Wednesday, June 20, 2018
မြိတ်တွင် စားသုံးရန်မသင့်သည့် ဝက်အသေများအား ဖမ်းမိ
မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ၊ ပသောင်းတံတား စစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၈ ရက်၊ ညပိုင်းတွင် စားသုံးရန်မသင့်သည့် ဝက်အသေများ ဖမ်းဆီးရမိကြောင်း သိရပါတယ်။
မြိတ်မြို့နယ် တိ/မွေးကု၊ မြို့နယ်စည်ပင်သာယာရေး၊ အုပ်ချုပ်ရေးနှင့် ပသောင်းတံတား ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သတင်းအရ ဝက်များတင်ဆောင်လာသည့်ကားအား ရပ်တန့်စစ်ဆေးရာ ဝက်အရှင်များနှင့် ရောပြီး ဝက်အသေ ၂၉ ကောင်အား ဖမ်းဆီးရမိတာပါ။
အဆိုပါ ဝက်အသေများအား မြေမြုပ်ဖျက်ဆီးပြီး သယ်ယူလာသူအား အရေးယူနိုင်ရန်ဆောင်ရွက်နေကြောင်း သိရပါတယ်။
Myat Htut - Myeik
မြိတ်တွင် စားသုံးရန်မသင့်သည့် ဝက်အသေများအား ဖမ်းမိ
Reviewed by timeayeyar
on
6:03 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment