Latest News

Friday, June 8, 2018

မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပွား

မတ္တရာမြို့နယ် အောက်တောင်ကိုင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပွား

မတ္တရာ ဇွန် ၈

 ပြင်ဦးလွင်ခရိုင်မတ္တရာမြို့နယ်အောက်တောင်ကိုင်းကျေးရွာရှိနတ်ကန္နားပွဲတစ်ခုတွင် ဇွန်လ ၇က်နေ့က ဓားခုတ် မှုတစ်ခုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာအောက်တောင်ကိုင်းကျေးရွာနေဦးအောင်မြင့်သိန်းသည် တစ်ရွာတည်းနေဦးဘိုကြီး(ရာအိမ်မှူး)၊ ဦးပေါ်ကာ၊ ဦးကံမှီတို့နှင့်အတူကန္နားပွဲ၏တောင်ဘက်တွင် စကားပြောနေစဉ် တစ်ရွာထဲနေဦးသိန်းဦး(၅၃)နှစ် မှ အရှည်(၂)ခန့်ရှိငှက်ကြီးတောင်ဓားဖြင့် ဘာစကားမှမပြောဘဲဦးအောင်မြင့်သိန်းအားအနောက်မှ (၂)ချက် ဝင်ခုတ်ခဲ့ရာဦးအောင်မြင့်သိန်းတွင် ယာဘက်လည်ပင်းပြတ်ရှ ဒဏ်ရာ (၁) ချက်၊ နောက်ကျောကုန်းပြတ်ရှဒဏ်ရာ(၁)ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီးမတ္တရာပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့်ပို့ဆောင်ခဲ့ပြီးမတ္တရာ ဆေးရုံမှတဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသစေခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ဦးအောင်မြင့်သိန်းအားနာကျင်ပြတ်ရှ ဒဏ်ရာများရရှိအောင်ဓားဖြင့်ခုတ်သူသိန်းဦးအားဉပဒေအရအရေးယူပေးပါရန် တူဖြစ်သူမအေးသူ မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မတ္တရာမြို့မရဲစခန်းမှအမှုရေးဖွင့်ပြီးအမှုအားဒုရဲအုပ်မောင်မျိုးမှ စစ်ဆေးကာတရားခံအားလိုက်လံဖမ်းဆီးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

မြန်​မာ့အလင်း၊စိုးကျော်သူထွေး(မတ္တရာ)

No comments:

Post a Comment