ဒီနှစ်ကမ္ဘာ့ဖလားမှာ ကမ္ဘာ့အဆင့်ထိပ်ဆုံးမှာရှိနေကြတဲ့အသင်းတော်တော်များဟာ အုပ်စုအဆင့်က လွတ်ဖို့အတွက် အပြင်းအထန်ကြိုးစား နေခဲ့ရပါတယ်။ မထင်မှတ်တဲ့အသင်းတွေက ခြေစွမ်းပြတာတွေလည်းပါတာပေါ့။ အခုလိုအသင်းတွေရုန်းကန်နေသလို ထိပ်တန်း ကစား သမားတွေကလည်း သူတို့ရဲ့အသင်းတွေမှာခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်နေရတာတွေရှိနေခဲ့ပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားမှာတော့ နိုင်ငံ အသင်းတွေနဲ့အတူ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ဖို့အတွက် လိုအပ်နေသေးတဲ့ ကစားသမားတွေရှိနေပါတယ်။ သူတို့အနေနဲ့ အကောင်းဆုံး ကစားသမားဆိုတာဟာ မှန်ပေမယ့် က္ဘာ့ဖလားမှာ မှတ်ကျောက်တင်နိုင်ဖို့အတွက် ခြေစွမ်းကောင်းတွေ ပြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ကမ္ဘာ့ဖလားစင်မြင့်ထက်မှာအခြေတင့်ဖို့အတွက်လိုအပ်နေသေးတဲ့ ကမ္ဘာကျော်ကစားသမားတွေကို ဖော်ပြလိုက်ပါတယ်။
မက်ဆီ
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာတော့ အိုက်စလန်အသင်းကို တစ်ဂိုးစီသရေကျခဲ့တယ်။ အထူးသဖြင့် အဲဒီပွဲ မှာ ကမ္ဘာကျော် တိုက်စစ်မှူးမက်ဆီကအသင်း အတွက်အရေးပါတဲ့ ပယ်နယ်တီကို လွဲချော်ခဲ့တယ်။ အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာ အသင်းမှာတော့ ပုံမှန်အားဖြင့် တစ်ရာသီကို အနည်းဆုံး ဂိုး ၃ဝ ကျော်သွင်းယူနိုင်တဲ့ တိုက်စစ် မှူး ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတကာကစား သမားဘဝမှာတော့ ကလပ်အသင်းလောက် ခြေစွမ်းမပြနိုင်ဘူး။ ၂ဝ၁၄ ကမ္ဘာ့ဖလားနဲ့ ကိုပါ အမေရိကဖလားပြိုင်ပွဲတွေမှာဆိုရင်လည်း ဗိုလ် လုပွဲရောက်ခဲ့ပေမယ့် ဆုဖလားနဲ့ လွဲချော်ခဲ့သူ လည်းဖြစ်ပါတယ်။ ဒါကြောင့် ကလပ်အသင်း ကစားသမားဘဝမှာ မှော်ဆန်တဲ့ ခြေစွမ်းတွေပိုင် ဆိုင်ထားတဲ့ မက်ဆီဟာ နိုင်ငံအသင်းမှာ ထင် သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့ပေါ် ဝေဖန်မှု တွေ အပြင်းအထန် ခံနေခဲ့ရတာလည်း ဖြစ်ပါ တယ်။ မက်ဆီအနေနဲ့ကလည်း သူနဲ့ပတ်သက်ပြီး အာဂျင်တီးနားပရိသတ်တွေက မျှော်လင့်ချက် ကြီးမားလွန်းတာတွေဟာ သူ့ အတွက်တော့ဖိအား တွေ ဖြစ်စေတာကလည်း အမှန်ပါပဲ။ သူဟာ အိုက်စလန်နဲ့သရေကျတဲ့ပွဲ၊ ခရိုအေးရှားကို သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာတော့ ထင်သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် နိုင်ဂျီး ရီးယားကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာတော့ မက်ဆီရဲ့သွင်းဂိုး တစ်ဂိုးကိုတော့ တွေ့မြင်ခဲ့ရ တယ်။ ဒါပေမယ့် မက်ဆီအနေနဲ့ ကမ္ဘာ့ဖလား ဇာတ်ခုံမှာတော့ ဒီထက်ပိုပြီး ခြေစွမ်းပြမှုတွေ လိုအပ်နေသေးတယ်လို့ ပြောရမှာပါ။ ဒါကြောင့် ၁၆ သင်းအဆင့်မှာ မက်ဆီအနေနဲ့ အသင်းအတွက် ဘယ်လောက်အထိ ခြေစွမ်းပြနိုင်မလဲဆိုတာကို တော့ စောင့်ကြည့်ရဦးမယ်။
