူသွားရန် စီစဉ်နေကြောင်းလည်း  ကားလောကအတွင်းမှ သိရှိရသည်။ လက်ရှိတွင် ကားအရောင်းစင်တာ ၂ဝဝ နီးပါးရှိနေပြီး ယင်းအနက် အချို့မှာ မြေပြင် စစ်ဆေးမှုများပြုလုပ်အပြီး စည်ကမ်းမလိုက်နာ သည့်အတွက် အရေးယူရန် စီစဉ်နေခြင်းဖြစ်သည်။

မိုးရာသီမို့ ကားဝယ်ရောင်းအများစုမှာလည်း အရောင်းအဝယ်အားနည်းသဖြင့် ကားများများလက်ဝယ်မထားရှိကြခြင်းကြောင့် ကားဈေးကွက် မှာ ပုံမှန်ထက်ပို၍ တည်ငြိမ်လျက်ရှိကြောင်းသိရှိ ရပြီး ''ဒီကာလမှာတော့ ပုံမှန်အရောင်းအဝယ်ဖြစ် တဲ့ကားက နည်းတယ်၊ အများစုက ပြိုင်ကားလို၊ တောင်တက်ကားလို ဘက်တွေကို လှည့်ကြတယ်၊ မိုးတွင်းမှာ ကားတွေကို ပြင်ဆင်ခြယ်သကြတယ်၊ ဒါမှလည်း ပစ္စည်းကြိုက်ရင် ဈေးက ခေါ်သလောက် ရနိုင်တာဖြစ်ပါတယ်၊ လက်ရှိကားဈေးကွက်မှာ ပုံမှန်ရှိနေတာကတော့ အင်ဂျင်ပါဝါနိမ့်ကားလေး တွေပေါ့၊ တစ်နေ့ကို သုံးစီးကနေ ငါးစီးလောက်အထိ တော့      အရောင်းအဝယ်     ဖြစ်နေပါတယ်၊  ဒါပေမယ့် ဈေးကတော့ ပုံမှန်အတိုင်း တန့်နေ တယ်''ဟု  ကိုကျော်ဇေယျာဝင်းကလည်း  ပြော သည်။        ။

မြန်​မာ့အလင်း၊မင်းသော်

No comments:

Post a Comment