Latest News

Saturday, June 16, 2018

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပပေးသည့် စင်ကာပူက ဝင်ငွေအမေရိကန် ဒေါ်လာသန်း ၇ဝဝ ကျော် ရရှိ

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပပေးသည့် စင်ကာပူက ဝင်ငွေအမေရိကန် ဒေါ်လာသန်း ၇ဝဝ ကျော် ရရှိ

 စင်ကာပူ ဇွန် ၁၅

စင်ကာပူနိုင်ငံသည် အမေရိကန်နှင့် မြောက်ကိုရီးယားတို့၏ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးသည့်အတွက် ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ကျော်ရရှိသည်။

အဆိုပါ ထိပ်သီး ဆွေးနွေးပွဲအတွက် စင်ကာပူ အစိုးရက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂ဝ ခန့်သုံးစွဲခဲ့ပြီး ယင်းပမာဏအနက် ထက်ဝက်ခန့်ကို အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ လုံခြုံရေးအတွက် သုံးစွဲကာ မီဒီယာကဏ္ဍနှင့် နိုင်ငံတကာမှ သတင်းထောက် များအတွက် ဒေါ်လာ ၅ သန်းခန့် သုံးစွဲသည်။

သို့သော် ထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း ခရီးသွားလာရေး လုပ်ငန်း၊ လက်လီရောင်းချမှုနှင့် သတင်းမီဒီယာ ဖော်ပြမှုတို့မှ ဝင်ငွေအဖြစ် ဒေါ်လာသန်း ၇ဝဝ ကျော် ရရှိခြင်း ဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။ စင်ကာပူ အစိုးရသည် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပသည့် အစီအစဉ်ကို အွန်လိုင်းမှ ထုတ်လွှင့်သည့် ကဏ္ဍတစ်ခုတည်းမှ ဒေါ်လာ သန်း ၂၇ဝ ခန့် ရရှိကြောင်း Meltwater ကုမ္ပဏီက ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က မာရီနာဘေးသို့ သွားရောက် လည်ပတ်သည့် ခရီးစဉ်ကို သတင်းစာ အများအပြားက မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြသည်။ ထို့ပြင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပစဉ်အတွင်း ခရီးသွားလုပ်ငန်းမှ အနည်းဆုံးဒေါ်လာ ၇ ဒသမ ၂ သန်းရရှိဖွယ်ရှိကြောင်း ငီးအန်းသိပ္ပံနှင့်နည်းပညာ ကောလိပ်မှ ကထိက မိုက်ကယ်ချိန်းက ပြောသည်။

ထို့ပြင် ယင်းကာလအတွင်း နိုင်ငံတကာမှ သတင်းထောက် ၄ဝဝဝ ခန့်နှင့် လုံခြုံရေး ဝန်ထမ်းများသည် ၄င်းတို့၏ နေထိုင်စရိတ် အပါအဝင် တစ်ဦးလျှင် နေ့စဉ်ဒေါ်လာ ၆ဝဝ ခန့် အသုံးပြုကြောင်း သိရသည်။

MWD

No comments:

Post a Comment