Latest News

Friday, June 15, 2018

ရာဇ၀င် တွင်ခဲ့သည့် ထိပ်သီး ဆွေးနွေးပွဲ (၇) ခု

ရာဇ၀င် တွင်ခဲ့သည့် ထိပ်သီး ဆွေးနွေးပွဲ (၇) ခု


၁၉၅၃ တွင် ကိုရီယား က္ဈန်းဆွယ် နှစ်ပိုင်း ကွဲ
ခဲ့ချိန်မှစ၍ မြောက်ကိုရီယား နှင့် အမေရိကန်
ခေါင်းဆောင်များ တွေ့ဆုံခဲ့မှုသည် ပထမဆုံး
အကြိမ်ပင် ဖြစ်ပေသည်။ နှစ် ၈၀ သမိုင်း
တလျောက်ကို ကြည့်ပါက ရာဇ၀င်တွင်မည့်
 ထိပ်သီးဆွေးနွေးပွဲ ၆ ကြိမ် ရှိပြီဟု သမိုင်း
ပညာရှင်များ က တညီတညွတ်တည်း မှတ်
တမ်း တင်ထားခဲ့ကြပေသည်။ ထိုဆွေးနွေးပွဲများ
ထဲတွင် အချို့က သံတမန်ရေးအရာအရ အတား
အဆီးများ ကျော်လွှားနိုင်ခဲ့သလို အချို့က
စစ်ကို တားဆီးရန် မစွမ်းဆောင်နိုင်ခဲ့ပြန်ပေ။

 ချိန်ဘာလိန် - ဟစ်တလာ

၁၉၃၈ တွင် ဗြိတိသျ ၀န်ကြီးချုပ် နက်ရှ်ဗီးလ် ချိန်
ဘာလိန်သည် လေကြောင်းခရီးဖြင့် မြူးနစ်သို့
ရောက်ရှိသွားခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်
ပေါ်မည့် အရေးကို ရှောင်လွှဲနိုင်ရန် နောက်ဆုံး
အကြိမ် အဖြစ် ကြိုးပမ်းအားထုတ်ခဲ့ပေသည်။

ထိုအချိန်တွင် ဂျာမန် ခေါင်းဆောင် အဒေါဖ်
ဟစ်တလာသည် နိုင်ငံရှိ ဒီမိုကရေစီ ကို မီ
သင်္ဂြုလ် ခဲ့ပြီး ဖြစ်ယုံမက စစ်တပ် အင်အား
တိုးချဲ့ခြင်း နှင့် ဂျုးများကို နှိပ်ကွပ် လာနေချိန်
လည်း ဖြစ်သည်။

ချိနိဘာလိန်က ဟစ်တလာထံမှ အခိုင်အမာ
ပေးလိုက်သော ချက်ကိုစလိုဗက်ကီယားကို
မည်သည့်နည်းနှင့်မျ မကျုးကျော်ပါဟူသော ကတိ ကို ရရှိခဲ့ပြီး အဆိုပါ သဘောတူညီချက်
ကို လေယာဉ်ပေါ်မှ ဝှေ့ရမ်း ဆင်းပြီး လာခဲ့
ပေသည်။

သို့သော် အဆိုပါ သဘောတူညီချက်က တနှစ်
ခန့်မျ သာ  အသက်ရူ ချောင်စေရန် ဖန်တီးပေး
နိုင်ခဲ့ပြီး နောက်တနှစ် တွင် ဒုတိယ ကမ္ဘာစစ်မီး
ကြီး တောက်လောက်လာခဲ့ရပေတော့သည်။
အာဏာရှင် ဆိုသူတို့ စိတ်ကူးပေါက်ရာ ချုပ်ဆို
ခဲ့သော စာချုပ်များအပေါ် အကောင်းမြင်၍မရ
အာမခံချက်လည်း မရစကောင်း ဆိုသည်ကို
အဆိုပါ ဖြစ်ရပ် က သက်သေခံခဲ့ပေသည်။

