Latest News

Monday, June 18, 2018

ဒူးဆစ်နာခြင်းနှင့် အကောင်းဆုံးဆေး

ဒူးဆစ်နာခြင်းနှင့် အကောင်းဆုံးဆေး

ကြီးမားသော ကျန်းမာရေးပြဿနာ

ဒူးဆစ်နာခြင်းကို သက်ကြီးပိုင်းအရွယ်တွင်  များစွာ     တွေ့ရလေ့ရှိသည်။  ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာအရ အသက် ၆ဝ အထက် အရွယ်ပိုင်းတွင် လူ ၁ဝဝ လျှင် ၁၅ ယောက်သည် ဒူးဆစ်နာရောဂါရှိကြောင်း တွေ့ရပြီး ငါးယောက်သည် ဆိုးရွားစွာ ခံစားနေရကြောင်း တွေ့ရ သည်။၎င်းကိန်းဂဏန်းသည် နှစ်စဉ် တိုးပွားလျက်ရှိရာ  ၂ဝ၅ဝ ပြည့်နှစ်တွင်  ကမ္ဘာ့လူဦးရေ သန်း ၁၃ဝ သည် ရောဂါခံစားရရှိနေမည်ဖြစ်ပြီး သန်း ၄ဝ တွင် ရောဂါ ပြင်းထန် ဆိုးရွားနေမည်ဖြစ်သည်။ ပုံမှန်လှုပ်ရှားသွား လာမှု မပြနိုင်ခြင်း၊ ဆေးဝါးကုသစရိတ်   ကုန်ဆုံးခြင်း၊ အလုပ်ခွင်မကြာခဏ ပျက်ကွက်ခြင်းတို့ကြောင့် ဆိုးရွား သော ကျန်းမာရေးချို့တဲ့မှု တစ်ခုဖြစ်ပြီး နိုင်ငံအတွက် လည်း ကြီးမားသော ကျန်းမာရေးပြဿနာတစ်ခု ဖြစ် ပေသည်။

ဒူးဆစ်၏ လေးလံသောတာဝန်

ဒူးဆစ်သည်   ပေါင်ရိုးနှင့်  ခြေသလုံးရိုးတို့ကို အရွတ်လေးခုဖြင့်   ဆက်သွယ်ထားသော  တေ့ဆက် အရိုးဆစ်တစ်ခု ဖြစ်သည်။  ခန္ဓာကိုယ်အလေးချိန်နှင့် လှုပ်ရှားမှုဒဏ်ကိုခံနိုင်သော သန်မာသောအဆစ်တစ်ခု လည်းဖြစ်သည်။ အရိုးနှစ်ခုထိဆက်ရာ မျက်နှာပြင်ကို အရိုးနုအလွှာ  ဖုံးအုပ်ထားခြင်းဖြင့် အရိုးမျက်နှာပြင် နှစ်ခု ပွတ်တိုက်ခြင်းကြောင့်  ဖြစ်ပေါ်လာသော ပွန်းတီးမှု ကို ကာကွယ်ပေးထားသည်။

အဆစ်တစ်ခုလုံးကို     အဆစ်ဖုံးအမှေးပါးဖြင့်  ဖုံးထားပြီး   ထပ်မံ၍အပေါ်မှ  အဆစ်ဖုံးအရွတ်ဖြင့်  ကာကွယ်ထားပြန်သည်။   ချောမွေ့စွာလှုပ်ရှားနိုင်ရန်   အဆစ်ဖုံးအမှေးပါး၏ ကလာပ်စည်းဆဲလ်များသည် ပျစ်ချွဲ သော  ချောဆီသဖွယ်အရည်ကို  စစ်ထုတ်ပေးသည်။

အထက်ပါ  လူတို့၏ ဒူးဆစ်တည်ဆောက်ပုံသည် မွေးချိန်မှ  သေသည်အထိ    ခန္ဓာကိုယ်အလေးချိန်နှင့် လှုပ်ရှားမှုဒဏ်ကိုခံနိုင်ရန် သဘာဝကဖန်တီးပေးထား သော ဒူးဆစ်၏  လေးလံသောတာဝန်   တစ်ရပ်ဖြစ်    သည်။

ဇရာ၏ ထိုးနှက်ချက်

ဇရာကြောင့် ရုပ်ခန္ဓာ ဖောက်ပြန်ပျက်စီးခြင်းသည် ရောဂါဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်း  တစ်ခု ဖြစ်သည်။ နှစ်ရှည်လများ ပွတ်တိုက်ခြင်းကြောင့်  အရိုးနု မျက်နှာပြင် ကွဲအက်ပျက်စီးလာပြီး  အရိုးနုကလာပ်စည်း ဆဲလ်အသစ်များ အစားဖြည့်တင်းနိုင်မှုမရှိခြင်းသည် ဇရာ၏ ထိုးနှက်ချက်တစ်ခု  ဖြစ်လေသည်။ အဆစ်ဖုံး အမှေးပါး ကလာပ်စည်းဆဲလ်များ၏ ချောဆီအရည် စစ်ထုတ် ပေးခြင်းသည်လည်း အသက်ကြီးသည်နှင့်အမျှ လျော့နည်း လာလေသည်။ ကွဲအက်သွားသော အရိုးနုမျက်နှာပြင် အောက် အရိုးမာမှ အရိုးကျီးပေါင်းအတက်များ ပေါ်ထွက် လာပြီး ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည်။

ဒူးဆစ်နာခြင်းသည် မျိုးရိုးလိုက်ပြီး အဝလွန်ခြင်း၊ အမျိုးသမီးဖြစ်ခြင်း၊  ဒူးဆစ်ကိုအားပြုရသော အသက် မွေးဝမ်းကျောင်းဖြစ်ခြင်း၊    ဒူးဆစ်ကိုထိခိုက်ဒဏ်ရာ ရဖူးခြင်းတို့သည် အထက်ပါရောဂါဖြစ်စဉ်ကို လျင်မြန်စွာ နှင့် ပိုမိုဆိုးရွားစွာဖြစ်ပေါ်စေသည်။

ဝေဒနာဖြင့် နိုးထရသော တစ်နေ့တာ

ဒူးဆစ်နာခြင်း၏   သင်္ကေတလက္ခဏာတစ်ခုမှာ      နံနက်  အိပ်ရာမှထသောအချိန်တွင်  ဒူးဆစ်ဝန်းကျင်၌ ကိုက်ခဲနာကျင်နေပြီး   ကွေးဆန့်မရခြင်းတို့ဖြစ်သည်။  တစ်နေ့တာတွင်လည်း ကြာရှည်စွာနားနေ၊ ထိုင်နေပြီး ထလိုက်သောအခါ    ဒူးဆစ်ဝန်းကျင်တွင်  ကိုက်ခဲ နာကျင်နေပြီး  ကွေးဆန့်၍မရခြင်းတို့    ခံစားရပြန်      သည်။

ရောဂါအနုအရင့်အပေါ်မူတည်၍ ဒူးဆစ်နာခြင်းကို အဆင့်လေးဆင့် ခွဲခြားထားနိုင်သည်။

အဆင့် (၁) မှာ ရောဂါဖြစ်စ အဆင့်ဖြစ်ပြီး နာကျင် သော ခံစားမှုမရှိသေးဘဲ ဓာတ်မှန်ရိုက်ကြည့်သောအခါ မှသာ    အရိုးကျီးပေါင်းတက်စ ပြုနေသည်ကို   တွေ့ရ သည်။

အဆင့် (၂) မှာ ရောဂါနုသော အဆင့်ဖြစ်သည်။      လမ်းလျှောက်ပြီးသော  အချိန်နှင့်   ပြေးလွှားပြီးသော အချိန်တွင် နာကျင်ကိုက်ခဲခြင်းကို စတင်ခံစားရသည်။

အဆင့် (၃) မှာ ရောဂါတိုးသော  အဆင့်ဖြစ်သည်။ နံနက်အိပ်ရာထသော အချိန်နှင့် နားနေပြီးသော အချိန် တို့တွင် ကိုက်ခဲနာကျင်  တောင့်တင်းခြင်းကို  သိသာ ခံစားရသည်။ လမ်းလျှောက်သည့်အချိန်တွင်လည်း ဒူးဆစ် အရိုး မျက်နှာပြင်နှစ်ခု ပွတ်တိုက်ခြင်းကို ခံစားသိရှိနေရ သည်။

အဆင့် (၄) မှာ ရောဂါရင့်သော အဆင့်ဖြစ်သည်။ အချိန်နှင့်အမျှ ဒူးဆစ်ဝန်းကျင်တွင် ကိုက်ခဲနာကျင်နေ ပြီး ပုံမှန်သွားလာ လှုပ်ရှားမှုပြုရန်ပင် ခက်ခဲလာသည်။ ဒူးဆစ်ဝန်းကျင်ရှိြ<ွကက်သားများ အားပျော့ပြီး လှုပ်ရှား မှုကို ပိုမိုခက်ခဲလာစေသည်။

ကုရာနတ္ထိ ဆေးမရှိ

ခေတ်မီတိုးတက်ပါသည်ဆိုသော  အနောက်တိုင်း ဆေးဝါးများသည် ဇရာကို အန်တုနိုင်စွမ်းမရှိချေ။  ဒူးဆစ် နာရောဂါ ပျောက်ကင်းအောင် ကုသနိုင်သော ဆေးမရှိ သေးချေ။ အကိုက်အခဲပျောက်ဆေးများကိုသာ အားကိုး နေရပြီး ရောဂါရင့်သော အဆင့်တွင် ခွဲစိတ်ပြီး ဒူးဆစ် အတုဖြင့် အစားထိုးသော နည်းကို  အသုံးပြုရသည်။

 ရောဂါ အဆင့် (၃) နှင့် (၄) တို့တွင် အကိုက်အခဲပျောက် ဆေးများဖြင့်  မသက်သာသဖြင့်   ဒူးဆစ်အတွင်းသို့ ဆေးထိုးရခြင်း၊ ခွဲစိတ်၍ ဒူးဆစ်အတုဖြင့်  အစားထိုးရ ခြင်းတို့ဖြင့် ကုသရသည်။ အလွန်ငွေကုန်ကြေးကျများပြီး နောက်ဆက်တွဲ ဆိုးကျိုးများစွာ   ဖြစ်ပေါ်စေနိုင်သော ကုသနည်းများဖြစ်ပေသည်။

လေ့ကျင့်ခန်းသည်သာ အားကိုးရာ

နောက်ဆုံးတွေ့ရှိချက်များအရ     နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ဒူးဆစ်နာရောဂါအတွက် အကောင်းဆုံးကုသမှုဖြစ်သည့်အပြင် ရောဂါကို ပိုမိုဆိုးရွား မလာစေရန် တားဆီးထားနိုင်စွမ်းရှိကြောင်း တွေ့ရှိရသည်။

သုတေသနတွေ့ရှိချက်များအရ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် -

၁။ အရိုးနုမျက်နှာပြင်သို့ သွေးလျှောက်နှုန်း ပိုမိုအားကောင်း စေပြီး ပျက်စီးသွားသော အရိုးနုကလာပ်စည်းဆဲလ်များ အား အသစ်ကလာပ်စည်းဆဲလ်များဖြင့်   ဖြည့်ဆည်းစေ သည်။

၂။ အဆစ်ချောဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်း စေသည်။

၃။ ဒူးဆစ်ဝန်းကျင်ရှိ ကြွက်သားများကို သန်စွမ်းစေပြီး နာကျင်ခြင်း၊ ရောင်ရမ်းခြင်းကို လျော့နည်းစေသည်။

၎။ ဒူးဆစ်လှုပ်ရှားမှုကို  ပျော့ပျောင်းသွက်လက်လာစေပြီး နံနက်အိပ်ရာထ      ဒူးဆစ်တောင့်တင်းခြင်းကို လျော့နည်းစေသည်။

၅။ ခန္ဓာကိုယ်အလေးချိန်   လျော့နည်းလာပြီး ဒူးဆစ် အပေါ်သို့ကျရောက်သည့် အလေးဝန်လျော့နည်းစေ သည်။

၆။  ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၏ အခြားအကျိုးကျေးဇူး များဖြစ်သော စိတ်အားငယ်ခြင်း၊  စိုးရိမ်သောကဖြစ်ခြင်း များကို လျော့နည်းစေပြီး ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ များကို ထိန်းသိမ်းနိုင်ခြင်း  စသည့်  များစွာသော အကျိုးကျေးဇူးများကို  ရရှိနိုင်ပေသည်။

ထို့ကြောင့် ယနေ့အချိန်တွင် ဒူးဆစ်ပေါ်သို့  ကိုယ် အလေးချိန်များစွာ မကျရောက်သော နေ့စဉ်ပုံမှန် လေ့ကျင့် ခန်းများကို ကုထုံးအဖြစ် ထိရောက်စွာ  အသုံးပြုသည်ကို တွေ့ရှိရသည်။

