Latest News

Monday, June 11, 2018

ကြက်ရိုး ဝက်ခေါက်နဲ့ မုန်ညင်းစိမ်းဟင်းရည်

ကြက်ရိုး ဝက်ခေါက်နဲ့ မုန်ညင်းစိမ်းဟင်းရည်

ကြက်ရိုး၊ ဝက်ခေါက်နဲ့ မုန်ညင်းစိမ်းကို ဟင်းရည်ချက်ဖို့ ကြက်ခေါင်း၊ ကြက်ခြေထောက်၊ ဝက်ခေါက်ပြင်၊ မုန်ညင်းစိမ်း၊ ချင်းနဲ့ကြက်သွန်ဖြူတို့ လိုအပ်ပါတယ်။

ဟင်းရည် စတင်ချက်ဖို့ ကြက်ခေါင်းနဲ့ ကြက်ခြေထောက်တို့ကို သန့်စင်ကာ အတုံးငယ်လေးတွေတုံးပြီး အရသာနဲ့ ချင်းဓားပြားရိုက်ထားတာကို ထည့်ပြုတ်ထားပါ။

ဟင်းရည်ကြည်လင်စေဖို့ အမြှုပ်များကို ခပ်ထုတ်ပေးပါ။ ဝက်ခေါက်ပြင်ကို ရေအေးစိမ်ကာ ခပ်ပါးပါးလှီးထားပါ။ ဝက်ခေါက်နဲ့ မုန်ညင်းတွေကို သန့်စင်ပြီး သင့်တော်သလို လှီးဖြတ်ပါ။

ကြက်ရိုးတွေနူးလာပါက ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်ပါ။ လှီးထားတဲ့ ဝက်ခေါက်နဲ့ မုန်ညင်းစိမ်းကိုထည့်ပါ။ မုန်ညင်းစိမ်းတွေ အရောင်မပြောင်းခင် ငရုတ်ကောင်းမှုန့် ထည့်ပေးကာ အိုးချပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

ချဉ်ငန်စပ် ကြိုက်သူတွေ အနေနဲ့ ဆား၊ ငရုတ်သီးစိမ်း နုပ်နုပ်စဉ်း၊ သံပရာရည် ညှစ်ထည့်နိုင်ပါတယ်။

MWD

No comments:

Post a Comment