ယော်လ်တာ ကွန်ဖရင့်

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးကာနီး အချိန်တွင်
ကမ္ဘာကြီးကို ဆက်လက်စိုးမိုးရတော့မည့်
အင်အားကြီး သုံးနိုင်ငံ ခေါင်းဆောင်များ ဖြစ်ကြ
သော အမေရိကန် သမ္မတ ဖရန်ကလင် ရုစ်ဘဲ၊
အင်္ဂလန် ၀န်ကြီးချုပ် ချာချီ နှင့် ဆိုဗီယက် ခေါင်း
ဆောင် ဂျိုးစက် စတာလင် တို့သည်
ကရိုင်းမီယားရှိ ယော်လ်တာ တွင် တွေ့ ဆုံကာ
ကမ္ဘာကြီး အား မည်သို့ မည်ပုံ စီမံခန့်ခွဲသွား
ရမည် အပေါ် အစီအစဉ်များ ရေးဆွဲခဲ့ကြသည်။

မည်သို့ ပင် အစီအမံများ ချမှတ်ခဲ့ကြသော်လည်း
စစ်ကြီးအပြီးတွင် ၎င်းတို့ အချင်းချင်း စည်းလုံးမှု
မရှိခဲ့ကြသည့်အပြင် နိုင်ငံငယ်များအပေါ် ဗိုလ်
ကျ လွှမ်းမိုးခဲ့ကြသဇြင့် ဘီလီယံ နှင့် ချီသော
ကမ္ဘာ ပြည်သူများသည် ကိုလိုနီ ဘ၀ မှ မလွတ်
မြောက် ခဲ့ကြရသည့်အပြင် လွတ်လပ်သော
နိုင်ငံ များသည်ပင် ဆိုဗီယက် ယူနီယံ
၏ ထားရာနေ စေရာသွား ဘ၀ ထပ်မံ ကျ
ရောက်သွားခဲ့ရပေတော့သည်။

ဗီယင်နာ ထိပ်သီး ဆွေးနွေးပွဲ

စတာလင် နေရာ ဆက်ခံခဲ့ ပြီး ရှစ်နှစ် အကြာတွင် ဆိုဗီယက် ယူနှီယံ
 ခေါင်းဆောင် နီကီတာ ခရူးရှက် သည်
အမေရိကန် သမ္မတ ကနေဒီ နှင့် ဗီယင်နာ
တွင် ၁၉၆၁ ခုနှစ်၌ တွေ့ဆုံဖြစ်ခဲ့ကြသည်။

သမ္မတ ဖြစ်ကာစ ကနေဒီ နှင့် ဆွေးနွေးစရာ
အများ အပြား ရှိနေခဲ့သည်။

ထိုအချိန်က ကျုးဘားကို ကျုးကျော်ရန် မအောင်
မြင်ခဲ့သော ၀က် ပင်လယ်အော် အရေးအခင်း
င်္ကြီး ဖြစ်ပွားပြီးကာစ လည်း ဖြစ်သည်။
ထို့အပြင် လာအိုတွင် အမေရိကန် နှင့်
 ဆိုဗီယက်တို့ ကြိုးဆွဲရာ ကနေရသော စစ်ပွဲကြီး
အပြင်းအထန် ဖြစ်ပွားလျက် ရှိနေချိန်လည်း ဖြစ်
ပေသည်။

အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ အပြီး တည်
ဆောက်နိုင်ခဲ့သော အထိအခိုက် မခံသည့်
ယုံကြည်မှု ကြိုး မြှင် ကလေးက တနှစ်သာ ခံခဲ့
ရပြီး ပြတ်တောက်သွားခဲ့ရပေတော့သည်။

နောက်တနှစ် ဖြစ်သော ၁၉၆၂ တွင် ကရူုးရှက်
မှ အမေရိကန်တို့ ၏ နောက်ဖေးခြံဟု သတ်
မှတ်ထားသော ကျုးဘားတွင် ညူ ကလီယား ဒုံး
ကျည်များ ဖြန့်ကြက် ချထားရန် ကြိုးပမ်းလာခဲ့သ
ဖြင့် တတိယ ကမ္ဘာစစ်ကြီး ဖြစ်လုနီး အခြေအ
နေ ဆိုက်ရောက်သွားခဲ့ရသည်။

