Latest News

Saturday, June 16, 2018

မင်းတုန်းမြို့နယ်၌ တောင်ကျချောင်းရေကြောင့် လူနေအိမ် တစ်ထောင်ကျော် ရေနစ်မြုပ်

မင်းတုန်းမြို့နယ်၌ တောင်ကျချောင်းရေကြောင့် လူနေအိမ်
တစ်ထောင်ကျော် ရေနစ်မြုပ်

မင်းတုန်း ဇွန် ၁၅

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများကျဆင်း မှုကြောင့် လူနေအိမ်တစ်ထောင်ကျော် ရေနစ်မြုပ်ကြောင်း သိရသည်။  အဆိုပါ တောင်ကျချောင်းရေမှာ မင်းတုန်း မြို့နယ်အတွင်းရှိ မင်းတုန်းချောင်းနှင့် လွှာ ချောင်းတို့မှ ကျဆင်းလာသည့် တောင်ကျရေများဖြစ်ပြီး ကျေးရွာများတွင်ဇွန် ၁၁ ရက်မှ ၁၄ ရက်အထိ ချောင်းရေများ ဝင်ရောက်လျက်ရှိသည်။

ထိုသို့ချောင်းရေများ ဝင်ရောက်မှုကြောင့် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၈ ရွာ၊ နေအိမ် ၁ဝ၃၂ အိမ် ရေနစ်မြုပ် ပြီး ပြောင်းရွှေ့ခဲ့ရသည့်အိမ်ထောင်စု ၁ဝ၂ အိမ်ရှိကာ မျောပါပျက်စီးသည့် လူနေအိမ် ရှစ်အိမ်ရှိသည်။ ''တော်တော်များများက ရေဘေးကြောင့် အဓိကအခက်အခဲဖြစ်တယ်။ ကျွဲ၊ နွား တိရစ္ဆာန်တွေလည်း ဒုက္ခရောက်ရတယ်။ တာဝန်ရှိသူတွေကတော့ သွားရောက်ကူညီ တယ်လို့လည်း ကြားပါတယ်။ ဒါပေမဲ့ စက် လှေမလုံလောက်ဘူး။ ကျွန်တော်တို့အဖွဲ့က လည်း သွားတော့ကူညီတယ်။ ငွေကြေး အင်အားမလုံလောက်တော့ သိပ်တော့မလှူ နိုင်ဘူး။ ပစ္စည်းအင်အား လူအင်အားကလည်း အခုသွားမယ်ဆိုရင်တောင် စက်လှေက လိုနေ ပြန်ရော။ တစ်ခေါက်သွားရင် အသွားအပြန် ငါးနာရီလောက်ကြာနေတော့ ရေရှည်မှာ သိပ်တော့မလွယ်လှဘူး''ဟု မင်းတုန်းမြို့ တွဲလက်လူငယ်များအဖွဲ့ အတွင်းရေးမှူး ကိုမင်းထက်ကောင်းက ပြောသည်။

အဆိုပါ တောင်ကျချောင်းရေဝင်မှု ကြောင့် စပါးကျီများ ရေနောက်မျောပါခြင်း၊ တိရစ္ဆာ န်များသေဆုံးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ''တောင်ကျချောင်းရေကျတာ အရင်နှစ် တွေကလိုဆို လွတ်တယ်။ အခုက နှစ်နာရီ လောက်အတွင်းမှာ ရေက ၁ဝ ပေလောက် တက်လာတယ်။ ရေက တဖြည်းဖြည်းတက်လာတော့ လူတွေတောင် လှေတွေနဲ့ ကယ်ထုတ်ရ တယ်။ ပစ္စည်းတွေတောင် မသယ်နိုင်ဘူး။ လူပဲအလွတ်ရုန်းရတယ်''ဟု မင်းတုန်းမြို့နယ် တောင်မြင့်ကျေးရွာ ရာအိမ်မှူး ဦးဌေးအောင်က ပြောသည်။

ယခုအခါ ရေလွတ်ရာဘုန်းတော်ကြီး ကျောင်းများသို့ ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့နေထိုင်ကြပြီး အစားအသောက် နှင့် သောက်ရေများ လိုအပ်နေကြောင်း သိရ သည်။

MWD

No comments:

Post a Comment