Latest News

Monday, June 11, 2018

မြင်းခြံပြည်သူဆေးရုံမှ ပျောက်ဆုံးသွားသော ၃ ရက်သားကလေးငယ် ခိုးယူသူအား ဖမ်းဆီးရမိ

မြင်းခြံပြည်သူဆေးရုံမှ ပျောက်ဆုံးသွားသော ၃ ရက်သားကလေးငယ် ခိုးယူသူအား ဖမ်းဆီးရမိ

မြင်းခြံ ဇွန် ၁၁

 မြင်းခြံပြည်သူဆေးရုံမှ ပျောက်ဆုံးသွားသော ၃ ရက်သားကလေးငယ် ခိုးယူသူအား ဖမ်းဆီးရမိပြီး ဖြစ်ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဇွန် ညနေ ၃နာရီ အချိန်တွင် မြင်းခြံမြို့နယ် သိမ်ရွာကျေးရွာ ဦးခင်မောင်ဆင့် မဝင်းစန္ဒာတို့၏ သားဖြစ်သူ အသက်(၃)ရက်ရှိ မွေးကင်းစကလေး ကလေးငယ်အား အသဲရောင်အသားဝါ ကာကွယ်ရန် ဓါတ်ကင်၍ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေရာမှ မဝင်းဆိုသူအမျိုးသမီးမှ ခိုးယူသွားကြောင်း သိရှိရသဖြင့် မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး၍ တရားခံအားလိုက်လံစုံစမ်းနေစဉ် ၂၀၁၈ ဇွန် ၁၁ နံနက် ၀၀၄၅မိနစ်အချိန်ခန့်တွင် မသင်္ကာတရားခံ အမျိုးသမီးတစ်ဦးအား ကလေးငယ်တစ်ဦးနှင့် အတူ မြင်းခြံကားကြီးကွင်း အတွင်းမှ တွေ့ရှိကြောင်း သတင်းအရ မြင်းခြံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နိုင်ဝင်းထွန်းနှင့်ရဲမေ ရဲတပ်သား အိသန္တာထွန်း ရဲတပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ သွားရောက်စုံစမ်းရာ ရွှေမန်းသူကားဂိတ်တွင် မြင်းခြံမှ ရန်ကုန်သို့ မမြင့်မြင့်မော်မှာ ကလေးငယ်တစ်ဦးဖြင့် ယာဉ်အမှတ် 6H/---- နံပါတ်ပါ Express ကား ခုံအမှတ် ၄၅ တွင် လိုက်ပါသွားကြောင်း စုံစမ်းသိရှိရသဖြင့် အဆိုပါကား၏ ယဉ်ကြီးကြပ် ဦးဝင်းဆွေအာူ ဆက်သွယ်စုံစမ်းရာ ကားမှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၅ တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် အမှတ် ၃ အမြန်လမ်းမကြီး ရဲစခန်းသို့ ဆက်သွယ်၍ အဆိုပါရွှေမန်းသူကားအား တားကာ ခုံအမှတ် ၄၅ တွင်လိုက်ပါလာသူ မမြင့်မြင့်မော်အား စစ်ဆေးပေးပါရန် အကြောင်းကြားပြီး ဒုရဲအုပ်နိုင်ဝင်းထွန်းနှင့် အဖွဲ့ အဆိုပါကားနောင်သို့ လိုက်သွားခဲ့ကြောင်း မြင်းခြံမြို့မရဲစခန်းမှ သိရသည်။

၂၀၁၈ ဇွန် ၁၁ ရက် နံနက် ၀၃၄၅အချိန်တွင် အမှတ် ၃ အမြန်လမ်းမကြီးရဲစခန်းမှ ရဲအုပ် အောင်သင်းဦးမှ အဆိုပါကားအား တားဆီး၍ စစ်ဆေးရာ ခုံအမှတ် ၄၅ တွင် လိုက်ပါလာသူ မမြင့်မြင့်မော်မှာ ကလေးတစ်ဦးအား ခိုးယူလာကြောင်း သိရှိရပြီး အမျိုးသမီးအား ထိန်းသိမ်းထားကြောင်း ဒုရဲအုပ်နိုင်ဝင်းထွန်းနှင့်အဖွဲ့မှ အဆိုပါရဲစခန်းသို့ သွားရာ  အမြန်လမ်းပေါ်အရောက်တွင် အကြောင်းကြားလာ၍ သိရှိခဲ့ပြီး ဒုရဲအုပ်နိုင်ဝင်းထွန်းနှင့် အဖွဲ့မှာ ၂၀၁၈ ဇွန် ၁၁ရက် နံနက် ၈နာရီအချိန်တွင် အမြန်လမ်း အမှတ် ၃ ရဲစခန်းသို့ ရောက်ရှိကာ အမျိုးသမီးနှင့် ကလေးငယ်အား ဦးခင်မောင်ဆင့်အား ပြသ၍ စီစစ်ခဲ့ရာ ပျောက်ဆုံးသွားသော မွေးကင်းစ ကလေးငယ်ဖြစ်ကြောင်း တွေ့ရှိရပြ ကလေးငယ်ခိုးယူသူ မမြင့်မြင့်မော်(၄၂)နှစ် မြင်းခြံမြို့ မီးရထားဝန်း အမှတ် ၁၇ နေသူဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အမှတ် ၃ အမြန်လမ်းမကြီး ရဲစခန်းမှ ဒုရဲအုပ် နိုင်ဝင်းထွန်းထံသို့ ဇွန် ၁၁ရက် နံနက် ၈နာရီခွဲ အချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ  ဒုရဲအုပ်နိုင်ဝင်းထွန်းနှင့် အဖွဲ့ပြန်လည်ရောက်ရှိချိန်တွင် ဥပဒေအရ ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြင်းခြံမြို့မရဲစခန်းမှ သိရသည်။

မြန်​မာ့အလင်း၊ဘိုဘို(မလှိုင်)

No comments:

Post a Comment