ကရက်စ်နိုဒါ ဇွန် ၁ဝ
၂ဝ၁ဝ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းသည် ဇွန် ၈ ရက်က ၂ဝ၁၈ ကမ္ဘာ့ဖလားပွဲအိမ်ရှင်လုပ်မည့် ရုရှားနိုင်ငံသို့ စတင်ရောက်ရှိပြီး လေ့ကျင့်ရေးကွင်းဖြစ်သော ကရက်စ်နိုဒါအသင်းကွင်း၌ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အထိမ်းအမှတ် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထိုဓာတ်ပုံများထဲတွင် ရီးယဲလ်ခံစစ်မှူး ရာမို့စ်သည် သူများနှင့် မတူသော ဟန်ဖြင့် ဓာတ်ပုံ ရိုက်ခံခဲ့ရာ ဒေါသထွက်သူများစွာ ရှိခဲ့သည်။ ရာမို့စ်မှာ ပြီးခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် လီဗာပူး အသင်း၏ အဓိက ဂိုးသွင်းရှင် ဆာလက်ခ်ျကို ပွဲချိန်အစောပိုင်းမှာပင် ရည်ရွယ်ချက် ရှိစွာဖြင့် လက်အား ချုပ်ကာ ဖိလှဲချခဲ့ခြင်းကြောင့် အားကစား စိတ်ဓာတ်မရှိသူဟု ဝေဖန်မှုများစွာ ခံနေရသူဖြစ်သည်။
ထိုအခြေ အနေတွင် ရာမို့စ်က အသင်း ဓာတ်ပုံရိုက်ခံရာတွင် ပါးစပ်ကို လက်ညှိုးဖြင့် ပိတ်ထားသည့်ဟန်ဖြင့် ဝေဖန်မှုများ အသံတိတ်ရန် သဘောဆောင်သော ပုံရိုက်ကူးခဲ့၍ လီဗာပူးနှင့် အီဂျစ်ပရိသတ်များ ဒေါသထွက်ပေါက်ကွဲ ခဲ့ကြသည်။
သို့သော် စပိန်ဘောလုံးအဖွဲ့ချုပ်သည် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ပါက အသင်းသားတစ်ဦးစီတိုင်း အတွက် ဆုကြေး ပေါင် ၇၂၅ဝဝဝ ပေးသွားမည်ဟု မာကာ သတင်းစာ၏ ဖော်ပြမှုအရ သိရသည်။
ထိုငွေပ မာဏမှာ ချန်ပီယံဆု ကာကွယ်မည့် ဂျာမနီရသည့် ဆုကြေး ပေါင် ၃ဝ၅ဝဝဝ ထက်တစ်ဝက်နည်းပြီး ဘရာဇီး အသင်းမှာ ဗိုလ်စွဲလျှင် တစ်ဦးလျှင် ပေါင် ၇ဝဝဝဝဝ ရရှိမည်ဟု သိရသည်။
MWD
No comments:
Post a Comment