Latest News

Friday, June 29, 2018

၂ဝ၁၈ ကမ္ဘာ့ဖလား နှင့် ထူးခြားချက်များ

၂ဝ၁၈ ကမ္ဘာ့ဖလား နှင့် ထူးခြားချက်များ


ကျင်းပနေဆဲ ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အုပ်စုပွဲတွေပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အသင်းကြီးတွေ ရဲ့    ခက်ခဲရုန်းကန်ခဲ့ရတဲ့ အခြေအနေတွေကြောင့်    စိတ်ဝင်စားဖို့ကောင်းခဲ့သလို   ဒီပြိုင်ပွဲမှာအခြားထူးခြားတဲ့ မှတ်တမ်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဆိုပါထူးခြားတဲ့မှတ်တမ်းတွေကို ပရိသတ်တွေလေ့လာနိုင် စေဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။
အင်္ဂလန်
ပြီးခဲ့တဲ့  အုပ်စုပွဲစဉ်တွေရဲ့  ဒုတိယမြောက် ပွဲစဉ်တွေမှာ နာမည်ကြီး အင်္ဂလန်ဟာ ပနားမားအသင်းကို ခြေစွမ်းပြပြီး ခြောက်ဂိုး-တစ်ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲအနိုင်ရရှိခဲ့တာ ကြောင့်လည်း အင်္ဂလန်ဟာ အုပ်စုပွဲစဉ်တွေ မပြီးဆုံးခင်မှာတင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသွားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါပွဲမှာ အင်္ဂလန်အနေနဲ့ ပထမပိုင်းမှာတင် ငါး ဂိုးပြတ်နဲ့အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့်  ကမ္ဘာ့ ဖလားပြိုင်ပွဲရဲ့သမိုင်းကြောင်းမှာ  ပထမပိုင်းအတွင်း  ငါးဂိုးနဲ့ အထက်    သွင်းယူနိုင်တဲ့    ပဉမမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဟွန်ဒါ
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စု ဒုတိယမြောက်ပွဲစဉ် တွေမှာ အုပ်စု (H) အတွင်း ဂျပန်နဲ့ဆီနီဂေါတို့ဆုံတွေ့ ခဲ့ရာမှာ ဂျပန်တို့ နှစ်ဂိုးစီသရေကစားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ဂျပန်ဟာ မိနစ်  ၇ဝ ကျော်တဲ့အထိ  နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် လည်း ၇၈ မိနစ်မှာတော့ လူစားဝင်လာတဲ့ကစားသမား ဟွန်ဒါ ကချေပဂိုးသွင်းယူပေးနိုင်ခဲ့လို့  သရေတစ်မှတ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟွန်ဒါဟာ အဆိုပါဂိုး သွင်းယူနိုင်ခဲ့တာ ကြောင့်လည်း သူ့ရဲ့ကမ္ဘာ့ဖလား သွင်းဂိုးစုစုပေါင်းဟာ လေးဂိုး အထိရှိခဲ့ပြီး အဆိုပါဂိုးအရေအတွက်ဟာ အာရှကစားသမား တွေအနက် အများဆုံး   စံချိန် လည်းဖြစ်ခဲ့ပါတယ်။  ဒါကြောင့် လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွင်း ကိုး ပွဲကစားပြီး လေးဂိုးသွင်းယူနိုင်ခဲ့တဲ့  ဟွန် ဒါဟာ  အာရှကစားသမားတွေအနက် ကမ္ဘာ့ဖလားသွင်းဂိုး အများဆုံးကစားသမားအဖြစ်လည်း  ရပ်တည်နိုင်ခဲ့တာ ဖြစ် ပါတယ်။
လူကာကူ
ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူကတော့ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်းမှာ ခြေစွမ်းပြနေတဲ့တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ပနားမားနဲ့ပွဲမှာလည်း နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို  ဒုတိယပွဲဖြစ်တဲ့ တူနီးရှားနဲ့ပွဲလည်း နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း လူကာကူဟာ ဘယ်လ်ဂျီယံကစားသမား တွေအနက် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း လေးဂိုးသွင်းယူ နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်သွား ခဲ့သလို ၁၉၈၆ ခုနှစ်ပြိုင်ပွဲမှာ မာရာဒိုနာက နှစ်ပွဲဆက် နှစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွင်း နှစ်ပွဲ ဆက်   နှစ်ဂိုးစီသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အိုဇေးလ်
ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ နာမည်ကြီးအသင်းအများစု ခြေစွမ်းပြနိုင်ဖို့ခက်ခက်ခဲခဲရုန်းကန်ခဲ့ကြရတဲ့နည်းတူ  ဂျာမနီ ဟာလည်း ခြေစွမ်းပြနိုင်ဖို့ခက်ခဲခဲ့ပါတယ်။ အဖွင့်ပွဲစဉ်မှာဆိုရင် ဂျာမနီဟာ မက္ကဆီကိုအသင်းကိုအရေးနိမ့်ခဲ့ရတဲ့အထိ ရုန်းကန် ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂျာမနီနည်းပြ ဂျိုချင်လောဟာ ဆွီဒင်ကိုအနိုင်ရတဲ့ပွဲမှာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ပြီး အဓိကကစားသမားအိုဇေးလ်ကို ပွဲထွက် စာရင်းကချန်လှပ်ခဲ့သလို ပွဲစဉ်တစ်ပွဲလုံးမှာလည်း သုံးစွဲခြင်း မပြုခဲ့ပါဘူး။   ဒါဟာအိုဇေးလ်အတွက်တော့  လက်ရွေးစင် ကစားသမားဘဝအတွင်း အဓိကပြိုင်ပွဲကြီးများမှာ ပထမဆုံး အကြိမ်အဖြစ်  ပွဲထွက်လူစာရင်းက  ချန်လှပ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ပယ်နယ်တီများနဲ့ ကမ္ဘာ့ဖလား
ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အထူးခြားဆုံးမှတ်တမ်းတစ်ခု ကတော့ ပယ်နယ်တီသတ်မှတ်ခံရမှုစံချိန်တစ် ရပ်ပဲ    ဖြစ်ပါတယ်။   လက်ရှိ အချိန်အထိ (ဇွန် ၂၆ ရက် နေ့ညပွဲများအပြီး)    ဒီ ကမ္ဘာ့ဖလား   ပြိုင်ပွဲမှာ ပယ်နယ်တီ သတ်မှတ်ခံရမှု  အကြိမ်     အရေ အတွက်ဟာ၂၂ကြိမ် တိတိ ရှိခဲ့ပြီလည်း ဖြစ် ပြီး     အဆိုပါအကြိမ် အရေအတွက်ဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲတွေ  အနက် ပယ်နယ်တီ   သတ်မှတ်ခံရမှု အများဆုံး    စံချိန်တစ်ရပ်အဖြစ်လည်း  အုပ်စုပွဲစဉ်တွေမပြီး ဆုံးခင်မှာ   မှတ်တမ်းဝင်ခဲ့ပါတယ်။   အရင်ကတော့  ကမ္ဘာ့ ဖလားပြိုင်ပွဲများအတွင်း ပယ်နယ်တီသတ်မှတ်ခံရမှုအများဆုံး ပြိုင်ပွဲအဖြစ် ၂ဝဝ၂ ခုနှစ် ကမ္ဘာ့ဖလားက ၁၈ ကြိမ်နဲ့စံချိန်တင် ထားခဲ့တာဖြစ်ပြီး အခုတော့ ဒီနှစ်ကမ္ဘာ့ဖလားမှာ ပယ်နယ်တီ သတ်မှတ်ခံရမှုစံချိန်ဟာ    အဆိုပါ  ၂ဝဝ၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကစံချိန်ကို  ကျော်ဖြတ်ပြီး စံချိန်သစ်တစ်ရပ်ကို  ရေးထိုး နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မားကွက်ဇ်
