Latest News

Friday, June 8, 2018

မြန်အောင်မြို့နယ်တွင် တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများ သိမ်းဆည်းရမိ

မြန်အောင်မြို့နယ်တွင်  တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများ သိမ်းဆည်းရမိ


ပုသိမ် ဇွန်၈ရက်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဘန်ဘွေးကုန်းကျေးရွာနေဦးသိန်းဇော်(ခ)ကျော်ရွှေ၏ နေအိမ်တွင်၂၀၁၈ခုနှစ် ဇွန်၇ရက်နေ့ ည၇ နာရီ​ကျော်အချိန်​ ၌ဆင်စွယ်တစ်စုံ(88ကျပ်သား) အပါအဝင် တောရိုင်းတိရိစ္ဆာန်မျိုးစုံ၏  သားရေများ ဂျိုများ ဦးခါင်းခွံများအား သိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိသည်

ဆင်စွယ် ၁ စုံ ပြောင်ခေါင်း(ဦးချိုစုံပါ) ၃၆ ချောင်း၊ ပြောင်သည်းခြေ ၂ ခု၊ ပြောင်ဦးချိုခွံ ၃ စုံ၊ စိုင်ခေါင်း ၃ လုံး၊ ဆတ်ခေါင်း ၇ လုံး၊ သမင်ခေါင်း ၁ လုံး၊ ကျားဝက်(အရိုးစုံ) ၂ စုံ၊ ကျားဝက်သားရေ ၁ ချပ်၊ တောင်ဆိတ် ခေါင်း (ဦးချိုစုံပါ)၂ လုံး၊ တောင်ဆိတ်ခွာ ၃ ခု၊ ဝက်ဝံသားရေ ၁ ချပ်၊ ဝက်ဝံခေါင်း ၂ လုံး၊ ဖြူအစာအိမ် ၁ ခု တို့နှင့် တိရစ္ဆာန် အစိတ်အပိုင်း ချိတ်ဆွဲရာတွင် အသုံးပြုသည့် ဒိုင်းပုံကျွန်းပြား ၃၂ ချပ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်းပြည်ထဲရေး ၏ထုတ်ပြန်ချက်အရသိရသည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးဌာနကြီး မှူခင်း ဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်  မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည်  မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်း ကျေးရွာနေ ဦးသိန်းဇော်(၅၂)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရင်း ယခုလို တွေ့ရှိခဲ့တာပါ

လက်ရှိတွင် ဦးသိန်းဇော်အား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး  အင်ပင်နယ်မြေ ရဲစခန်းမှ(ပ)၉၅/၂၀၁၈၊ ဇီဝမျိုးကွဲစုံနှင့်သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)/၄၁(က)ဖြင့် အမူဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းထောက်_ရွှေရည်ဝင်း

ဓာတ်ပုံ_ပြည်​ထဲ​ရေး

No comments:

Post a Comment