Latest News

Monday, June 25, 2018

လယ်ယာမြေလုပ်ကိုင်ခွင့် မရရှိသေးသော်ကြောင့် ဖျာပုံဘိုကလေးရှိတောင်သူလယ်သမားများ အခက်အခဲဖြစ်နေ


ပုသိမ် ဇွန်လ ၂၄ရက်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဖျာပုံ မြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့တွင်နေထိုင်သော တောင်သူလယ်သမားများ သည် လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ (၇) လျှောက်ထားရာ   တစ်ခြားလယ်သမားများနည်းတူ မရ ရှိသေးသော်ကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း သတင်းရ ရှိသည်

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်၆ရပ်ကွက် အောင်ချမ်းသာစာကြည့်တိုက်တွင် ဇွန်လ၂၄ရက်  နေ့လည်တစ်နာရီအချိန်က ဖျာပုံ ဘိုကလေး ရှိကျေးရွာနေ တောင်သူလယ်သမားများ၏သတင်းစာရှင်း လင်းပွဲအရ သိရတာပါ

ဖျာပုံခရိုင်အမာမြို့နယ် တယ်ပင်ဆိပ်ကျေးရွာအုပ်စု နောက်ပြန်ဒိုးကျေးရွာတွင် ၂၀၁၀ခုနှစ် က နိုင်ငံတော်က ပလပ်မြေအဖြစ် မြေနေရာအတည်အလင်းချမှတ်ပေးခဲ့ရာ ကျေးရွာနေ တောင်သူ လယ်သမား နှစ်သောင်းဝန်းကျင်တို့သည် လယ်ယာမြေ လုပ်ကိုင်ခွင့် ပုံစံ(၇)လျှောက်ထားရာ တစ်သောင်းဝန်းကျင်မှာ ရ ရှိခဲ့ပြီး ကျန်တောင်သူများမှာ မရ ရှိခဲ့ကြောင်း ဖျာပုံခရိုင်အမာမြို့နယ် တယ်ပင်ဆိပ်ကျေးရွာအုပ်စု နောက်ပြန်ဒိုးကျေးရွာနေဦးခင်မောင်ကျော် ထံမှသိရသည်

ကျန်ရှိနေသည့်တောင်သူ လယ်သမားများထဲတွင်  နောက်ပြန်ဒိုးကျေးရွာ နေ လယ်မြေ ဧက (၁၁၅၃)စိုက်ပျိုးနေသည့် လယ်သမားဦးရေ (၇၉)ဦးမှာ ပုံစံ(၇)မရရှိသေးကြောင်း မိုးရာသီအမှီပုံစံ(၇)ရရှိလိုကြောင်း မရရှိသေးသော်ကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း နောက်ပြန်ဒိုးကျေးရွာနေဦးခင်မောင်ကျော်ကပြောသည်

ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စုနှင့် ကြိမ်ချောင်းကြီးကျေးရွာအုပ်စုတွင်းတွင် သစ်တောစွန့်လွှတ်မြေ အဖြစ် ဧက၂၃၂၀၀ကို နိုင်ငံတော်မှစွန့်လွှတ်ပေးခဲ့သော်ကြောင့် တောင်သူများမှပုံစံ(၇)လျှောက်ထားရာ ဧက ၉၀၀၀ကျော် ရ ရှိခဲ့ပြီး ဧက တစ်သောင်းကျော် ကျန်ရှိနေ ခဲ့ပါသည်

အဆိုပါ ကျန်ရှိနေသော်လယ်သမားများမှ လယ်ယာမြေ လုပ်ကိုင်ခွင့် ပုံစံ(၇) ရရှိလိုကြောင်း တစ်ခြားလယ်သမားများနည်းတူ အကျိုးတူခံစားစေလိုကြောင်း ပုံစံ(၇)ရ ရှိခဲ့သော်လည်း လယ်မြေစိုက်ပျိုးရေးအတွက်ချေးငွေ မရ ရှိသေးသော်လယ်သမားများရှိနေကြောင်း အဆိုပါမြေနေရာများကို သစ်တောမြေအဖြစ် ဆက်လက် သတ်မှတ်ထားကြောင်း ဖျာပုံခရိုင် ဘိုကလေး မြို့နယ်  ဆတ်ကျွန်းကျေးရွာအုပ်စု ပြည်မဲကျေးရွာနေ တောင်သူဦးမြင့်သန်း ကပြောသည်

၂၀၁၅ခုနှစ်ထဲက ၎င်းလယ်ယာမြေ လုပ်ကိုင်ခွင့် ကို ဖျာပုံခရိုင်အမာမြို့နယ် တယ်ပင်ဆိပ်ကျေးရွာအုပ်စု နောက်ပြန်ဒိုးကျေးရွာနေတောင်သူ လယ်သမား များနှင့် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စုနှင့် ကြိမ်ချောင်းကြီးကျေးရွာအုပ်စု ပြည်မဲကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာနေတောင်သူလယ်သမားများမှ လျှောက်ထားခဲ့သော်လည်း လက်ရှိအချိန်အထိမရ ရှိခဲ့သေးတာပါ

နိုင်ငံတော်သမ္မတ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးများနှင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ တိုအား တင်ပြတိုင်ကြားထားကြောင်း နှင့် မိုးရာသီ အချိန်မှီ ရ ရှိအောင်အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်

သတင်းထောက်=ရွှေရည်ဝင်း
ဓာတ်ပုံ= ရွှေရည်ဝင်း





No comments:

Post a Comment