Latest News

Monday, June 18, 2018

ဆင်သတ်ရာတွင်အသုံးပြုသော သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ

ဆင်သတ်ရာတွင်အသုံးပြုသော သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ


ငပုတော  ဇွန်   ၁၈

တောဆင်ရိုင်းများ   ကာကွယ်စောင့်ရှောက်ရေးအခြေစိုက်စခန်းအမှတ်(၂)   တွင်  အခြေပြုနေသော  သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ  တိုင်းတာဝန်ခံဒုရဲမှူး ထွန်းထွန်းဝင်းနှင့် ငရုတ်ကောင်းနယ်မြေစခန်းမှူး  ရဲအုပ်တင်ဖေ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ပူးပေါင်းအဖွဲ့များနှင့်အတူ ကွန်ဂျီဆင်သုံးကောင်လိုက်ပါ လျက် ငပုတောမြို့နယ်အတွင်း  သစ်တောကြိုးဝိုင်းများအတွင်းရှိ  တောဆင်ရိုင်း များ သတ်ဖြတ်ခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေးနှင့်လုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက လှည့်ကင်းဆောင်ရွက်စဉ်  မြစ်တစ်ရာသစ်တောကြိုးဝိုင်း အကွက်အမှတ် ၂ဝ၅၊     ငရုတ်ကောင်းတောင်ကျေးရွာ၏    မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ဒေသအခေါ်  နှာပြတ်သို့ရောက်ရှိပြီး  နယ်မြေရှင်းလင်း ဆောင်ရွက်စဉ်   သစ်ပုပ်ပင်ခြေရင်း၌   ဝှက်သိမ်းထားသော  ဆင်ပစ်ရာတွင် အသုံးပြုသည့်  တူမီးသေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများကို  ပိုင်ရှင်မဲ့ တွေ့ရှိခဲ့သည်။

အဆိုပါ ပစ္စည်းများကို တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများ အသင်း(ဆင်ချစ်သူများအဖွဲ့)မှ   တာဝန်ခံ  ဦးစိုင်းဇော်ဦးက   ပေးအပ်ရာ  တင်းချောင်းကျေးရွာ  အုပ်ချုပ်ရေးမှူး   ဦးကျော်မြင့်ထွန်း၊     ရာအိမ်မှူး ဦးပြည့်ဖြိုးအောင်တို့နှင့်အတူ   သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တိုင်းတာဝန်ခံ ဒုရဲမှူးထွန်းထွန်းဝင်းတို့က သိမ်းဆည်းခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment