Latest News

Monday, June 18, 2018

ပြည်သူတွေဟာ ရုပ်ရှင်နဲ့ ဝေးခဲ့ပေမယ့် ရုပ်ရှင်ကိုပြန်လည်ကြည့်ရှုလာကြပြီ

ပြည်သူတွေဟာ ရုပ်ရှင်နဲ့ ဝေးခဲ့ပေမယ့် ရုပ်ရှင်ကိုပြန်လည်ကြည့်ရှုလာကြပြီ


''နယ်တွေမှာ ၁ဝ စုနှစ်လောက် ရုပ်ရှင်ကြည့်တဲ့ အလေ့ အထ ပြတ်သွားခဲ့တယ်။ အဲဒီလိုအခြေအနေတွေကြောင့် ပါရာဒီဆိုက နယ်တွေကို ရုပ်ရှင်ရုံတွေစပြီး တည်ဆောက် တယ်။ တစ်ချိန်တုန်းက နယ်ကရုပ်ရှင်ကို အားပေးချင်တဲ့ ပရိသတ်တွေဟာ ရန်ကုန်နဲ့တန်းတူ ကြည့်ရတဲ့ ရုပ်ရှင် ဆိုတာ မရှိခဲ့ဘူး။ ဒီအချက်ကို အဓိကစဉ်းစားပြီး ဆောင် ရွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ဆောက်ခဲ့တဲ့ ရုပ်ရှင်ရုံတွေ ကို မြို့ပေါ်လူဦးရေ တစ်သိန်းလောက်ရှိတဲ့ နယ်မြို့တွေ မှာ တည်ဆောက်ခဲ့တာပါ။ အဲဒီလို ရုပ်ရှင်ရုံတွေ တည် ဆောက်ပြီး ပြသခဲ့တဲ့အခါကျတော့ မိသားစုအလိုက် ရုပ်ရှင်လာကြည့်ကြတာကို တွေ့ရတယ်။ လူငယ်တွေ လည်း အပန်းဖြေတဲ့အနေနဲ့ ကြည့်လာကြတယ်။ အခုဆို ရင် ရုပ်ရှင်ရုံတွေ ဖွင့်လှစ်ခဲ့တာ တစ်နှစ်တာကာလအတွင်း ကို ရောက်လာပြီ။ ပြည်သူတွေဟာ ရုပ်ရှင်နဲ့ဝေးခဲ့ပေမယ့် ရုပ်ရှင်ကိုပြန်လည်ကြည့်တတ်လာကြပြီ။ နောက် ရုပ်ရှင် ကို ရွေးပြီးကြည့်တဲ့ အလေ့အထပေါ်လာပြီ။ မြန်မာ ကားဟာသကားများကို အရင်တုန်းက ဦးစားပေးကြည့်ကြ တယ်။ အခုက နှစ်ကားပြိုင်ပြတဲ့ စနစ်တွေပေါ် လာတော့ ဒရာမာကားတွေလည်း ကြည့်လာကြတယ်။ နယ်တွေမှာ ဘယ်လိုကားပဲဖြစ်ဖြစ် ကားကောင်းရင် ကြည့်တယ်ဆိုတဲ့ ရလဒ်တစ်ခုကို ရနေပြီ''ဟု ပါရာဒီဆိုမှ ဦးရဲနိုင်စိုးက ပြောသည်။

Gift Card  ကို စတင် အသုံးပြုမှုနှင့်ပတ်သက်၍ ဦးကိုကိုဇေယျာဖြိုးက ''ကတ်အမည်ကွGift Card  ပါ။ Gift Card  မှာGold Class  နဲ့ Silver Class  ဆိုပြီး နှစ်မျိုးထားပါတယ်။ ရုပ်ရှင်ရုံတွေမှာရှိတဲ့ အလယ်အလတ် နှစ်တန်းပေါ့။ ၁၇ဝဝ တန်းနဲ့  ၂၂ဝဝ တန်း အဲဒီနှစ်တန်း အတွက်ကို ကတ်လေးနှစ်ကတ် လုပ်ထားတယ်။ ကတ် လုပ်တာနဲ့ ဆယ်ခုံဖိုးတစ်ခါတည်းပေးထားရမယ်။ အပို တစ်ခုံရမယ်။ စုစုပေါင်း ၁၁ ခုံပေါ့။ နယ်တွေမှာ အင်တာ နက်က အခက်အခဲရှိတော့ ဖုန်းဘိုကင်တို့ အက်ပလီ ကေးရှင်းတို့ ဝက်ဘ်ဆိုက်တို့သွားဖို့ ကျတော့ လိုသေး တယ်။ တန်းစီပြီး လက်မှတ်ဝယ်ရတဲ့နေရာမှာလည်း အခက် အခဲလေးတွေရှိတယ်။ ဒီကတ်လေးတွေထုတ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကတ်တွေဝယ်ထားတဲ့ လူတွေက တန်းစီစရာ မလိုဘူး။ တစ်နာရီကြိုဖုန်းဆက်ပြီး ထိုင်ခုံကို confirm လုပ်ရပါမယ်။ ထိုင်ခုံရှိတယ်လို့ ရုံကအကြောင်းပြန်ရင်   သူ့အနေနဲ့  viber ကနေ ဒီကတ်လေးကို Screen Short ရိုက်ပြီးတော့ ပို့လိုက်ရင် လက်မှတ်ဖြတ်ပေးထားမယ်။       လက်မှတ်စစ်ကို သူ့ကတ်လေးပြလိုက်တာနဲ့     ဖြတ်ပြီးသားလက်မှတ်ကို ပေးလိုက်မှာဖြစ်တယ်။ ခါတိုင်းဆို လက်မှတ်ဝယ်ဖို့အတွက် ရုပ်ရှင်ရုံကို နှစ်ခါလာရတယ်။ အဲဒီလိုအားသာချက်လေး တွေရှိတယ်။ အားနည်းချက် အနေနဲ့ကတော့   ကတ် ပျောက်ရင်   တာဝန်မယူပါ။ လက်လွှဲပြီးသုံးစွဲပိုင်ခွင့်ရှိ တယ်။ ကတ်လက်ထဲမှာ ရှိတဲ့သူပဲ သုံးခွင့်ရှိတယ်။ ကတ် အတု မဖြစ်အောင်တော့Register နံပါတ်နဲ့code လုပ်ထားရတယ်။ ဒီ နံပါတ်က ဘယ်လောက်စတယ်။ ဘယ် ရုံမှာသုံး လို့ရတယ်ဆို တာသိတယ်။ (ဥပမာ-မှော်ဘီမှာ ဝယ်ထားတဲ့ ကတ် က မုံရွာမှာ    ကြည့်လို့   မရပါဘူး။) အင်တာနက်တွေ ကောင်းလာရင် တော့ နောက်ပိုင်းရုံအားလုံးမှာ ကြည့် လို့ရအောင် ကတ်တွေကို လုပ်မှာပါ။  ဒီနှစ်ပတ်ကိုတော့ မှော်ဘီမှာ ဇွန် ၁၁ ရက်စပြီ။ နှစ်ပတ်ပြီးတာနဲ့ ရုံ ၁၅ ရုံကို ခွဲသွားမှာဖြစ်ပါတယ်။ အခုက တစ်ရုံနဲ့ တစ်ရုံlink လုပ်ဖို့ကအခက်အခဲတွေ ရှိနေပါတယ်။ နောက်ပိုင်း  နည်းပညာ တွေ  မြင့်လာရင်တော့E-ticket    ဖြစ် သွားမှာပေါ့။ ကတ်မှာQR Code  ထည့်ရိုက်ထားမယ်။ အဲလိုဖြစ် သွားရင် ဖုန်းကနေ ဘိုကင်လုပ်ပြီးတာနဲ့ ရုပ်ရှင် ရုံရောက်တာနဲ့ QR Code  ကိုQR Code Redar ရှေ့မှာ ပြလိုက်တာနဲ့ လက်မှတ်က အလိုအလျောက်ထွက် လာမှာပါ''ဟု ရှင်းပြသည်။                              

ပေါက်ကြီး

No comments:

Post a Comment