¤င်းလေ့ကျင့်ခန်းများမှာ ရေကူးခြင်း၊ (နေရာမရွေ့ သော)စက်ဘီးနင်းခြင်း၊  တိုင်အိချိ၊   ယောဂလေ့ကျင့်ခြင်း တို့ဖြစ်ကြသည်။  သို့သော်  စာရေးသူတို့ ဗုဒ္ဓဘာသာ လူမျိုးများအဖို့ အထက်ပါလေ့ကျင့်ခန်းများထက် များစွာ သာလွန်ကောင်းမွန်သော       ကုထုံးရှိပေသည်။       ၄င်းမှာ ဘုရားပေးသောဆေး ဖြစ်သည်။

ဘုရားပေးသောဆေး-သတိအမှတ်ဖြင့် စင်္ကြံလျှောက်ခြင်း

အင်္ဂုတ္တရ ကာယံ  ပဉ္စကနိပါတ်  စင်္ကမသုတ်၌ မြတ်စွာဘုရားသည် ရဟန်းတို့အား စင်္ကြံလျှောက်ခြင်း၏ အကျိုးအာနိသင်ကို ဤသို့ မိန့်တော်မူ၏။

''ရဟန်းတို့  စင်္ကြံလျှောက်ခြင်း၌ အကျိုးအာနိသင် တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့ နည်းမူ-

ခရီးရှည် သွားနိုင်၏၊ ကြိုးစားအားထုတ်နိုင်၏၊ အနာရောဂါ ကင်း၏။   စားသောက်လျက်အပ်သော     အစာအာဟာရ သည်  ကောင်းစွာကြေညက်နိုင်၏၊   စင်္ကြံလျှောက်ခြင်းဖြင့်  ရအပ်သော တည်ကြည်မှု (သမာဓိ)သည် ကြာမြင့်စွာ တည်တံ့နိုင်၏။

ရဟန်းတို့ ဤသည်တို့ကား  စင်္ကြံလျှောက်ခြင်း၌ အကျိုးအာနိသင် ငါးမျိုးတို့တည်း'' ဟု (မိန့်တော်မူ၏)။

ထို့ပြင်   မဟာသတိပဋ္ဌာနသုတ်တွင်   ''ပုနစပရံ ဘိက္ခဝေ  ဘိက္ခု  ဂစ္ဆတော   ဝါ  ဂစ္ဆာမီတိ   ပဇာနာတိ''   ရဟန်းတို့  တစ်ဖန်မူလည်း တစ်ပါးသောရှုပုံကား သွားလျှင် လည်း    သွားသည်ဟုသိ၏''  ဟု သတိအမှတ်ဖြင့် လျှောက်လှမ်းရန် ဟောတော်မူ၏။ မဟာစည်ဆရာတော်၏ ဝိပဿနာရှုနည်းကျမ်း၌ ''သွားသောအခါ၌ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း သွားတယ်  သွားတယ်ဟု     ဖြစ်စေ၊ လှမ်းတယ် လှမ်းတယ်ဟု   ဖြစ်စေ၊  ညာလှမ်းတယ် ဘယ်လှမ်းတယ်ဟု ဖြစ်စေ၊ြ<ွကတယ်၊ လှမ်းတယ်၊ ချတယ်ဟုဖြစ်စေ မှတ်အပ်၏''ဟု  ညွှန်ကြားတော်မူ၏။ ဝိပဿနာရှုမှတ်ခြင်းကြောင့် ရောဂါများပျောက်ကင်းသွား ကြောင်း    သာဓကများကို    တော်ကူးဆရာတော်၏ တရားရိပ်သာ၌  ထင်ရှားစွာတွေ့ရသည်။  ဆရာတော်က    ''ဝိပဿနာဆိုတဲ့ ဘုရားပေးတဲ့ဆေးဟာ  ရောဂါ ၉၆ ပါး ကို အမြစ်ပါမကျန်အောင် ပျောက်ကင်းစေနိုင်တယ်'' ဟု ယောဂီများကို ဟောကြားတော်မူသည်။          

