Latest News

Saturday, June 16, 2018

ငွေကြေးခဝါချမှု၊ နေအိမ်အဆောက်အအုံ အလွဲသုံးစားမှု တို့ဖြင့် နာဂျစ်ရာဇက်ကို တရားစွဲရန် စီစဉ်

ငွေကြေးခဝါချမှု၊ နေအိမ်အဆောက်အအုံ အလွဲသုံးစားမှု တို့ဖြင့် နာဂျစ်ရာဇက်ကို တရားစွဲရန် စီစဉ်

 ကွာလာလမ်ပူ ဇွန် ၁၅ မလေးရှားနိုင်ငံပိုင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သည့် (1MDB)၏ ငွေကြေး အရှုပ်တော်ပုံကို စုံစမ်းစစ်ဆေးနေသူ အာဏာပိုင်များက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို ငွေကြေးခဝါချမှု၊ နေအိမ်အဆောက်အအုံ အလွဲသုံးစားမှုတို့ဖြင့် တရားစွဲရန် စီစဉ်နေကြောင်း အတွင်းသိ တစ်ဦးက ပြောသည်။

ယခင်မလေးရှား အစိုးရသည် 1MDB ကို၂ဝဝ၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် SRC International မှ ဒေါ်လာသန်းပေါင်း များစွာသည် နာဂျစ်ရာဇက်၏ ကိုယ်ပိုင်ဘဏ်ငွေစာရင်းသို့ ဝင်လာခြင်းကြောင့် ၄င်းသည် အကျင့်ပျက် ခြစားမှု၊ ငွေကြေးခဝါချမှု တို့ဖြင့် စုံစမ်းစစ်ဆေးခံနေရခြင်း ဖြစ်သည်။ သို့သော် ၄င်းအနေဖြင့် မည်သည့် အမှားအယွင်းမျှ လုပ်ဆောင်ထားခြင်း မရှိကြောင်း နာဂျစ်ရာဇက်က ငြင်းဆိုထားသည်။

မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်မှပေးပို့သည့် 1MDB နှင့် ပတ်သက်သော စုံစမ်းစစ်ဆေးချက်များကို ရရှိပြီးနောက် နာဂျစ်ရာဇက်ကို ပြစ်မှုဆိုင်ရာ ဥပဒေ နှင့် တရားမမှုဥပဒေ တို့ဖြင့် အရေးယူနိုင်မည့် နည်းလမ်းများ ရှာဖွေနေသည်ဟု ရှေ့နေချုပ် တွမ်မီသောမတ်က ပြောသည်။ ထို့ပြင် နာဂျစ်ရာဇက်သည် လူနေအိမ် အဆောက်အအုံကို မတရားသော နည်းဖြင့် အလွဲသုံးစား လုပ်မှုဖြင့် နိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲ ခံရမည် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

နာဂျစ်ရာဇက်သည် ပြစ်မှုထင်ရှားပါက ငွေဒဏ်နှင့် ကြိမ်ဒဏ်အပြင် ထောင်ဒဏ်ငါးနှစ် အထိကျ ခံရဖွယ်ရှိသည်။ သို့သော် အသက် ၅ဝ ကျော် အမျိုးသားများအား ကြိမ်ဒဏ်ပေးခြင်းကို ဥပဒေက တားမြစ်ထားပြီး ငွေဒဏ်ကိုမူ တရားရုံးက ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment