Latest News

Sunday, June 3, 2018

ဖျာပုံတွင် မိုးတွင်းကာလ ပင်လယ်ငါးခြောက်ဈေးနှုန်းများ မြင့်တက်လျက်ရှိ

ဖျာပုံတွင် မိုးတွင်းကာလ ပင်လယ်ငါးခြောက်ဈေးနှုန်းများ မြင့်တက်လျက်ရှိ

မိုးရာသီကာလရောက်သည်နှင့် ပင်လယ်ငါးခြောက်များ ရှားပါးလာပြီဖြစ်၍ လက်ကျန်ငါးခြောက်များကို ဈေး နှုန်းမြင့်ဖြင့် ရောင်းချနေပြီဖြစ်ကြောင်း ဖျာပုံမြို့နယ်ရှိ ငါးခြောက်ရောင်းဝယ်သူများထံမှ သိရသည်။

ဖျာပုံငါးခြောက်ဈေးတွင်   ငါးခြောက်ရောင်းဝယ် နေသူ ကိုသော်ဇင်ဦးက မိုးတွင်းဆိုလျှင် ပင်လယ် ငါး ခြောက်ပြုလုပ်ရန်  ခက်ခဲကြောင်း၊  ငါးဖမ်း စက်လှေ များမှာလည်း ယခင်နှစ်ကထက် ပင်လယ်သို့ထွက်ရမှု လျော့နည်းသောကြောင့်  ကုန်ကြမ်းငါး ရရှိမှုမှာလည်း နည်းသွားကြောင်း၊  ထို့ကြောင့် ဈေးကွက်အတွင်း လက် ကျန် ငါးခြောက်များကိုသာ ဈေးမြှင့်၍ ရောင်းချနေကြ ခြင်းဖြစ်ကြောင်း ပြောသည်။
လက်ရှိ မြင့်တက်နေသော ငါးခြောက်ဈေးများမှာ  မိုးအကုန်  ပွင့်လင်းရာသီသို့  ရောက်မှသာ  ပြန်လည် ကျဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မေ ၃၁ ရက်က ဖျာပုံငါးခြောက်ဈေးတွင်  ဈေးနှုန်း များမှာ ငါးနှပ်ခြောက် တစ်ပိဿာလျှင် ကျပ် ၉ဝဝဝ၊ ငါးရောင်ခြောက် တစ်ပိဿာ ကျပ် ၁ဝဝဝဝ၊ ငါးအုန်း ခြောက် တစ်ပိဿာ ကျပ် ၁၃ဝဝဝ နှင့် ငါးကွမ်းရှပ်ခြောက် တစ်ပိဿာ ကျပ် ၁၅ဝဝဝ  ဈေးနှုန်းဖြင့်  ရောင်းဝယ် နေကြကြောင်း၊ မိုးမကျခင်ကာလက ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ငါးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝ ကျော်ဈေးမြင့်သွားခြင်းဖြစ်ကြောင်း သိရသည်။  ဖျာပုံမှ  ငါးခြောက်ကုန်သည်များအနေဖြင့်  မိုးတွင်း ကာလတွင်  ကုန်အရနည်းသဖြင့်  အခြားဒေသများသို့ တင်ပို့နိုင်ခြင်းမရှိဘဲ  ဒေသအတွင်းမှာပင်  ဈေးမြှင့် ရောင်းချလျက်ရှိနေကြကြောင်း သိရသည်။

အောင်ဝင်း(ဖျာပုံ)

No comments:

Post a Comment