မက္ကဆီကိုအသင်းဟာ   ဒီနှစ်က္ဘာ့ဖလားပြိုင်ပွဲမှာတော့ ခြေစွမ်းကောင်းတွေကို   ပြသနိုင်ခဲ့တဲ့အသင်း    ဖြစ်ပါတယ်။ မက္ကဆီကိုအသင်းဟာ အဖွင့်ပွဲစဉ်မှာ ဂျာမနီကိုအနိုင်ရယူနိုင်ခဲ့ သလို အဆိုပါပွဲမှာ အသင်းရဲ့ကပ္ပတိန် မားကွက်ဇ်ကို လူစားလဲ ထည့်သွင်းအသုံးပြုခဲ့သလို တောင်ကိုရီးယားကိုအနိုင်ရခဲ့တဲ့ ဒုတိယပွဲမှာလည်း  မားကွက်ဇ်ကို လူစားလဲထပ်မံအသုံးပြုခဲ့ ပါတယ်။    ဒါကြောင့်လည်း  မားကွက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းအတွင်းမှာ  ပွဲအများဆုံးပါဝင်ကစားခွင့်ရတဲ့ အသင်းကပ္ပတိန်တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အဲလ်ဟတ်ရီ
ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ     အီဂျစ်ဟာ      ခြေစွမ်းပြသ နိုင်ခြင်းမရှိခဲ့ဘဲ အုပ်စုအဆင့်ကနေသာ ပြိုင်ပွဲကနေ ထွက်ခဲ့ရ ပါတယ်။ ဒါပေမယ့်လည်း  ဒီတစ်ကြိမ်ပြိုင်ပွဲဝင်ခဲ့တဲ့  အီဂျစ် အသင်း မှာတော့ အသက် ၄၅ နှစ်အရွယ်ကစား သမားတစ်ဦးဖြစ်တဲ့   အဲလ်ဟတ်ရီဟာ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဂိုးသမားအဲလ်ဟတ်ဒီဟာ အီဂျစ်အသင်း ရဲ့အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဥရုဂွေးနဲ့ပွဲမှာလည်း ပွဲထွက်ကစားသမားတစ်ဦးအဖြစ်   ပါဝင်ခွင့်ရခဲ့ပါ တယ်။ ဒါကြောင့်လည်း အဲလ်ဟတ်ဒီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းကြောင်းမှာတော့ အသက်ကြီးဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဟယ်ရီကိန်း
ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ဟာ ခြေစွမ်းပြပြီး အုပ်စုပွဲစဉ်တွေ     မပြီးဆုံးခင်မှာတင်  နောက်တစ်ဆင့်ကို တက်ရောက်ဖို့သေချာသွားခဲ့ပါတယ်။ အင်္ဂလန်အနေနဲ့ အခုလို နိုင်ပွဲတွေ ရယူနိုင်ခဲ့တာကလည်း  တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကြောင့်သာဖြစ်ပြီး ဟယ်ရီကိန်းဟာ အဖွင့်ပွဲစဉ် ဖြစ်တဲ့ တူနီးရှားနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယပွဲစဉ် ဖြစ်တဲ့ ပနားမားနဲ့ပွဲမှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ဟယ်ရီကိန်းအနေနဲ့  ပနားမားနဲ့ပွဲမှာ  ဟက်ထရစ်  သွင်းယူနိုင်ခဲ့တဲ့အတွက်ကြောင့်လည်း ၁၉၈၆ ခုနှစ်ပြိုင်ပွဲမှာ ဂယ်ရီ လိုင်နီကာက အင်္ဂလန်အတွက် ဟက်ထရစ်ဂိုးသွင်းယူပေးနိုင် ခဲ့ပြီးတဲ့နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဟက်ထရစ်သွင်း ယူနိုင်တဲ့     ပထမဆုံး     အင်္ဂလန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။      ။

မြန်​မာ့အလင်း၊ဝေမိုးဆက်

No comments:

Post a Comment