Latest News

Saturday, June 9, 2018

သတင်းပေးတိုင်ကြားရာတွင် တိုင်သူ အမည်ကို လျှို့ဝျက်ထားပြီးဖော်ထုတ်မပြောရန် စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့ညွန်ကြားချက်ထုတ်မည်

သတင်းပေးတိုင်ကြားရာတွင် တိုင်သူ အမည်ကို လျှို့ဝျက်ထားပြီးဖော်ထုတ်မပြောရန်  စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့ညွန်ကြားချက်ထုတ်မည်

 
     အစိုးရဌာနဆိုင်ရာနှင့် ရဲတပ်ဖွဲ့သို့  သတင်းပေးတိုင်ကြားရာတွင် တိုင်သူ၏ အမည်ကို လျှို့ဝှက်ထားပြီး ဖော်ထုတ်ပြောကြားခြင်းမပြုရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွန်ကြားချက် ထုတ်ပြန်သွားမည်ဖြစ်ကာ မလိုက်နာပါက  ၀န်ထမ်းဥပဒေဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး ကပြောကြားလိုက်သည်။
   
      မေလ ၂၄ ရက်နေ့က လေးရက်မြောက်ပြုလုပ်သော စစ်ကိုင်းတိုင်းလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မော်လိုက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းက လျို့ဝှက်တိုင်ကြားရာတွင် တိုင်ကြားသူအမည်ကို လုံခြုံရေးအရ လျှို့ဝှက်ထားရမည်ဖြစ်သော်လည်း အောက်ခြေဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ရဲတပ်ဖွဲ့များက ပြန်လည်ဖော်ထုတ်အကြေားကြားခြင်းသည် တည်ဆဲဥပဒေနှင့် ကိုက်ညီမှု ရှိ၊မရှိ မေးခွန်းအားဝန်ကြီးက ပြန်လည်ဖြေရာတွင်  ယင်းကဲ့သို့ ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

 
     "  တိုင်သူရဲ့နာမည်ကို လျှို့ဝှက်ထားတာနဲ့ ပတ်သက်ပြီးအခက်အခဲ တစ်ခုတော့ရှိတယ်၊ တိုင်ကြားမှုက တိုင်းအဆင့် ရုးံတွေဆီ တိုင်တော့ တိုင်းအဆင့်ကနေ ခရိုင်၊မြို့နယ် ရုးံတွေကို တာဝန်ပေးချင်ရင် ကော်မတီဖွဲ့ချင်ရင် စစ်ဆေးတင်ပြတဲ့အခါ တိုင်သူရဲ့အမည်ကို လျှို့ဝှက်ထားမယ်ဆို ရင် စစ်ဆေးတဲ့အခါ တိုင်တဲ့ဘက်ကို စစ်နိုင်မှာမဟုတ်ဘူး၊ဒီမှာပြဿနာ စတာပဲ၊စစ်တဲ့သူတွေက လက်ဝါးချင်းရိုတ်သွားတယ်၊တိုင်တဲ့သူတောင်မသိလိုက်ဘူး၊ဘယ်အထိ ရောက်မလဲ၊ဘယ်အမှန်ပေါ်မလဲနဲ့ ဝေဖန်တာတွေ နဲ့ကြုံရတဲ့အခက်အခဲတွေရှိပါတယ်" ဟု ၀န်ကြီး ဦးစိုးဦး ကပြောသည်။

      သတင်းပေးသူ၏အမည်ကို ဖော်ထုတ်သော ၀န်ထမ်းအားအရေးယူရန်ဥပဒေပြဌာန်းချက်များမပါ၍  တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သည်ဟု မဆိုနိုင်ကြောင်း သစ်တော၊သတ္ထုတွင်း၊ကျောက်မျက်ရတနာ၊ကုန်သွယ်လုပ်ငန်းခွင် ဥပဒေပါ ပြစ်မှု စသည်တို့အတွက် သတင်းပေးသူအမည်ကို  လျို့ဝှက်ထားရမည်ဖြစ်ကြောင်း ၀န်ကြီးကဆိုသည်။

 
  သို့ရာတွင် အစိုးရအဖွဲ့က ညွန်ကြားချက် ထုတ်ပြီးပါက လိုက်နာရန်ပျက်ကွက်သည့် နိုင်ငံ့ဝန်ထမ်းကို ၀န်ထမ်းဥပဒေပုဒ်မ ၃၈ အရ ဌာနဆိုင်ရာ အရေးယူခြင်းပြုနိုင်ကြောင်း  သိရသည်။


ကိုသစ္စာ-မုံရွာ

No comments:

Post a Comment