Latest News

Monday, June 18, 2018

ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာအတွက် ဂျပန်နည်းပညာသုံး ထိန်းချုပ်ရေး ဗဟိုစင်တာ ဖွင့်

ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာအတွက်  ဂျပန်နည်းပညာသုံး ထိန်းချုပ်ရေး ဗဟိုစင်တာ ဖွင့်


ရန်ကုန် ဇွန် ၁၇

ရထားစီးခရီးသွားပြည်သူများ အဆင်စေရန်အတွက် မြန်မာ့ မီးရထားမှဆောင်ရွက်လျက်ရှိရာ ရန်ကုန်ဘူတာကြီးတွင် အခြေပြုသော ဂျပန်နည်းပညာသုံးရထားပြေးဆွဲမှု ဗဟို ထိန်းချုပ်သည့်စနစ်နှင့်  ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပစ္စည်းကိရိယာများတပ်ဆင်အသုံးပြုခြင်း စီမံကိန်းများ၏ တစ်ခုဖြစ်သော ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာ ၌ ဂျပန်နည်းပညာသုံး(Electronic Interlocking System) အသစ်    တပ်ဆင်အသုံးပြုခြင်းကို  ရန်ကုန်ဘူတာကြီး စင်္ကြံ(၁)၌ ဇွန် ၁၆ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ် ခဲ့သည်။

''အရင်တုန်းကတော့ ရန်ကုန်ဘူတာကြီးရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ရုံပိုင်သုံးဦးထားရပြီး တောင်/မြောက် ရုံပိုင်နဲ့ ရန်ကုန်ဘူတာကြီးတာဝါနဲ့ ချိတ်ဆက်ရတယ်ပေါ့၊ အဲဒီမှာ ရထားထွက်ပြီး ဝင်ပြီး ဘယ်နှမိနစ်မှာ ဘယ်ရောက်ပြီလို့ ပြောရတဲ့စနစ်က အလွန်အရေးကြီးပါတယ်၊ အဲဒီသတင်းမှားပေး ခဲ့မိရင် စိုးရိမ်စရာဖြစ်ရပါတယ်၊ အခုကတော့ အဲလိုမရှိ တော့ဘဲ အားလုံးဟာ Electronic Interlocking System  ဖြစ်သွားတဲ့အတွက် အခု ဒီနေ့မှဖွင့်လှစ်ပြီး စတင်အသုံးပြုတဲ့  စနစ်က အများကြီးကိုအားသာသွားပါတယ်။ ယခင်ကစိတ်ပူ ရတယ်ဗျ၊ လုံးဝမှားလို့မရတဲ့အရာတွေလဲရှိနေတာပေါ့၊ အခု လုပ်ဆောင်တာဟာ ရန်ကုန်-ပုဇွန်တောင် မြို့ပတ်ရထားလမ်း ပိုင်းပဲရှိပါသေးတယ်၊ ဆက်လက်ပြီး ရန်ကုန်-မန္တလေး ရထား လမ်းမကြီးကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပြီး မြို့ပတ်ရထား လမ်းပိုင်းကိုလည်းလုပ်ဆောင်သွားမှာပါ''ဟု ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က ပြောသည်။

အဆိုပါဖွင့်ပွဲတွင်   ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး၊ ဂျပန်နိုင်ငံ JICA မှ ဌာနေကိုယ်စားလှယ် နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့်ဧည့်သည်များတက်ရောက်ကြပြီး     Electronic Interlocking  System  အသစ်တပ်ဆင်ခြင်းအား တရားဝင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ Control ခန်း၊ Signal Equipment  ခန်းနှင့် Training ခန်းတို့အားလှည့်လည်ကြည့်ရှု ကြသည်။

Electronic Interlocking System အသစ်တပ်ဆင် ခြင်းသည် ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာ ထိန်း ချုပ်ရေး ဗဟိုစနစ် ဂျပန် - မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် အဖြစ် ဂျပန်နိုင်ငံ အကူအညီဖြင့်JICA မှစီမံကိန်းများအတွက် ချေးယူ ငွေ အမေရိကန်ဒေါ်လာ သန်း ၄ဝ အကုန်အကျ ခံကာဆောင်ရွက်သည့်   စီမံကိန်းတစ်ခု    ဖြစ်ကြောင်းသိရ သည်။

