Latest News

Wednesday, June 13, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆောင်းပါးရှင် ဦးလှဆွေ တောင်းပန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆောင်းပါးရှင် ဦးလှဆွေ တောင်းပန်

နေပြည်တော်   ဇွန်   ၁၂

၁၇-၅-၂ဝ၁၈ ရက်နေ့ထုတ်Bullet News Journal အတွဲ(၂)၊ အမှတ်(၄၄)၊ စာမျက်နှာ ၁၅ ပါ ''၂ဝ၁၈    ကြားဖြတ်ရွေးကောက်ပွဲအကြို ဟောကိန်း ဘုလက်မှာတမ်း''  ဆောင်းပါးတွင်   ၂ဝ၁၈     ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘတ်ဂျက်လျာထားချက် ခွင့်ပြုငွေ ကျပ်သန်း ၁၆ဝဝ တွင်  ကျပ်သိန်းပေါင်း ၆၁၆ဝ အပို တင်ထားသလိုဖြစ်နေသည် ဟု    မှားယွင်း သုံးသပ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်၌ NLDပါတီဝင်တစ်ဦး လျာထားရာတွင် ကော်မရှင် အဖွဲ့ဝင်တစ်ဦး၏ အရည်အချင်းနှင့်မကိုက်ညီ၍ တပ်မတော်မှ ကန့်ကွက်ခဲ့သည် ဟု လည်းကောင်း၊ ကော်မရှင်သည်USDP ပါတီနှင့်တကွ နိုင်ငံရေး ပါတီ ၁၃ ခုက လက်မှတ်ရေးထိုး ကန့်ကွက်လွှာ တင်သွင်းခဲ့သည်ကို ရွေးကောက်ပွဲဆိုင်ရာ အငြင်း ပွားမှုခုံရုံး ဖွဲ့စည်း၍ ကြားနာစစ်ဆေးဆုံးဖြတ် ခြင်း မပြုလုပ်ခဲ့ ဟု လည်းကောင်း မဟုတ်မမှန်  မှားယွင်းဖော်ပြခဲ့သည့်အတွက် ၁၂- ၆- ၂ဝ၁၈ ရက်တွင်       ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ဆောင်းပါးရှင် ဦးလှဆွေအား  တွေ့ဆုံခဲ့ရာ    ဆောင်းပါးရှင်    ဦးလှဆွေက ပြည်ထောင်စုရွေးကောက်ပွဲ   ကော်မရှင်အား  ဆောင်းပါးပါ    မှားယွင်းဖော်ပြချက်များနှင့် ပတ်သက်၍ တောင်းပန်ခဲ့ပြီး ၁၄-၆-၂ဝ၁၈  ရက် (ကြာသပတေးနေ့)တွင် ထုတ်ဝေမည့် Bullet News Journal စာမျက်နှာ  ၁၅  အပေါ်ပိုင်း တွင် တောင်းပန်စာ ထည့်သွင်းဖော်ပြပေးရန်နှင့် နောက်နောင်တွင်လည်း         ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အပေါ်    မဟုတ်မမှန် မှားယွင်းဖော်ပြရေးသားခြင်း        ပြုလုပ်မည် မဟုတ်ကြောင်း           ဝန်ခံကတိပြုခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သတင်း ရရှိသည်။

သတင်းစဉ်

No comments:

Post a Comment