ဆရာကြီးဒေါက်တာမင်းတင်မွန်က    ''ဝိပဿနာ ဂုဏ်ထူးဆောင်'' စာအုပ်တွင် ဝိပဿနာရှုမှတ်သူတို့တွင် ရောဂါပျောက်ကင်းရသည့်အကြောင်းမှာ တရားတော်၏ တန်ခိုးသတ္တိကြောင့်ဖြစ်ပြီး    ရှုမှတ်နှလုံးသွင်းမှုဖြင့်       ဗောဇ္ဈင်တရားများဖြစ်ပေါ်လာကြပြီး    ဤတရားတို့၏ အာနုဘော်ကြောင့် ရောဂါပျောက်ကင်းခြင်းဖြစ်ကြောင်း မဟာစည်ဆရာတော်၏       မိန့်ကြားချက်ကို ဖော်ပြထား လေသည်။

ဤစာအုပ်တွင်   ဆရာကြီးက    ဗောဇ္ဈင်တရား အကြောင်း ဤသို့ထပ်မံရှင်းလင်း ဖော်ပြထားသည်ကို မှတ်သားရပြန်ပါသည်။

''ဗောဇ္ဈင်(ဝါ)ဗောဇ္ဈင်္ဂသည် ဗောဓိအင်္ဂ  ဟူသော ပုဒ်နှစ်ခုမှ   ဆင်းသက်လာပြီး အသိÓဏ်၏ အကြောင်း အင်္ဂါဟု အဓိပ္ပာယ်ရ၏။ ဗောဇ္ဈင်ခုနစ်ပါးရှိ၏။

 (၁) သတိသမ္ဗောဇ္ဈင် = အမှတ်သတိရှိခြင်း၊

 (၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = ထူးသောÓဏ်ဖြင့်သိခြင်း၊

 (၃) ဝီရိယသမ္ဗောဇ္ဈင် = လုံ့လစိုက်ထုတ်ခြင်း၊

 (၄) ပီတိသမ္ဗောဇ္ဈင် = နှစ်သက်ဝမ်းမြောက်ခြင်း၊

 (၅) ပဿဒ္ခိသမ္ဗောဇ္ဈင် = ငြိမ်းအေးခြင်း၊

 (၆) သမာဓိသမ္ဗောဇ္ဈင် = စိတ်တည်ကြည်ခြင်း၊

 (၇) ဥပေက္ခာသမ္ဗောဇ္ဈင် = လျစ်လျူရှုခြင်း။

ဤဗောဇ္ဈင် ခုနစ်ပါးသည် သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊  ပဿဓိ၊ ဧကဂ္ဂတာနှင့် တတြမဇ္ဈတ္တာ ဟူသော စေတသိက်တို့ပင်တည်း။

ဗောဇ္ဈင်တရားကို  နှလုံးသွင်းဆင်ခြင်သောအခါ ဤစေတသိက်တို့   အားကောင်းလာကြသည့်အတွက် စိတ်သည်   အထူးကြည်လင်   သန့်စင်တည်တံ့၍ ငြိမ်းအေးလာ၏။ ဤစိတ်အစဉ်ကြောင့်ဖြစ်သော ရုပ်တို့ သည်လည်း ကြည်လင်သန့်စင်ပြီး ငြိမ်းအေးခြင်း သဘော ရှိ၏။ ဤသို့သောစိတ်အစဉ်နှင့် ရုပ်အစဉ်တို့ အဆက် မပြတ် ထပ်ခါထပ်ခါ ဖြစ်ပွားကြသောအခါ ရောဂါရုပ်များ သည် တစ်စတစ်စ ပပျောက်ကုန်ပြီး ရောဂါပျောက်ကင်း ပါတော့၏'' ဟု ဆရာကြီးက ဖော်ပြ၏။

စာရေးသူ၏အတွေ့အကြုံ

ဤဆောင်းပါးသည် ဝိပဿနာ   ရှုမှတ်ခြင်းကို ရေးသားလိုခြင်း မဟုတ်ပါ။ စင်္ကြံလျှောက်ရှုမှတ်ခြင်းဖြင့် စာရေးသူ၏ ဒူးဆစ်နာရောဂါကို အကိုက်အခဲပျောက်ဆေး တစ်လုံးမျှသောက်ရန်မလိုဘဲ     ပိုမိုဆိုးရွားမလာစေရန် ထိန်းသိမ်းထားနိုင်ခြင်းကို   မျှဝေလို၍  ဖြစ်ပါသည်။  စာရေးသူသည် လွန်ခဲ့သော ခုနစ်နှစ်ခန့်မှစ၍ ဒူးဆစ်နာ ရောဂါကို စတင်ခံစားရပါသည်။ ရောဂါရပြီး တစ်နှစ် အကြာ မဟာစည်ရိပ်သာ၌ တရားစခန်းဝင်စဉ် မိနစ် ငါးဆယ်အကြာ ထိုင်မှတ်ရှုမှတ်အပြီးတွင် ရောဂါရှိသော ဘယ်ဒူးဆစ်သည်   ဆန့်၍မရတော့ဘဲ ပြင်းထန်စွာ ကိုက်ခဲနာကျင်နေပါတော့သည်။    ထိုအကြောင်းကို တရားစစ်လျှောက်ချိန်၌ ဆရာတော်အား လျှောက်ထား သောအခါ ဆရာတော်က စင်္ကြံလျှောက်ရှုမှတ်ခြင်းကို ဂရုစိုက်ပြုလုပ်ရန်ပြောကြားပြီး ရှုမှတ်နည်းကို ညွှန်ကြား တော်မူပါသည်။ ညွှန်ကြားတော်မူသည့်အတိုင်း  စင်္ကြံ လျှောက်ခြင်းကို ဝါယမစိုက်၍  အားထုတ်သောအခါ ထိုင်မှတ်ပြုလုပ်အပြီး၌ ဒူးဆစ်နာ လျော့နည်း သက်သာ လာသည်ကို ဂရုပြုမိလာပါသည်။ သတိပြု၍ ဆက်လက် အားထုတ်ကြည့်သောအခါ  စင်္ကြံလျှောက်ခြင်းကို ဂရု တစိုက်အချိန်ပြည့် သမာဓိရစွာ အားထုတ်လျှင် ထိုင်မှတ် အပြီး ဒူးဆစ်နာ လျော့နည်းသက်သာသည်ကို တွေ့ရ သည်။ ထိုအကြောင်းကို ဆရာတော်အား လျှောက်ထား သောအခါ ဆရာတော်၏ မိန့်မှာချက်သည် ယနေ့ထက် တိုင်  စာရေးသူ၏   နားထဲဝယ်    စွဲမြဲနေပါသည်။ ဆရာတော်က ''ဒကာကြီး ဝိပဿနာ အားထုတ်တာဟာ ဒူးဆစ်နာပျောက်ဖို့မဟုတ်ဘူး၊ ဒူးဆစ်နာထက် အဆများ စွာဆိုးရွားတဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းဖို့ဆိုတာ မမေ့ပါနဲ့'' ဟု မိန့်ကြားပါသည်။

ထိုအချိန်မှစ၍   စာရေးသူသည် ဆရာတော်၏ မိန့်ကြားချက်ကို မှတ်သားလျက် စင်္ကြံလျှောက်ခြင်းကို နေ့စဉ်ဝတ္တရားတစ်ရပ်အဖြစ် အားထုတ်ပါသည်။ ယနေ့ အချိန်အထိ စာရေးသူ၏  ဒူးဆစ်နာမှာ အဆင့် (၂)မှ ရှေ့သို့ဆက်၍ ဆိုးရွားမလာပါ။

ဤဆောင်းပါးသည် စင်္ကြံလျှောက် ရှုမှတ်ခြင်းဖြင့် ဒူးဆစ်နာရောဂါကို ထိန်းသိမ်းထားနိုင်သော စာရေးသူ၏ အတွေ့အကြုံကို မျှဝေလိုရင်း ဖြစ်ပါသည်။

အတွေ့အကြုံအရ အရေးကြီးသော အောက်ပါ အချက် သုံးချက်ကို နိဂုံးအဖြစ် ဖော်ပြလိုပါသည်။

၁။ စင်္ကြံလျှောက်ရှုမှတ်ခြင်းကို ဆရာတော်များထံမှာ သင်ကြားခံယူပါ။

၂။ တစ်နေ့လျှင် အနည်ဆုံး နံနက် မိနစ် ၂ဝ၊  ည မိနစ် ၂ဝ (အိပ်ရာထ အိပ်ရာဝင်) အားထုတ်ပါ။

၃။ လျှောက်လှမ်းစဉ် ခြေလှမ်းကို နှေးနိုင်သမျှ ဖြည်းနှေး စွာ လျှောက်လှမ်းပါ။

စာရှုသူများ   ဤဘုရားပေးသော ဆေးနည်းကို သုံးစွဲခြင်းဖြင့် ဒူးဆစ်နာဝေဒနာသက်သာပြီး  သံသရာ ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်ကြပါစေ။      ။

တက္ကသိုလ်ဆရာတစ်ဦး

No comments:

Post a Comment