သြစတြေးလျအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ
ပြင်သစ်အသင်းသည် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိ သည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်၏ အုပ်စုအဆင့် ပထမဆုံးပွဲစဉ် တွင် သြစတြေးလျအသင်းကို အနိုင်ရရှိခဲ့သည်။
ယင်းပွဲစဉ်တွင် နှစ်သင်းစလုံးပင်နယ်တီတစ်ဂိုးစီရရှိခဲ့ကြပြီး ပြင်သစ်အသင်းက ပွဲကစားချိန် ၅၈ မိနစ်တွင်လည်းကောင်း၊ သြစ တြေးလျအသင်းက ပွဲကစားချိန် ၆၂ မိနစ်တွင်လည်းကောင်း ပင်နယ်တီ သွင်းဂိုးများရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါသွင်းဂိုးများကို ပြင်သစ်အသင်းအတွက် တိုက်စစ်မှူး ဂရစ်ဇ်မန်းကလည်းကောင်း၊ သြစတြေးလျအသင်းအတွက် ဂျီဒီနက်ခ် ကလည်းကောင်း အသီးသီးသွင်းယူခဲ့ကြပြီး ပြင်သစ်အသင်းအတွက် အနိုင်ဂိုးကို ပွဲကစားချိန် မိနစ် ၈ဝ တွင် ကွင်းလယ်ကစားသမား ပေါ့ဘာက သွင်းယူပေးခဲ့ခြင်းကြောင့် ပြင်သစ်အသင်းက သြစတြေး လျအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပြင်သစ် အသင်းသည် အုပ်စုအဆင့်ပွဲစဉ်များအဖြစ် ဇွန် ၂၁ ရက်တွင် ပီရူး အသင်းနှင့်လည်းကောင်း၊ ဇွန် ၂၆ ရက်တွင် ဒိန်းမတ်အသင်းနှင့်လည်း ကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
Mirror
No comments:
Post a Comment