ပင်လည်ဘူးမြို့နယ်အတွင်းမှတရားမဝင်ရွှေတူးဖော်သူများဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ပင်လည်ဘူးမြို့နယ်ကုန်းကြီးကျေးရွာ အနီး၊မူးမြစ်အတွင်းမှတရားမဝင်ရွှေတူးဖော်နေသူများသက်သေခံ ပစ္စည်းများနှင့်အတူဖမ်းမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂ ရက် ညနေ ၅း၃၀ အချိန်ခန့်တွင်ပင်လည်ဘူးမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဖြိုးဝေလင်း ဦးစီးသောရဲတပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူပင်လည်ဘူးမြို့နယ်၊ကုန်းကြီးကျေးရွာအနောက်ဘက်၊မူးမြစ် အတွင်းတရားမဝင် ရွှေတူးဖော်နေကြောင်းသတင်းအရဝင်ရောက်ရှာဖွေဖမ်းဆီးရာပင်လည်ဘူးမြို့နယ်ကုန်းကြီးကျေးရွာနေကျော်ထွန်းဆိုသူနှင့်ကျော်ဇေယျာလင်းနှစ်ဦးတို့နှင့်အတူရွှေတူးဖော်ရာတွင်အသုံးပြုသော၃၂ ကောင်အင်ဂျင် ၁ လုံးနှင့်ရွှေတူးဖော်ရာတွင်အသုံးပြုသောဆက်စပ်ပစ္စည်းများဖမ်းမိသဖြင့်၎င်းတို့နှစ်ဦးအားစစ်မေးရာပိုင်ရှင်မှာကုန်းကြီးကျေးရွာနေ ဦးသောကြာ ဆိုသူဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့်တရားမဝင်ရွှေ
တွင်းပြုလုပ်သူပင်လည်ဘူးမြို့နယ်၊ကုန်းကြီးကျေးရွာသားများဖြစ်ကြသော ကျော်ထွန်း၊ကျော်ဇေယျာလင်းနှင့်ဦးသောက်ကြာတို့ သုံးဦးအားပင်လည်ဘူးမြို့မရဲစခန်းမှ၃၉/၁၈မြန်မာ့သတ္ထုတွင်းအက်ဥပဒေ၃၀(က)/(၅)အရုအရေးယူဆောင်ရွက်ထားကြောင်းဒုရဲအုပ်ဖြိုးဝေလင်းမှပြောပြသိရှိရသည်။
လူအောင်(ကသာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment