Latest News

Friday, June 15, 2018

လပွတ္တာမြို့နယ် လပွတ္တလုတ်ကျေးရွာတွင် ဇက်ရေယာဉ်တစ်စီးထားရှိ

လပွတ္တာမြို့နယ် လပွတ္တလုတ်ကျေးရွာတွင် ဇက်ရေယာဉ်တစ်စီးထားရှိ

ပုသိမ် ဇွန်၁၅ရက်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် လပွတ္တလုတ်ကျေးရွာတွင် လပွတ္တလုတ် ရေပေါ်ကြီး ဇက်ကူးတို့လမ်း ထားရှိရာ ငပုတောမြို့နယ် အလယ်ကျွန်းအုပ်စု ရေပေါ်ကြီးကျေးရွာသို့အပြန်အလှန်သွားရေးလာရေးအဆင်ပြေစေရေးအတွက်  လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦဝင်းဌေးမှ ရန်ကုန်ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏အကူအညီယူကာ ယနေ့ဇွန်လ၁၅ရက်နေ့တွင်  ရေယာဉ်နံပတ် (၁၁၀)ဇက်ရေယာဉ်တစ်စီးထားရှိခဲ့ကြောင်း သတင်းရ ရှိသည်

အဆိုပါ ဇက်ရေယာဉ်အား ငပုတောမြို့နယ် အလယ်ကျွန်းအုပ်စု ရေပေါ်ကြီးကျေးရွာတွင်နေထိုင်သည့် ကျေးရွာအုပ်စုပေါင်း(၂၂)အုပ်စု လူဦးရေ (၇၀၀၀၀)ကျော် ရှိသည့်ပြည်သူများ  လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်နေသော်ကြောင့် အဆင်ပြေစေရေးအတွက် ယခုလိုစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးထံမှသိရသည်

"ဒီမှာ ဇက်ထားဖို့ စီစဉ်နေတာတော့ကြာပါပြီ ပထမ စီစဉ်ထားတဲ့ဇက်တွေက မြောင်းမြကြိုးတံတားကျိုးတော့ အဲမှာသုံးဖို့ပေးလိုက်ကတာ အဲဒါကြောင့် ခုမှ လပွတ္တာ မြို့အတွက်သီးသန့် ဆိုပြီး စီစဉ်ခဲ့တာပါ  ဒီ အလယ်ကျွန်းမှာရှိတဲ့ ဒေသခံတွေအတွက် အင်မတန်မှ အရင်ထက် ပိုအဆင်ပြေစေမှာပါ  ဒီဇက်ကိုမနေ့ကလည်းစမ်းမောင်းပြီးပါပြီ အဆင်ပြေလို့ စတင်အသုံးနိုင်အောင်ဆောင်ရွက်သွားမှာပါ ဒီမှာက မိုးရာသီဆိုမြစ်ကအန္တရာယ်ရှိတယ် နောက်ဒီမှာက  စက်လှေ တွေလှေငယ်တွေပဲအားကိုးနေကတာ အချိန်လည်းကြာတယ် အရာရာအဆင်မပြေနိုင်ဘူးလေ ဒါကြောင့် ပြည်သူတွေကိုအဆင်ပြေစေချင်လို့ ခုလို ဇက်ရေယာဉ်ထားရှိခဲ့တာပဲဖြစ်ပါတယ်"ဟုဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေး ကတိုင်းဧရာကိုပြောသည်

ဇက်ရေယာဉ်အား စတင်အသုံးပြုနိုင်မည့်နေ့ကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဝန်ထမ်းများနှင့် လပွတ္တာခရိုင်အုပ်ချူပ်ရေးမှူးအဖွဲ့များက ကော်မတီဖွဲ့၍ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်းလပွတ္တလုတ်နှင့် အလယ်ကျွန်း မှာအသွားအပြန်မိနစ်၄၀ရှိကြောင်း လပွတ္တာကနေ မြစ်ကိုဖြတ်မည်ဆိုလျှင် ၁မိုင်၎ဖာလုံရှိကြောင်း ဇက်ကူးတို့ဆိပ်သည် ၂၀၁၇ ၂၀၁၈ တိုင်းသေကြီးမိန်းဘတ်ဂျတ်ဖြင့်စီစဉ်ဆောင်ရွက်ခဲ့ပြီးတာကြာပြီဖြစ်ကြောင်း   ၎င်းကအဆိုပါဇက် ရေယာဉ်နှင့်သက်ဆိုင်သည့်အကြောင်းအရာများကို ရှင်းပြသည်

ဧရာဝတီတိုင်းဒေသကြီး စည်ပင်ဝန်ကြီးဦးကျော်မြင့်က " ဒီဇက်က  လပွတ္တာမြို့ လပွတ္တလုတ်ကနေ  သက်ကယ်ချောင်းမြစ်ကို ဖြတ်ပြီး ငပုတော အလယ်ကျွန်းအုပ်စုရေပေါ်ကြီးကျေးရွာကို သွားမှာပါ ဒီအလယ်ကျွန်းရွာသားတွေဟာမိုးရာသီဆိုပိုဒုက္ခရောက်ကြပါတယ် ဒါကြောင့်ခုလို ဇက်ရေယာဉ်ထားရှိလာတာဟာအင်မတန်ကို ပြည်သူတွေအစားပျော်ရွှင်မိပါတယ် ကျွန်တော်ကဒီနယ်သားပါနောက် ထူးခြားတာက လပွတ္တာ မြို့မှာ ကုတင်(၂၀၀) ရှိတဲ့ဆေးရုံရှိပါတယ်  ဒီဆေးရုံကို ဒီကျွန်းကလူတွေကကျန်းမာရေးအတွက်  စက်လှေများကိုအဆင့်ဆင့် ကူးလာကြပြီးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာရှိတယ် ခုဆို  အဖက်ဖက်မှ အဆင်ပြေသွားပြီလို့ထင်ပါတယ် ဒီနေ့ဟာ ငပုတောမြို့နယ်နဲ့လပွတ္တာမြို့နယ်ကို ဆက်သွယ်ရေးသမိုင်းပြောင်းလဲ နိုင်တဲ့နေ့ထူးနေ့မြတ်လည်းဖြစ်ပါတယ်" ဟု ပြောပါသည်

၂တန်အောက်ကားငယ်/နောက်တွဲလေးဘီး က၄၀၀၀ ၃တန်အထိကားလတ်ယာဉ်များက ၆၀၀၀ ၃တန်းခွဲမှ ၆တန်အထိယာဉ်များ က ၈၀၀၀ ၆တန်မှ ၁၂တန်အထိ ယာဉ်များက ၁၀၀၀၀ စက်ဘီးတစ်စီး/ခရီးသည်တစ်ဦး က ၅၀၀ ဆိုက်ကား က ၁၀၀၀ မော်တော်ဆိုင်ကယ် က ၂၀၀၀ နောက်တွဲသုံးဘီး/ဆိုက်တွဲ က ၃၀၀၀ ဆိုပြီး  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ ယခုလိုသတ်မှတ်ထားသည်

လပွတ္တာနဲ့ငပုတောဘက်တွေကလူတွေဟာ ပင်လယ်ကိုအခြေပြုပြီးနေထိုင်တဲ့အတွက် ပင်လယ်ထွက်ကုန်များရေလုပ်ငန်းများကိုအများဆုံး  လုပ်ကိုင်ကြသည့်လူတွေဖြစ်ကြောင်းသိရသည်

သတင်း - ဓာတ်ပုံ/​ရွှေရည်ဝင်း

No comments:

Post a Comment