ရထားပြေးဆွဲမှု ဗဟိုထိန်းချုပ်သည့်စနစ်နှင့်  ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပစ္စည်းကိရိယာများတပ်ဆင်အသုံးပြု ခြင်း    စီမံကိန်းများ    အပိုင်းသုံးပိုင်းတွင်   Electronic Interlocking System သည်တစ်ခုအပါဝင်ဖြစ်သည်။ ထို စီမံကိန်းရှိ ရန်ကုန်ဘူတာကြီးယာဒ်ဝန်းတွင်    Point Mission    ၈၁ ခုတပ်ဆင်ထားပြီး ပုဇွန်တောင်ဘူတာအထိ Point Mission များ တပ်ဆင်ထားကာ စုစုပေါင်း အခု ၁ဝဝကျော်ရှိ ကြောင်း သိရသည်။ ထိုစီမံကိန်းကိုJICA၊ Mitsubishi နှင့် HITACHI နှင့်မိတ်ဖက် ကုမ္ပဏီတို့မှ မြန်မာ့မီးရထားနှင့် ပူးပေါင်း ကာ  ၂ဝ၁၅ ခုနှစ်တွင်လေ့လာမှု လုပ်ငန်းများစတင် ပြုလုပ်ခဲ့ပြီး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၂ဝ၁၈ ခုနှစ် မေ ၂၇ ရက်တွင် အသုံးပြုရန်လွှဲအပ်ခဲ့ကြောင်း နှင့်ယနေ့တွင် စတင်အသုံးပြုခြင်း အခမ်းအနားကိုကျင်းပ ခြင်းဖြစ်ကြောင်းသိရသည်။

ရန်ကုန်ဘူတာကြီးသည် ၁၉၅၄ ခုနှစ်မှစတင်ကာ အင်္ဂလန် နိုင်ငံ  WIESTINGHOUSE ကုမ္ပဏီထုတ် လမ်းလွှဲနှင့် အချက်ပြ မောင်းတံများဆွဲ၍ လုပ်ရသော လျှပ်စစ်ချိတ်ဆက် ထိန်းချုပ်ခုံအား ဖွင့်လှစ်အသုံးပြုခဲ့ရာ ၆၄ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။  ယခုအခါတွင်   ဂျပန်နိုင်ငံ၏ထောက်ပံ့မှုဖြင့် Computer Control Electronic Interlocking System ကို အသုံးပြု၍ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင်ဘူတာယာဒ် ဝန်းအပါအဝင်ပူးတွဲကာ လမ်းလွှဲပေါင်း ၈၁ ခုကို တိုက်ရိုက် ထိန်းချုပ်ဆောင်ရွက်နိုင်ပြီး စုစုပေါင်း လမ်းလွှဲအခု ၁ဝဝကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

ယခင်က မက္ကယ်နီကယ်Interlock System  ကိုစတင် အသုံးပြု ခဲ့ကြောင်း၊ ယင်းစနစ်တွင် လူအားဖြင့် မက္ကယ် နီကယ်မောင်းတံများကို ဆွဲရကြောင်းနှင့် အချက်ပြစနစ်သည် လျှပ်စစ်မီးဖြင့် အချက်ပြခြင်းဖြစ်ကြောင်း၊ ယခုအချိန်ထိ  နှစ် ပေါင်း ၆၄ နှစ်ရှိနေပြီဖြစ်ကြောင်းနှင့် ရထားယာဒ်ဝန်းများ ရေနစ်မြုပ်နေမှုနှင့် အချက်ပြမီးနီနေမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့်   နှစ်ပိုင်းအတွင်းက   အဆိုပါ   အချက်ပြစနစ် မောင်းတံစနစ်ကြောင့် မတော်တဆ ထိခိုက်မှု မှုခင်းဖြစ်စဉ် ခြောက်မှုခန့်ရှိခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ရန်ကုန်မြို့ပတ်လမ်းပိုင်းအနေဖြင့် မြို့ပတ် နှင့် ဆင်ခြေဖုံးရထားလမ်းပိုင်း၌ RBE  ရထားတွဲဆိုင်း ၁၂ ဆိုင်း၊ ရထားတွဲဆိုင်းကြီး ၁၃ ဆိုင်းဖြင့် စုစုပေါင်းရထားတွဲ ဆိုင်း၂၅ ဆိုင်း ကိုအသုံးပြု ပြေးဆွဲလျက်ရှိပြီး တစ်ရက်လျှင် ရထားပြေးဆွဲမှုအခေါက်ရေ ၂၂ဝ တွင်ရထားစီး ခရီးသည် ရှစ်သောင်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးနေကြောင်း မြန်မာ့ မီးရထား(အောက်မြန်မာပြည်)မှသိရသည်။          

ပွင့်သစ္စာ

No comments:

Post a Comment