နစ်ဆင် - မော်စီတုန်း

၁၉၄၉ ခုနှစ် တရုတ်နိုင်ငံ ပြည်တွင်းစစ်ကြီး
အဆုံးသတ်သွားချိန်တွင် ကွန်မြူ နစ်တပ်များ၏
ရန်မှ ထွက်ပြေး လွတ်မြောက်လာပြီး တိုင်ဝမ်
တွင် ခြေကုတ်ယူလာကြသော အမျိုးသားရေး
ဝါဒီ တပ်များကို အမေရိကန်က အကာအကွယ်
ပေးလာခဲ့သည်။ ထို့ အတွက် နောက်ပိုင်း အနှစ်
နှစ်ဆယ် နီးပါးမျ တရုတ် နှင့် အမေရိကန် ဆက်
ဆံရေး အေးစက် တင်းမာလာခဲ့ရသည်။

ရီပါတ်ဘလီကင် ပါတီ မှ သမ္မတ ဖြစ်လာသူ
ရစ်ချတ် နစ်ဆင်သည် နိုင်ငံရေး အခြေအနေ
ကို လက်တွေကျကျ သုံးသပ် ဆောင်ရွက်သည့်
နိုင်ငံခြားရေး မူဝါဒ ကို ရှေ့တန်းတင်လာခဲု့သည်။

ထို့အတွက် တရုတ် နှင့် ဆိုဗီယက်တို့ သံခင်း
တမန်ခင်း အကွဲအပြဲများ ဖြစ်လာသည်ကို
အခွင့်ကောင်းယူကာ ၁၉၇၂ တွင် တရုတ်ပြည်
သို့ ကိုယ်တိုင်ကိုယ်ကျ အလည်အပါတ် သွား
ရောက်ခဲ့ပေသည်။

ထို့ ခရီးစဉ်ကို အကြောင်းပြုပြီး နောက်ပိုင်း
၇ နှစ် အကြာ တွင် တရုတ် အစိုးရအား အမေ
ရိကန် က တရားဝင် အသိအမှတ်ပြု သည့်
အဆင့်သို့ ရောက်ရှိလာခဲ့ရသည်။

သို့သော်လည်း အမေရိကန် အစိုးရ က ပြန်ရ
သည်ထက် ပို၍ ပေးခဲ့ရသည်ဟု ဝေဖန်ခဲ့ကြ
သော်လည်း တကယ်တမ်းတွင်မူ မည်သည့်
ဖက်ကမှ အသာမရခဲ့ကြောင်း တွေ့ရှိလာခဲ့
ရပေသည်။

ရီဂင် - ဂေါ်ဘာချော့

ရော်နယ် ရီဂင်သည် သမ္မတ ဖြစ်လာချိန်မှ စပြီး
ဆိုဗီယက် ပြည်ထောင်စု အပေါ် တင်းမာစွာ
ဆက်ဆံလာခဲ့သူ ဖြစ်သည်။ ၁၉၈၃ တွင်
"မကောင်းဆိုးဝါး အင်ပိုင်ယာ" ကြီးဟူပင် စတင်
ခေါ်ဆိုလာခဲ့သည်။

