Latest News

Friday, June 22, 2018

အီရန်၌ နှစ်ပေါင်း ၄ဝ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်ခွင့်ရ

အီရန်၌ နှစ်ပေါင်း ၄ဝ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်ခွင့်ရ

တီဟီရန် ဇွန် ၂၁

အီရန်နိုင်ငံရှိ အမျိုးသမီးများ အပါအဝင် ဘောလုံးပွဲ ဝါသနာပါသူများသည် ဇွန် ၂ဝ ရက်တွင် ယှဉ်ပြိုင်ကစားသည့် အီရန်နှင့် စပိန်တို့၏ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်ကို တီဟီရန်မြို့တော်ရှိ အကြီးဆုံး အားကစား ရုံဖြစ်သော အဇာဒီ၌ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အီရန်အမျိုးသမီးများက ၂ဝ၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမျိုးသားအသင်းကို ကြည့်ရှုခွင့်ရခြင်းသည် ၁၉၇၉ ခုနှစ်မှ ယခုအချိန်ထိ နှစ်ပေါင်း ၄ဝ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း အီရန်သတင်း ဌာနများက ထုတ်ပြန်သည်။ ထို့ပြင် ဘောလုံးပွဲဝါသနာပါသူ အီရန် အမျိုးသမီးများစွာသည် ကမ္ဘာ့ဖလားဘောလုံး ပွဲကို ကိုယ်တိုင်ကြည့်ရှုအားပေးရန်အတွက် ရုရှားသို့ နည်းလမ်း အမျိုးမျိုးဖြင့် သွားရောက်ကြောင်းနှင့် သွားရောက်သည့် ဓာတ်ပုံများကိုလည်း တွစ်တာလူမှုကွန်ရက်၌ တင်ထားကြောင်း သိရသည်။

အီရန်အမျိုးသမီးများသည် ဇွန် ၁၅ ရက်တွင် ယှဉ်ပြိုင်သည့် အီရန်နှင့် မော်ရိုကိုပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို အားပေးခွင့်မရသဖြင့် ရုပ်ရှင်ရုံများ၌သာ ကြည့်ရှုအားပေးခဲ့ရကြောင်း သိရသည်။

MWD

No comments:

Post a Comment