Latest News

Tuesday, June 26, 2018

စွန်ရဲအင်းသို့လာရောက်လည်ပတ်သူနည်းပါးလာသော်လည်း အလှဓာတ်ပုံရိုက်ကူးသူများပြား

စွန်ရဲအင်းသို့လာရောက်လည်ပတ်သူနည်းပါးလာသော်လည်း အလှဓာတ်ပုံရိုက်ကူးသူများပြား


ကျောက်ဆည် ဇွန် ၂၅

၂ဝ၁၆ခုနှစ်ဇွန်လမှစကာ နာမည်ကြီး လာပြီး လူအများအပန်းဖြေသွားလာ သည့်နေရာ   တစ်ခုဖြစ်လာသည့် ကျောက်ဆည်ဒေသမှ စွန်ရဲအင်းသို့ ယခုအခါ    လာရောက်လည်ပတ်သူ နည်းပါးလျက်ရှိသည်။အပျော်လာ ရောက် လည်ပတ်သူနည်းပါးလာ သော်လည်း အနယ်နယ်အရပ်ရပ်မှ အလှဓာတ်ပုံ    ရိုက်ကူးသူများမှာ လာရောက်ရိုက်ကူးမှုများပြား  နေဆဲ ဖြစ်ကြောင်း သိရသည်။

စွန်ရဲအင်းမှာ ယခင်ကဒေသခံများ တံငါလုပ်ငန်းလုပ်ကိုင်ရာအင်း၊ ကြာ ပန်းခူးကာ ကြာဝတ်ဆံထုတ်ယူကာ ရောင်းချရသည့် အင်းပင်ဖြစ်သည်။မူလကမန္တလေးမြို့ရှိ ဓာတ်ပုံအသင်း များက စွန်ရဲအင်းအလှဓာတ်ပုံပြိုင်ပွဲ များပြုလုပ်ခဲ့သည့် အင်းပင်ဖြစ်သည်။ မူလက လှေငယ်ငါးစင်းခန့်သာရှိရာမှ ဧည့်သည်အလာများသည့်အတွက် လှေအစင်း၁ဝဝ ခန့်အထိ ဝန်ဆောင် မှု ပေးခဲ့ဖူးသော အင်းပင်ဖြစ်သည်။ ၂ဝ၁၆-၂ဝ၁၇တွင်စွန်ရဲအင်းရောက် သူတိုင်းအတွက် မဖြစ်မနေယူဆောင်      ငှားရမ်းသည့်အရာမှာ မြန်မာ့ရိုးရာ   ပုသိမ်ထီးကလေးများ ပင်ဖြစ်သည်။ ကြာပန်းအလှ ပုသိမ်ထီးနှင့် လှေ ပေါ်လိုက်ပါသွားသည့်    အလှသည်  ပေါ်ပြူလာအဖြစ်ဆုံးသော ဖက်ရှင် များအဖြစ် နာမည်ကြီးခဲ့ဖူးသည်။

လူအများ လာရောက်လည်ပတ်မှု များလာကာ ကြာပန်းခူးယူမှုများခြင်း ကြောင့်     မူလကလောက်မလှခြင်း၊ အင်းအတွင်းလှေစီးကာ အလှဓာတ် ပုံရိုက်ကူးခြင်းတစ်ခုတည်းအတွက် သီးသန့်လာရောက်လည်ပတ်ရခြင်း၊အခြားတွဲဖက်လည်ပတ်စရာ ပျော်ရွှင် စရာ ကစားကွင်းများမရှိခြင်းနှင့် ၇ မိုင် ကဲ့သို့သော အပန်းဖြေနေရာများ ပေါ်ပေါက်လာခြင်းတို့ကြောင့် စွန်ရဲ အင်းမှာ လာရောက်လည်ပတ်သူ နည်းပါးသွားခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးက ပြောသည်။

နွေနဒီ(မြစ်ငယ်)

No comments:

Post a Comment