သို့သော် နောက်ပိုင်း နှစ် နှစ် အကြာတွင်
ဆိုဗီယက် ခေါင်းဆောင် မီခေးလ် ဂေါဘာချော့
နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ၁၉၈၆ တွင်
အိုက်စလန် မြို့တော် ရေဂျာဗစ် တွင် လက်နက်
ထိမ်းချူပ်ရေး အတွက် စတင် ဆွေးနွေးလာခဲ့
သည်။ ဆွေးနွေးပွဲကား အကြောင်းအရာများ
ကျယ်ကျယ် ပြန့်ပြန့် ပါဝင်သည့်အပြင်
 ရည်မှန်းချက်
ကြီးကြီး ထားကာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ရီဂင် က လူ့ အခွင့်အရေး ပြသာနာများကို တင်
့ပြ ပြောဆိုလာခဲ့ပြီး ဂေါ်ဘာချော့မှလည်း အမေ
ရိကန်တို့၏ ဒုံးကျည် ကာကွယ်ရေး စနစ်ကို
ကန့်သတ်ပေးရန် မဆုပ်မနစ် တောင်းဆိုလာခဲ့
သည်။ ခေါင်းဆောင်နှစ်ဦးသည် ညူ ကလီယား
လက်နက်များ လုံးဝ ဖျက်သိမ်းရေး အတွက်
သဘောတူညီချက် ရလုနီး အြေ့ခအနေ
ဆိုက်ရောက်လာခဲ့ကြသည်။ သို့သော်လည်း
ဆွေးနွေးပွဲသည် အပြီးသတ်တွင် ပျက်ပြားသွား
ခဲ့ရပေသည်။

ထိုအချိန်က ယင်းကိစ္စ အပေါ် ဝေဖန်မူ နှစ်မျိုး
နှစ်စား ထွက်ပေါ်ခဲ့သည်။ ဆွေးနွေးပွဲ ပျက်ပြား
သွားရခြင်းသည် ခလုတ်ကန်သင်းတခု တွေ့၍
ခြေချော်လက်ချော် ဖြစ်သွားခဲ့ရခြင်းသာဟု
ပြောဆိုခဲ့သလို ဂေါ်ဘာချော့မှ အနောက်ဥရော
ပ အား အမေရိကန်တို့ နှင့် တသီးတခြားဖြစ်
အောင် ကြံဆောင်လာသောကြောင့်ဟု ဝေဖန်
ခဲ့ကြပြန်သည်။ သို့သော် ပထမသုံးသပ်ချက်က
မှန်ခဲ့သည်ဟု ဆိုရမည့့်ဖြစ်သည်။ အဘယ်
ကြောင့်ဆိုသော် နောက်တနှစ်တွင် လက်နက်
ထိမ်းချုပ်ရေး သဘောတူညီချက်အား ပထမဆုံး
အကြိမ် အဖြစ် နှစ်နိုင်ငံ လက်မှတ်ရေးထိုးနိုင်
ခဲ့ကြသည်။ ထိုအတွက် ညူ ကလီယား လက်
နက်များ အမှန်တကယ် လျော့ချလာနိုင်ခဲ့ကြ
ပေသည်။

ကင်ဂျောင်အီ - ကင်ဒေးဂျုံ

ပိုင်းခြားခြင်း ခံခဲ့ရသော ကိုရီယား နှစ်နိုင်ငံ
မှ ခေါင်းဆောင်များ ဖြစ်သော ကင်ဂျောင်အီ
(ကင် ဂျုန်းအန်ုး ၏ ဖခင်) နှင့် ထိုစဉ်က တောင်
ကိုရီယား သမ္မတ ဖြစ်သူ ကင်ဒေးဂျုံ တို့ နှစ်ဦး
၂၀၀၀ ပြည့်နှစ် ဂ္ဈန်လတွင် ပြုံယမ်း မြို့ အနီး
လေဆိပ်တွင် တွေ့ဆုံခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသည် သုံးရက်ကြာမြင့်ခဲ့ပြီး
လေဆိပ် မှ မြို့ထဲသို့ သွားသည့် မိနစ် ငါးဆယ်
ကြာမြင့်သည့် ခရီးတွင် ခေါင်းဆောင်နှစ်ဦး
တယောက်လက်ကို တယောက် မလွှတ်တမ်း
ဆုတ်ကိုင်လာခဲ့ကြပေသည်။

မြောက်ကိုရီယား နိုင်ငံသား ခြောက်သိန်းခန့်
ကလည်း လမ်းဘေးဝဲယာ တဖက်တချက်မှ
လက်ဝှေ့ရမ်း ကြိုဆိုခဲ့ကြပြန်သည်။

