Latest News

Sunday, June 3, 2018

မြိုင်မြို့နယ် ၌ မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများ ကျခြင်းနှင့် ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ကြည့်ကန်နှင့်လင်းကတောကျေးရွာကြား လမ်းပေါ်သို့ ရေကျော်၍ ရေပြွန် ပျက်စီးပြီး သွားလာရေး အခက်အခဲတွေ့

မြိုင်မြို့နယ် ၌ မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများ ကျခြင်းနှင့် ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ကြည့်ကန်နှင့်လင်းကတောကျေးရွာကြား လမ်းပေါ်သို့ ရေကျော်၍ ရေပြွန် ပျက်စီးပြီး သွားလာရေး အခက်အခဲတွေ့



မြိုင်   ဇွန်    ၃

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် ဇွန် ၂ ရက်နေ့ည ၉နာရီခန်က စ၍ တစ်ညလုံး မိုးများသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မိုးရေချိန် လက်မ(၂.၆၁) လက်မရှိပြီး ပခုက္ကူ- မုံရွာသွားကားလမ်းပိုင်းရှိ မြိုင်မြို့နယ် လင်းကတော
ကျေးရွာအနီး ရေကျော်၌ ချောင်းရေများကျ၍ ပြည်သူများနှင့် ယာဉ်များ သွားလာရေး အခက်အခဲ တွေ့ကြကြောင်းသိရသည်။

အဆိုပါ သွားလာရေး ခက်ခဲနေစဉ် ဇွန် ၃ ရက်နေ့ နံနက် ၉နာရီ မိနစ် ၃၀ မှ နေ့လည် ၁ နာရီ မိနစ် ၃၀ ထိ မြိုင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ၁၀ဦး၊ လင်းကတောနယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ၄ ဦး၊
အရန်တပ်ဖွဲ့ဝင် ၆ ဦး နှင့် လင်းကတော နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူတို့သည် ခရီးသွားပြည်သူများအားသွားလာရေး ခက်ခဲမှုကို ကြိုးတန်း၍ လက်တွဲခေါ်ဆောင်ပို့ပေးခြင်း၊ လက်ဆင့်ကမ်း၍ ပစ္စည်းများ
သယ်ယူပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အလားတူ မြိုင်မြို့နယ် အတွင်းရှိ ပုသိမ်-မုံရွာသွား ကားလမ်းပိုင်း ကြည့်ကန်ကျေးရွာနှင့် လင်းကတောကျေးရွာကြား မိုင်တိုင်အမှတ်-၄၁၂/၄ နှင့် ၄၁၂/၅ ကြားရှိ လမ်းပေါ်သို့ ရေကျော်မှုဖြစ်၍ ရေပြွန်အမှတ် -၄၁၇/၁
မှ ရေတိုက်စားမှုကြောင့် လမ်းကျိုးပေါက် ပျက်စီးသွားရာ - ပေ (၂၀)ခန့် ပျက်စီးခဲ့ပြီး ၊ ယာဉ်ကြီးယာဉ်ငယ်များ ၊ ဆိုင်ကယ်များနှင့်ခရီးသွားပြည်သူများ သွားလာရေး အခက်အခဲ ကြုံတွေ့ခဲ့ကြောင်း သိရသည်။

ယင်းလမ်းပြတ်တောက်မှုနှင့်ပတ်သက်၍ ယာဉ်များနှင့်ပြည်သူများ သွားလာနိုင်ရေးအတွက် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး၊ ခရိုင်/ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး တင်မြင့်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်
များ၊ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာနှင့် မြတ်နိုးသူ ကုမ္ပဏီမှ တာဝန်ရှိသူများညှိနှိုင်းပေါင်းစပ်၍ ရေကျချိန် မြန်ဆန်ရေးအတွက် ဆောင်ရွက်ခြင်း၊ ရေကျပြီးပါက လမ်းအမြန် ပြုပြင်ရန် စီမံဆောင်ရွက်ခြင်း၊ လမ်းပျက်စီးချိန်တွင် မြိုင် - မုံရွာသွား ယာဉ်များကို မြိုင်-ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ကြည့်ကန်ကျေးရွာမှ ထွန်းမြတ်ရတနာလမ်းအတိုင်း လက်ယက်မ-ထုံးမ-ဖျသီးကျေးရွာ လမ်းမသို့ မောင်းနှင်ရန်နှင့်  ယာဉ်ကြီးများအတွက်လင်းကတော-ရေစကြို-ပခုက္ကူလမ်းမှတဆင့် ပုသိမ်-မုံရွာလမ်းသို့ မောင်းနှင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် နေ့လည် ၂နာရီ မိနစ် ၃၀ မှစ၍ ၃နာရီ မိနစ် ၃၀ အထိ ယင်းလမ်းပျက်စီးမှုကို မြတ်နိုးသူကုမ္ပဏီမှ ကျောက်တင်ယာဉ်ကြီး ၄စီး၊ ဘက်ဘိုးယာဉ်တစ်စီးဖြင့် ကျောက်ကြီး၊ ကျောက်သေးများကို ကျိုးပဲ့ပျက်စီး သည့်နေရာသို့ အမြန်ဆုံး ကျောက်များချပြီး ခင်းပေးကြရာ ယခုအခါ ယာဉ်ငယ်များ၊ ဆိုင်ကယ်များနှင့်ပြည်သူများ သွားလာနိုင်ပြီ
ဖြစ်ကြောင်းသိရသည်။

အောင်ကျော်မြင့်
ပြန်​/ဆက်

No comments:

Post a Comment