Latest News

Friday, June 8, 2018

နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည် လုပ်နေတဲ့ဧည့်သည် ရုပ်ရှင်ဇာတ်ကားတွင် လစ်ဟာမှု မရှိစေရန် ကြိုးစားမည်ဟု ရွှေထူးပြော

နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည် လုပ်နေတဲ့ဧည့်သည် ရုပ်ရှင်ဇာတ်ကားတွင် လစ်ဟာမှု မရှိစေရန် ကြိုးစားမည်ဟု ရွှေထူးပြော

ရန်ကုန် ဇွန် ၇

အဆိုတော်ရွှေထူးက နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည် လုပ်နေတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားပြီး ယင်းဇာတ်ကားတွင် လစ်ဟာမှု မရှိစေရန် ကြိုးစားသရုပ်ဆောင်မည် ဖြစ်ကြောင်း ပြောသည်။ ပထမဆုံး ပါဝင်ရိုက်ကူးခဲ့သည့် ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားတွင် မိတ်ကပ်လိမ်းခြယ်မှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိသဖြင့် ဒုတိယ ဇာတ်ကားတွင် လစ်ဟာမှု မရှိစေရန် ကြိုးစားမည် ဖြစ်ကြောင်း သိရသည်။

''ပထမဆုံး ရိုက်ကူးတဲ့ ဇာတ်ကားမှာ ဝေဖန်မှု များတယ်ဆိုတာကလည်း ကျွန်တော့်မှာ လိုအပ်ချက်တွေ ရှိနေသေးလို့ပါ။ အတွေ့အကြုံ မရှိသေးတာလည်း ပါပါတယ်။ ဇာတ်ကားရိုက်ကူးတဲ့ အခါမှာလည်း မိတ်ကပ်ပိုင်းရော အဝတ်အစား ဒီဇိုင်းပုံစံတွေပါ အဆင်မပြေလို့ အကုန်လုံးက ဝိုင်းပြီးအကြံပေးကြပါတယ်။ အားလုံးက ကျွန်တော့်ကို စေတနာထားပြီး လုပ်ပေးကြပါတယ်။ အခုရိုက်မယ့် ဇာတ်ကားမှာတော့ ဟာကွက်မရှိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ''ဟု ရွှေထူးကပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ရွှေထူးသည် ဂျစ်ကန်ကန်စရိုက်နှင့် ဂီတကို ချစ်မြတ်နိုးသည့် ဇာတ်ကောင်အဖြစ် ပါဝင်ထားပြီး ယင်းဇာတ်ကား၏ ဇာတ်ဝင်ခန်းများကို ဇွန် ၃ ရက်က စတင်ရိုက်ကူးလျက် ရှိကြောင်း သိရသည်။

MWD

No comments:

Post a Comment