သဘောတူညီချက်၏ အသေးစိတ် အချက်
လက်များကိုမူ လ အနည်းငယ်
အကြာ နောက်ပိုင်း တွေ့ဆုံပွဲများကျမှ ထုတ်ပြန်
ခဲ့ကြသည်။

ထိုသို့ ပြန်ပေါင်းထုတ်နိုင်မှုကို ကြိုဆိုခဲ့ကြ
သည်။ သို့သော် ကိုရီယား ပြည်သူများ ကွဲပြား
နေမှုက ဂျာမန်တို့ ထက် ပို၍ နက်ရှိုင်းနေသည်
ကို အဆိုပါ ထိပ်သီးဆွေးနွေးပွဲများက ပြဆိုနေ
သဖြင့် ပြန်လည်ပေါင်းစည်းပါက ဘဏ္ဍာရေး
အရ ရော စိတ်ခံစားမှုများတွင်ပါ လွန်စွာမြင့်
မားလာပေလိမ့်မည်ဟု သတိပေးခဲ့ကြသည်။
အဆိုပါ သတိပေးချက်သည် ယခုတိုင်လည်း
မှန်ကန်နေဆဲပင် ဖြစ်သည်။

ဒေါ်နယ် ထရန့်ကမူ သူ၏ ထုံးစံဖြစ်သော
အစဉ်အလာကို ရိုက်ချိုးသည့် မူများကို ထိပ်သီး
ဆွေးနွေးပွဲသို့ ယူဆောင်လာခဲ့ပေသည်။

့ပြီးခဲ့သည် ဆယ်လ လောက်ကမှ မြောက်ကို
ရီယားအား ဒေါသ မီး ပင်လယ်ထဲ နစ်မြုပ်ပြစ်
မည်ဟု ခြိမ်းခြောက်နေခဲ့ပေသည်။
သူ့အား စိတ်ဖေါက်ပြန်နေယုံမျမက သူငယ်ပြန်
နေသူဟု ခေါ်ဝေါ်ခဲ့သော အာဏာရှင်တဦး နှင့်
သဘောတူညီချက်တခု ရအောင် လုပ်နိုင်လိမ့်
မည်ဟု ယခုအခါ ထင်မြင်ယူဆလျက် ရှိနေပေ
သည်။

ထိုကဲ့သို့ ထိပ်သီး ဆွေးနွေးပွဲများ မစမီ ကြိုတင်
ပြုလုပ်နေကျ ဖြစ်သော အောက်ခြေ အဆင့်
ညှိနိုင်းမှုများကိုလည်း မတွေ့ခဲ့ရပဲ ဘာသာ
ပြန်သူ တယောက်ကို အခန်းထဲ ခေါ်သွင်းကာ
ထိတ်တိုက် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ထွက်ပေါ်လာသော သဘောတူညီမှူက အထိမ်း
အမှတ် နာမ၀ိသေသန များ ဖြင့် ရှည်လျားနေ
သော်လည်း အသေးစိတ် အချက်အလက်များ
ကမူ လွန်စွာ တိုတောင်းလျက် ရှိသည်ကို
တွေ့ရပေသည်။

ကင် ဂျုံ အန်း အဖို့ကတော့ ပြည်တွင်းတွင်
သူသည် အမေရိကန် သမ္မတ တယောက်နှင့်
တန်ုးတူ ဖြစ်ပြီး ဘာမှ ခြားနားခြင်း မရှိဆိုသော
ဝါဒဖြန့် အောင်ပွဲခံသွားနိုင်ခဲ့ပေသည်။

၎င်းတို့၏ စကားများကို အကောင်အထည် ဖေါ်
ဖို့ရှိသူများ အဖို့တော့ ခက်ခဲလှသော တာဝန်များကို
ထမ်းရွက်ကြရပေတော့မည်သာ
ဖြစ်ပေတော့သည်။

လှစိုး​ဝေ

ဇွန်လ ၁၂ ရက် နေ့ The Economist တွင်
ပါရှိသော The great expectation ဆောင်း
ပါး ကို ကိုးကား တင်ပြသည်။

No comments:

Post a Comment