ဟိုင်းကြီးကျွန်း ဇွန် ၁ဝ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုမိုးရာသီတွင် ကွမ်းများစတင် စိုက်ပျိုးလျက်ရှိရာ ကွမ်းညွန့်များ အရောင်းအဝယ်ကောင်းပြီး ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် ကွမ်းစိုက် တောင်သူများ အပိုဝင်ငွေ ရရှိပြီး အဆင်ပြေကြောင်း သိရသည်။
''ကွမ်းတစ်ညွန့်ကိုငွေကျပ် ၄ဝ မှ ၆ဝ အထိ ဈေးရှိတယ်။ ဟင်္သာတ၊ ကျောင်းကုန်း၊ ရေကြည်မြို့နဲ့ မအူပင်မြို့တွေက အများဆုံး လာရောက်ဝယ်ယူကြတယ်။ အမျိုးအစား အနေနဲ့ ရိုးနီကြောင်၊ ရိုးဝါကြောင်၊ ရိုးစိမ်းနဲ့ ထိုင်ဝမ်မျိုးတို့ရှိပါတယ်။ ရိုးနီကြောင်ကို လူကြိုက်ပိုများပါတယ်။ ကျွန်တော်တို့ ကွမ်းခြံတွေမှာ အညွန့်တွေက ကွမ်းတိုင်ဆုံးနေပြီး ကွမ်းညွန့်ဝယ်ယူမှုမရှိရင်တော့ ကွမ်းရိုး ခွေရင်ခွေ မခွေရင် အညွန့်တွေကို ဖြတ်ပစ်ရ ပါတယ်''ဟုကွမ်းစိုက်ပျိုးသူတစ်ဦးက ပြောသည်။
ကွမ်းခြံများကို ဟိုင်းကြီးကျွန်းမြို့နယ် ငပြေမ၊ မရမ်းကွမ်း၊ ကုန်းတန်း၊ ကညင်ချောင်း၊ ကျောက်ချောင်း၊ ကံချိုင်၊ ဇီးချိုင်အုပ်စုနှင့် ပြင်ခရိုင်ရွာတို့၌ အများဆုံးစိုက်ပျိုးကြပြီး ကွမ်းရွက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၅ဝဝ မှ ၆ဝဝဝ အထိ ဈေးရှိကြောင်း သိရသည်။
MWD
No comments:
Post a Comment