Latest News

Friday, June 1, 2018

ကျူးကျော်များရှင်းလင်းရေးနှင့် စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးကို တစ်ချိန် တည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေ

ကျူးကျော်များရှင်းလင်းရေးနှင့် စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးကို တစ်ချိန် တည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေ

ရန်ကုန် မေ ၃၁

ကျူးကျော်များရှင်းလင်းရေးနှင့် စက်မှုဇုန်များအဆင့်မြှင့်တင်ရေးကို တစ်ချိန် တည်းတစ်ပြိုင်တည်းအရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်၏ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြား ရာတွင် တိုင်းဒေသကြီး ဝန်ကြီးက ထိုသို့ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ် သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင် က ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ အဆင့်မြှင့် တင်ရေးကြီးကြပ်မှုကော်မတီအနေဖြင့် လှိုင်သာယာစက်မှုဇုန်များ အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိစက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်အောင် မည်ကဲ့သို့သော လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်နေခြင်း ရှိ၊ မရှိ နှင့် စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးကြီးကြပ်မှုကော်မတီ အနေဖြင့် မည်သည့်ကဏ္ဍများကို အဆင့်မြှင့်တင်ဆောင်ရွက် နေသည်ကိုသိရှိလိုပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင့်မြှင့်တင်ရန် စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးကြီးကြပ် မှုကော်မတီကို ၂ဝ၁၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကနဦး ဆန်းစစ်မှုများအနေဖြင့် လှိုင်သာယာစက်မှုဇုန်၊ တောင်ဒဂုံ စက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်များအား လေ့လာခဲ့ပါကြောင်း၊ လှိုင်သာယာစက်မှုဇုန်တွင် လည်ပတ်နေသော စက်ရုံ အရေအတွက်နှင့် အလုပ်သမားဦးရေမှာ အခြားဇုန်များနှင့် နှိုင်းယှဉ်လျှင်များပြားပြီး လမ်းများအခြေအနေဆိုးဆိုးရွားရွား ပျက်စီးနေခြင်းမရှိသော်လည်း ကျူးကျော်မှုများပြားခြင်းသည် အဓိကပြဿနာဖြစ်နေပြီး ထိုကျူးကျော်တဲများ များပြားခြင်း ကြောင့် အမှိုက်နှင့်ရေမြောင်းပိတ်ဆို့ခြင်းကို ဆောင်ရွက်ရန် အခက်အခဲရှိပါကြောင်း၊ လှိုင်သာယာစက်မှုဇုန်တွင် ရင်းနှီး မြှုပ်နှံသူများ အတွက် လိုအပ်သည့်လုံခြုံရေးအနေအထား မြှင့်တင်ရန် စက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီအနေဖြင့် လုံခြုံ ရေးဂိတ်တံခါးများတည်ဆောက်ပြီး ဝန်ထမ်းများ ခန့်ထားခြင်း နှင့် စီစီတီဗွီတပ်ဆင်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ တောင်ဒဂုံစက်မှုဇုန်သည် လှိုင်သာယာစက်မှု ဇုန်နှင့်နှိုင်းယှဉ် လျှင် ကျူးကျော်၌ ပြောပလောက်အောင် မရှိသော်လည်း အခြေခံအဆောက်အအုံပိုင်းတွင် အဆင့်မြှင့်တင်ရန် ပြုပြင်မှု များစွာလိုအပ်နေပါကြောင်း၊ ရေနုတ်မြောင်းနှင့်လမ်းများ ပိတ်ဆို့ခြင်းအပြင် မီးဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ ဆောင်ရွက်ရန် ရှိနေ ပါသေးကြောင်း၊ ရွှေပြည်သာစက်မှုဇုန် စီမံ ခန့်ခွဲရေးကော်မတီသည် စက်မှုဇုန် (၂၊ ၃၊ ၄) တို့ တွင် ကွန်ကရစ် လမ်းသစ်များဆောင်ရွက်ခြင်း၊ ကွန်ကရစ်ခင်းပြီးသောလမ်း များတွင် လုံခြုံရေးအတွက် လျှပ်စစ်မီး သွယ်တန်းခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ရွှေပြည်သာစက်မှုဇုန်အပိုင်း (၂၊၃၊၄)တို့ရှိဝန်ထမ်းအိမ်ရာများတွင် လူမှုဖူလုံရေးဆေးခန်း ဖွင့်လှစ် ပြီး လူမှုဖူလုံရေးအာမခံလုပ်သားများအတွက် ကျန်းမာရေး စောင့်ရှောက် မှုဆောင်ရွက်ခြင်း၊ လုံခြုံရေးအရလိုအပ်ချက်များ၊ မီးသတ်ရေလှောင်ကန် ထားရှိနိုင်မှု အခြေအနေစသည့် လိုအပ်ချက်များရှိနေပါကြောင်း၊ စက်မှုဇုန်များ အဆင့်မြှင့်တင်ရာတွင် အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုလုပ်ငန်းသည် အဓိကကျလျက်ရှိရာ လက်ရှိကောက်ခံနေသော စီမံခန့်ခွဲမှု စရိတ်ဖြင့် ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးဆောင်ရွက်ရန် မလွယ် ကူသဖြင့် ဇုန်အသီးသီး၏ ငွေကြေးကောက်ခံမှုနှုန်းထားနှင့် ဆောင်ရွက် ချက်များကို စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့်အတူ ပြန်လည်သုံးသပ် လျက်ရှိပါကြောင်း၊ စက်မှုဇုန်အတွင်း လုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန်အတွက် တစ်နေရာ တည်းတွင် အလုံးစုံဝန်ဆောင် မှုပေးနိုင်သည့် One Stop Service များ ထားရှိဆောင်ရွက်ရန် ဆွေးနွေးဆောင်ရွက်ရာတွင် ဇုန်အလိုက် လည်ပတ်လုပ်ကိုင်နေသည့် လုပ်ငန်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်သည့်ဌာနများကိုထားရှိရန် ဆွေးနွေးလျက်ရှိပါကြောင်း၊ တောင်ဒဂုံစက်မှုဇုန်နှင့် ဆွေးနွေး ရာတွင် အဓိကဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်သည့်ဌာနများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စက်မှု ကြီးကြပ်ရေးဌာန၊ အလုပ်သမားရေးရာဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ဖြစ်ပါ ကြောင်း၊ တောင်ဒဂုံစက်မှုဇုန်တွင် အဆိုပါဌာန ခြောက်ခုပါဝင်သည့် One Stop Service ဖွင့်လှစ်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ အခြားစက်မှုဇုန်များတွင်လည်း အလျဉ်းသင့်သလို ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လိုက်လံ စစ်ဆေးဆောင်ရွက်လျက်ရှိရာ လိုက်နာမှုမရှိသည့် စက်ရုံအလုပ်ရုံများအား ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း နှင့် ပညာပေးခြင်းများကို တောင်ဒဂုံစက်မှုဇုန်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ စက်မှုဇုန်များတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် အသစ်ဝင်ရောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအတွက် လိုက်နာဆောင်ရွက်ရန် ပြည်ထောင်စုမှ ပြဋ္ဌာန်းထားသောစက်မှုဇုန်များလိုက်နာရမည့် တည်ဆဲဥပဒေ များကိုစုစည်း၍ စက်မှုဇုန်လက်စွဲအဖြစ် စုစည်းထားပြီးဖြစ် ကြောင်း၊ စက်မှုဇုန်လက်စွဲအသုံးပြုခြင်းနှင့် ပတ်သက်ပြီး Stakeholder Workshop များကိုလည်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ တောင်ဒဂုံစက်မှုဇုန် (၁၊ ၂၊ ၃) အတွက် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီကို ပြန်လည် ဖွဲ့စည်းရန်အတွက် စက်မှု ဇုန်ဘက်မှ အဆိုပြုသူ၊ အစိုးရဌာနဆိုင်ရာများမှ သတ်မှတ် မည့်သူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ပေးအပ် မည့်သူများအား ထည့်သွင်းဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဇုန်အတွင်းအသုံးမပြုရသေးသည့် စက်မှုမြေများ ကိုလည်း စာရင်းပြုစု ထားပြီး အဆိုပါမြေများကို ရေရှည်ဖွံ့ဖြိုးမှု အတွက် ဆွေးနွေးဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ သို့ဖြစ် ရာစက်မှုဇုန်များအဆင့်မြှင့်တင်ရေးတွင် ဝန်ဆောင်မှုလုပ်ငန်း ပိုင်း၊ အခြေခံအဆောက်အအုံအပိုင်းနှင့် အသုံးမပြုရသေး သည့် မြေများအားဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ရန် တွန်းအား ပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးက ဆက်လက်ဖြေကြားရာတွင် ကျူးကျော်များ ရှင်းလင်းရေးနှင့် စက်မှုဇုန်များ အဆင့်မြှင့်တင် ရေးတို့သည် အရေးကြီးပြီး တစ်ပြိုင်နက်တည်းဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် အချိန်အတိအကျမပြောနိုင် သော်လည်း တစ်ချိန်တည်းတစ်ပြိုင်တည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပါကြောင်း ဖြေကြားခဲ့သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)
ပြန်​/ဆက်

No comments:

Post a Comment