မိုးဟေကို က ထုတ်လုပ်ရေးပိုင်းကိုသာ အဓိကတာဝန်ယူ လုပ်ဆောင်နေခြင်းမှာ မိခင်အတွက်ဟုပြောကြား
''ခိုးဆိုးလုနှိုက်''ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ပွဲဦးထွက် အောင်မြင်မှုများရရှိထားသည့် 'မိုး' ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်နေသူ အနုပညာရှင်ပြည်သူ့အချစ်တော် မိုးဟေကိုက မိခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ဇာတ်ကားများ သရုပ်ဆောင်ခြင်းထက် ထုတ်လုပ်ရေးပိုင်းကိုသာ ပိုမိုဆောင်ရွက်ဖြစ်နေကြောင်း မြန်မာ့အလင်းသို့ ပြောကြားသည်။
''စီးပွားရေးထက် အနုပညာလုပ်ငန်းတွေကို ချစ်တတ်တဲ့စိတ်ကြောင့် 'မိုး' ရုပ်ရှင်ထုတ်လုပ်ရေးကို စတင်ဖြစ်ခဲ့တာပါ၊ ကျွန်မကတော့ ကိုယ်တိုင်လည်း သရုပ် ဆောင်သူတစ်ယောက်ဖြစ်တဲ့အတွက် ဘယ်လိုဇာတ်ကားမျိုးတွေကို ပရိသတ်ကြီး ပိုပြီးကြိုက်နှစ်သက်မယ်ဆိုတာကို သတိထားဖြစ်ခဲ့တယ်၊ ဒါကြောင့်လည်း ကိုယ်တိုင် ထုတ်လုပ်သူတစ်ယောက်ဖြစ်လာတဲ့အခါ ပရိသတ်ကြိုက်မယ့်ဇာတ်အိမ်၊ ဇာတ်လမ်း မျိုးတွေကို သေသေချာချာရွေးချယ်ပြီး ရိုက်ကူးထုတ်လုပ်ပါတယ်''ဟု မိုးဟေကိုက ပြောသည်။
ဇာတ်ကားများတွင် အတွေ့ရကျဲလာပြီး ပရိသတ်နှင့် အနည်းငယ်အလှမ်းဝေး သကဲ့သို့ရှိနေသော်လည်း အဓိကမှာ မိခင်ဖြစ်သူ၏ ကျန်းမာရေးကို ဂရုစိုက်နေရခြင်း ကြောင့် ရိုက်ကူးမှုများ ကျဲသွားခြင်းဖြစ်ကြောင်း ¤င်းကပြောသည်။ ''အနုပညာ လမ်းကြောင်းပေါ်ကို လွယ်လွယ်လေးလျှောက်ခဲ့ရတာ မဟုတ်ပါဘူးရှင့်၊ တကယ်ကို ဝါသနာလည်းပါတဲ့အတွက် အတိုက်အခိုက်တွေ၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးထဲကနေ ဒီလမ်းကိုလျှောက်ခဲ့ရတာ ၁ဝ နှစ်ကျော်ခဲ့ပါပြီ၊ အခုတော့ အလုပ်တွေကို သေသေချာချာ ပြန်လုပ်ဖြစ်တယ်၊ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှု ကြောင့်လည်း အများကြီးအင်အားတွေရခဲ့ပါတယ်၊ မကြာမီပြန်ပြီး သရုပ်ဆောင် ပိုင်းကိုလည်း အချိန်ပြန်ပေးမယ်''ဟု ¤င်းက ဆက်လက်ပြောကြားသည်။
လက်ရှိ မိုးဟေကို၏ အနုပညာလှုပ်ရှားမှုများမှာ ကြော်ငြာများရိုက်ကူးရေးစတင် နေပြီဖြစ်ပြီး 'မိုး'ရုပ်ရှင်ထုတ်လုပ်ရေး၏ ၁ဝ ကားမြောက် ဇာတ်ကားတစ်ကားကို ရိုက်ကူးပြီးစီးသွားပြီဖြစ်ခြင်းကြောင့် မေလမှစတင်ကာ တစ်လလျှင် တစ်ကားနှုန်းဖြင့် ရိုက်ရက်များကို ပုံမှန်ပြန်လည်စတင်နေပြီဖြစ်၍ ရိုက်ကွင်းများတွင် မိုးဟေကိုအား ပြန်လည်တွေ့မြင်လာရပြီဖြစ်သကဲ့သို့ ပရိသတ်များလည်း မိုးဟေကို၏ ဇာတ်ကားများကို မကြာမီပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။
''ရုပ်ရှင်ထုတ်လုပ်ရေးအပိုင်းကတော့ ကာလဒေသကိုလည်း လိုက်တယ်၊ အမှီပြုတယ်လို့ ကျွန်မထင်တယ်၊ ပရိသတ်ရဲ့ အကြိုက်ကိုလည်း မျက်ခြည်ပြတ်လို့ မရဘူး၊ ဒါရိုက်တာကလည်း ပေးလာတဲ့ဇာတ်လမ်းအပေါ်မှာ အံဝင်ခွင်ကျဖြစ်မယ့် သရုပ်ဆောင်တွေကို ရွေးချယ်ပြီး သင်ကြားရိုက်ကူးဖို့လည်း လိုတယ်၊ ထုတ်လုပ်ရေး လုပ်တယ်ဆိုတာတော့ အကုန်လုံးလျှောက်စဉ်းစားရတယ်၊ အသုံးစရိတ်၊ အကျိုး အမြတ်အားလုံးကို တွေးရတာပေါ့၊ တစ်သမတ်တည်း လိုင်းတစ်ခုတည်းတော့ လုပ်လို့ မရသေးဘူးလို့ ကျွန်မခန့်မှန်းမိတယ်၊ ဟာသလည်းပါမယ်၊ ဒရာမာဇာတ်လမ်း လည်းပါမယ်၊ ရိုမန့်တစ်ဆန်တဲ့ အချစ်ကားလေးတွေလည်းပါမယ် စသဖြင့် အားလုံးပေါ့၊ အခုနောက်ဆုံး ရိုက်မယ့်ကားကတော့ ဒါရိုက်တာ ကိုစတီးနဲ့ ရိုက်ကူးဖို့ စီစဉ်ထား ပါတယ်''ဟု သရုပ်ဆောင်၊ ထုတ်လုပ်သူ မိုးဟေကိုက သူ့အတွေ့အကြုံကို ရှင်းပြ သည်။
မြန်မာ့အလင်း၊ကိုလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment