Latest News

Saturday, June 16, 2018

သီပေါမြို့နယ် နမ့်အွန်ကြံခင်းကျေးရွာစားသောက်ဆိုင်၌ ဆိုင်ရှင်နှင့် ဇနီးအားသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

သီပေါမြို့နယ် နမ့်အွန်ကြံခင်းကျေးရွာစားသောက်ဆိုင်၌ ဆိုင်ရှင်နှင့် ဇနီးအားသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား

သီပေါ ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ် ကျင်သီကျေးရွာအုပ်စု နမ့်အွန်(ကြံခင်း)ကျေးရွာ မန္တလေး၊လားရှိုး၊မူဆယ်ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်၊၁၁၉/၇ နှင့် ၁၂၀/၀ ကြား ညောင်ညိုရိပ်စားသောက်ဆိုင်၌ ဇွန် ၁၅ ရက် ည ၁၀ နာရီခွဲကဆိုင်ရှင်ဦးစိုင်းဆာညွှန့် (၅၃)နှစ်၊ ဇနီး ဒေါ်နန်းရွှေကြည် (၅၂)နှစ်တို့အား မော်တော်ဆိုင်ကယ်ဖြင့်အမျိုးသားနှစ်ဦးဆိုင်ရှေ့သို့ရောက်လာပြီး သေနတ်အတိုဖြင့် (၆)ချက်ခန့်ပစ်ပြီး ဆိုင်ကယ်ဖြင့်ပြန်လည်ထွက်သွားခဲ့ကြောင်းသိရသည်။

သေနတ်ဒဏ်ရာကြောင့်ဆိုင်ရှင် ဦးစိုင်းဆာညွှန့်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး၎င်း၏ ဇနီးဒေါ်နန်းရွှေကြည်မှာ သေနတ်ထိမှန်၍ ဆိုင်နောက်သို့ထွက်ပြေးပုန်းရှောင်ရာမှ နယ်စည်းမခြား ပရဟိတ(သီပေါ)၊ဘော်ကြို လူမှုကူညီရေးအသင်းများကမော်တော်ယာဉ်ဖြင့်သီပေါ ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ်လမ်း၌ သေဆုံးသွားသည်။စားသောက်ဆိုင်အတွင်းမှ ၉ မမ ပစ္စတိုကျည်ခွံနှင့် ကျည်ဖူး(၅)ခုတို့ တွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍သေနတ်ဖြင့်ပစ်ခတ်သွားသူ နှစ်ဦးအား သီပေါ မြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်းသိရသည်။

စိုင်း(သီပေါ)

No comments:

Post a Comment