Latest News

Sunday, June 10, 2018

ပုသိမ်တွင်၂၀၁၈ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့်ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ များထူထောင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပုသိမ်တွင်၂၀၁၈ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့်ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ များထူထောင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပုသိမ် ဇွန်၁၀ရက်

ပုသိမ် မြို့ ရှိ ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးတွင်   ၂၀၁၈ခုနှစ် ဇွန်လ၉ရက်နေ့၌ ၂၀၁၈ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့်ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ များထူထောင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပလျက်ရှိကြောင်းသတင်းရ ရှိသည်

ဧရာဝတီတိုင်းဝန်ကြီးချူပ်ဦးလှမိုးအောင်နှင့် တိုင်းအစိုးရ အဖွဲ့ ဝင်များမှ နံနက် ပိုင်းတွင် အခမ်းအနားအားတက်ရောက်အမှာစကားပြောကြားခဲ့ပြီး နေ့လည် ပိုင်းအချိန်တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ခြင်းဖြစ်သည် ယင်းအလုပ်ရုံဆွေးနွေးပွဲကိုနှစ်ရက်တာဆွေးနွေးသွားကြမည်ဖြစ်သည်

ဆေးလိပ်နှင့်ဆေးရွက်ကြီးဥပဒေကို ၂၀၁၆ခုနှစ် ထဲကပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ခုနှစ်တွင်၎င်းဥပဒေကအသက်ဝင်လာတာဖြစ်ကြောင်း ၎င်းဥပဒေကိုသက်ဆိုင်ရာက  တကယ်လက်တွေ့ ကြီးကြပ်တဲ့နေရာမှာလိုအပ်မူ့တွေရှိနေလို့အရှိန်အဟုန်မြင့်တင်တဲ့အနေနဲ့ ခုလို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းပြည်သူကျန်းမာရေးဖောင်ဒေရှင်း မှအတွင်းရေးမှူးဒေါက်တာဖုန်းမြင့် ကတိုင်းဧရာကိုပြောသည်

"ဆေးလိပ်သောက်သုံးသူနဲပက်သက်ပြီး ဆေးလိပ်ကြောင့်ကျန်းမာရေးထိခိုက်တယ်ဆိုတာကို သိစေရန်နဲ့ ဆေးလိပ်သောက်သုံးသူကလည်း ဆေးလိပ် သောက်ခြင်းကို ထိန်းချူပ်ရုံတင်မက ဆေးလိပ်မသောက်တက်တဲ့သူတွေကလည်းဆေးလိပ်ငွေ့ရူရိုက်မိရင် စိုးရွားတဲ့ကျန်းမားရေးတွေဖြစ်လာတက်လို့ ဒါတွေကို ကာကွယ်ဖို့ရန်အတွက် လုပ်ငန်းတွေ အစပျိုးခြင်းဖြစ်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လည်းခုလို ဆွေးနွေးကြတာပဲဖြစ်ပါတယ်  "ဟုပြည်သူကျန်းမာရေးဖောင်ဒေရှင်း မှအတွင်းရေးမှူးဒေါက်တာဖုန်းမြင့်က ပြောပါသည်

ဆေးလိပ်ဆေးရွက်ကြီးဥပဒေကို မလိုက်နာဘဲ ဆေးလိပ်ကင်းမဲ့ဇုန်တွေမှာ ဆေးလိပ်သောက်သူံးမိရင်တည်ဆဲဥပဒေမှာဒဏ်ငွေအဖြစ်သတ်မှတ်ထားတာရှိကြောင်း လူအများကဆေးလိပ်ကွမ်းများကိုမသုံးစွဲဖို့ လုပ်တယ်ဆိုတာစိတ်ကူးယဉ်တယ်လို့ ပြောကြပေမဲ့ တကယ်ထိထိရောက်ရောက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးလိက်ကင်းမဲ့ဇုန်များ သတ်မှတ်ထားသော်လည်းပြည်သူများမှတကယ်လက်တွေ့ လုပ်ဆောင်မူ့အားနည်းနေတာတွေရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့် အစိုးရဝန်ထမ်းများ မြန်မာနိုင်ငံကျန်းမားရေးနှင့်သက်ဆိုင်သောအသင်းများ  သူနပြုတက္ကသိုလ်သင်တန်းကျောင်းမှ သင်တန်းကျောင်းသူများ ရဲတပ်ဖွဲ့ ဝင်များ ပုသိမ်တက္ကသိုလ်မှဆရာမများ လူမူရေးအဖွဲ့အစည်းများ ကြက်ခြေနီအသင်းဝင်များ တိုင်းဒေသကြီးရုံးစိုက်ရာ ခရိုင်နှင့်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး  ကိုယ်စားလှယ်များနှင့် ပုသိမ်ဆေးရုံအုပ်ကြီးတို့မှ တက်ရောက်ခဲ့ကြသည်

ပြည်သူကျန်းမာရေးဖောင်ဒေရှင်းအနေနှင့် ဆေးးလိပ်ဆေးရွက်ကြီးဥပဒေကို မလိုက်နာဘဲ ဖောက်ဖျက်မိပါက ရဲအရေးပိုင်တဲ့အမူ့ထဲမှာပါ လို့ ရဲတွေနဲ့လည်းပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲများအား ဆက်လက်ဆွေးနွေးသွားဖို့ရှိကြောင်းသတင်းရ ရှိသည်

သတင်း=ရွှေရည်ဝင်း
ဓာတ်ပုံ=ရွှေရည်ဝင်း

No comments:

Post a Comment