ဂရစ်ဇ်မန်း
လာလီဂါမှာတော့ မက်ဆီ၊ ရော်နယ်ဒိုပြီးရင် အကောင်းဆုံးတိုက်စစ်မှူးဟာ ဂရစ်ဇ်မန်းလို့ တောင် ဆိုရမလိုပါပဲ။ သူဟာအက်သလက်တီကို အသင်းနဲ့အတူ အဆက်မပြတ် ဂိုးသွင်းယူပေးနေ သလို အဖိုးတန်လှတဲ့ ပံ့ပိုးမှုတွေကိုလည်း လုပ် ဆောင်ပေးနေသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြင်သစ်အသင်းရဲ့ လူငယ်ကစား သမားတွေထဲမှာဆိုရင်လည်း အတွေ့ အကြုံအရင့် ဆုံးကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂ဝ၁၆ မှာဆိုရင်လည်း ပြင်သစ်အသင်းဟာ ဗိုလ်လု ပွဲမှာ ပေါ်တူဂီကို ရှုံးနိမ့်ခဲ့ပေမယ့် သူကတော့ ခုနစ် ပွဲကစားပြီး ခြောက်ဂိုးသွင်းယူပေးခဲ့တဲ့သူ ဖြစ် ပါတယ်။ ဒီနှစ်ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြင်သစ်အသင်းရဲ့ ကစားသမားတိုင်းကလည်း ထိပ်တန်းအဆင့်ရှိတဲ့ကစားသမားတွေချည်းပဲ ဖြစ် ပါတယ်။ ဒါပေမယ့် ဂရစ်ဇ်မန်းကတော့ ဒီနှစ်ကမ္ဘာ့ ဖလားမှာတော့ ခြေစွမ်းပြကစားနိုင်ခြင်း မရှိ သေးပါဘူး။ အုပ်စုပွဲစဉ်တွေဖြစ်တဲ့ သြစ တြေးလျ၊ ပီရူးတို့ပွဲစဉ်ဟာ အနိုင်ရခဲ့ပေမယ့် သူက တော့ ခြေစွမ်းပြနိုင်ခြင်းမရှိပါဘူး။ နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာလည်း သူရဲ့ ခြေစွမ်းအကောင်းဆုံးကို မတွေ့မြင်ရသေးပါဘူး။ ဒါကြောင့်လာမယ့် အာဂျင်တီးနားအသင်းနဲ့ ပွဲမှာတော့ သူ့အနေနဲ့ ဒီထက်ကောင်းမွန်တဲ့ခြေစွမ်း တွေပြသနိုင်ဖို့ လိုအပ်နေပါတယ်။
စတာလင်း
ပြီးခဲ့တဲ့ရာသီကစတားလင်းဟာ မန်စီးတီး အသင်းနဲ့အတူ ၂၃ ဂိုးသွင်းကာ ဂိုးရရှိဖို့အတွက် ၁၃ကြိမ်တိုင်ပံ့ပိုးမှုတွေ လုပ်ထားပြီး သူ့ရဲ့ကစား သမားဘဝအကောင်းဆုံးအချိန်လို့ ပြောနိုင် တယ်။ သူဟာ ပြီးခဲ့တဲ့တစ်ရာသီလုံး မန်စီးတီး အသင်းရဲ့ အဓိကကစားသမားအဖြစ်ရှိခဲ့သလို ကမ္ဘာကျော် မန်နေဂျာဂွါဒီယိုလာရဲ့ နှစ်သက်မှုနဲ့ ချီးကျူးမှုကို အပြည့်အဝရရှိခဲ့တယ်။ အခု က္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အင်္ဂလန် အသင်းမှာတော့ သူ့ရဲ့ခြေစွမ်းက အကောင်း ဆုံးမပြနိုင်သေးဘူး။ အုပ်စုပွဲစဉ် ပထမ နှစ်ပွဲမှာ ဆိုရင် သူဟာ တစ်ကြိမ်သာပံ့ပိုးမှုပြုလုပ်နိုင်ပြီး ဂိုးလုံးဝမသွင်းယူနိုင်သေးပါဘူး။ ဒါကြောင့်လည်း သူ့ရဲ့ကစားပုံနဲ့ ခြေစွမ်းတွေကို က္ဘာကျော် ဘောလုံးရေးရာသုံးသပ်သူတွေက ဝေဖန်ကြ တယ်။ အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလား မှာတော့ ဒီထက်ပိုပြီး စိန်ခေါ်မှုတွေရင်ဆိုင်နိုင်ဖို့ဆိုရင်တော့ သူ့အနေနဲ့ ဒီထက်ပိုပြီးခြေစွမ်း ကောင်းတွေပြသနိုင်ဖို့ လိုအပ်တယ်လို့ ပြောရ မယ်။ ။
မြန်မာ့အလင်း၊အောင်က
No comments:
Post a Comment