မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအား တွေ့ဆုံ
နေပြည်တော် ဇွန် ၁၂
၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကွန်ဂရက်တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အာရှ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိတ်ဆော်လမန်နှင့် တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် အာရှဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ပံ့ပိုးကူညီနိုင်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကားလို့စ်ကော်ဒရီယိုနှင့်လည်း တွေ့ဆုံခဲ့ ပြီး နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်အတွင်း ကောင်းမွန်သည့် ဆက်ဆံရေးထားရှိရေး၊ လိုအပ်သည့်အကူအညီများ အပြန်အလှန်ပံ့ပိုးရေး ဆွေးနွေးခဲ့သည်။ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ရုရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ဖီဖာဥက္ကဋ္ဌအပါအဝင် ကမ္ဘာ့ဘောလုံးလောကမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးလျက်ရှိ သည်။
သတင်း-ဖိုးသော်ဇင်၊ ဓာတ်ပုံ- MFF
Subscribe to:
Post Comments (Atom)
No comments:
Post a Comment