Latest News

Saturday, June 9, 2018

ရန်ကုန်ဘုရင့်နောင် ကုန်စည် ဈေးကွက်၌ သကြား ဈေးကွက်အေးပြီး ဈေးနှုန်း ကျဆင်းနေ

ရန်ကုန်ဘုရင့်နောင် ကုန်စည် ဈေးကွက်၌ သကြား ဈေးကွက်အေးပြီး ဈေးနှုန်း ကျဆင်းနေ

 ရန်ကုန် ဇွန် ၈

လက်ရှိတွင် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဈေးကွက်၌ သကြားဈေးကွက် အေးနေပြီး ဈေးနှုန်း ကျဆင်းနေကာ ပြည်ပသို့ တင်ပို့ခွင့် ရရှိပါက ဈေးနှုန်းထပ်မံ ကျဆင်းနိုင်ကြောင်း ဘုရင့်နောင် ကုန်စည်ဈေးကွက်ရှိ သကြားပွဲရုံများမှ သိရသည်။

လတ်တလောတွင် ပြည်ပမှ သကြားဝင်ရောက်မှု မရှိသေးဘဲ အရောင်းအဝယ် အေးနေပြီး သကြားကို ပြည်ပမှ တင်သွင်းခွင့် ပြုလိုက်သည့်အတွက် သကြားဈေး ထပ်မံ ကျဆင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

 ''သကြား ပြန်လည် တင်သွင်း ခွင့်ပြုလိုက်ပြီး ပစ္စည်းတွေ ပြန်ဝင်လာပြီဆိုရင် ဈေးက အခုထက် ကျနိုင်တယ်။ ဈေးတက်ဖို့တော့ မရှိပါဘူး။ လောလောဆယ်မှာ ဈေးငြိမ်နေပြီး အရောင်းအဝယ် ပါးနေပေမယ့် ပစ္စည်းကလည်း သိပ်မရှိကြဘူး'' ဟု ဒေါ်ယုံသကြားပွဲ ရုံပိုင်ရှင် ဒေါ်ကောက်က ပြောသည်။

လက်ရှိတွင် ပြည်တွင်းမှ ထွက်ရှိသည့် သကြားဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၂ဝဝ ဝန်းကျင်ရှိကာ ပြည်တွင်းမှ ထွက်ရှိသည့်သကြားများသာ ဈေးကွက်အတွင်း ရှိနေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံမှ သကြားကို တင်သွင်းကာ တရုတ်နိုင်ငံသို့  Re-export အဖြစ် ပြန်လည် တင်ပို့ရာ နိုင်ငံခြားငွေ ပြန်ဝင်လာမှု နည်းပါးသည့်အတွက် ယမန်နှစ်က တင်ပို့ခွင့် လိုင်စင်ပေးမှုများ ရပ်ဆိုင်းခဲ့ကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က ပြည်ပသို့ သကြားတင်ပို့မှု တန်ချိန် ၁ ဒသမ ၆ သန်းနီးပါးမှ အမေရိကန် ဒေါ်လာသန်း ၉ဝဝ ကျော် ရရှိခဲ့ကြောင်း သိရသည်။

MWD

No comments:

Post a Comment