ဝါရှင်တန် ဇွန် ၈
ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူညီချက် ချမှတ်နိုင်ပါက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ကို အိမ်ဖြူတော်သို့ ဖိတ်ခေါ်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။
သို့သော် နျူကလီးယား ကင်းစင်ရေး ဆွေးနွေးမှု မအောင်မြင်ပါက ထိပ်သီးဆွေးနွေးပွဲမှ ထွက်ခွာရန် ပြင်ဆင်ထားသည်ဟု ထရမ့်က ဇွန် ၇ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အတူပြု လုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောသည်။
ထို့ပြင် ကိုရီးယားစစ်ပွဲကို တရားဝင်အဆုံးသတ်ရေးအတွက် အမေရိကန်နှင့် မြောက်ကိုရီးယား အစိုးရတို့က သဘောတူလက်မှတ်ထိုး၍ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် လုပ်ဆောင်မည်ဟု ထရမ့်ကဆက်ပြောသည်။
အလားတူ အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားနှင့် ရင်းနှီးဖော်ရွေသည့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သောကြောင့် ယခင်က ယင်းနိုင်ငံအပေါ် ပိတ်ဆို့မှု ချမှတ်ရာ၌ အသုံးပြုခဲ့သည့် အများဆုံးဖိအား ပေးခြင်းဟူသော အသုံးအနှုန်းကို အသုံးပြုမည်မဟုတ်ကြောင်း ၄င်းကဆိုသည်။ တစ်ချိန်တည်းမှာပင် ထရမ့်နှင့် ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံသား အများစုက ထောက်ခံထားကြောင်း သိရသည်။
MWD
No comments:
Post a Comment