အောင်လအန်ဆန် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ နှင့် စာလွှာပေးအပ်
နေပြည်တော်၊ ဇွန်- ၃၀
၂၀၁၈ ခုနှစ်၊ ဇွန် ၂၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီး၌ ကျင်းပပြုလုပ်သည့် ONE MIDDLEWEIGHT WORLD CHAMPIONSHIP ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် MMAမစ်ဒယ်ဝိတ်တန်း လက်ရှိ ကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်အနေဖြင့် စိန်ခေါ်သူ ဂျပန်နိုင်ငံသား ဟာစီဂါဝါအား အား ငါးချီပြည့်ရေကုန်ရေခမ်းထိုးသတ်၍ အလဲထိုးအနိုင်ရခဲ့သည်။
မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား ဟာစီဂါဝါအား ပထမအချီမှ ငါးချီမြောက်အထိ တစ်ဖက်နှင့်တစ်ဖက် ပညာစုံထုတ်သုံး၍ ယှဉ်ပြိုင်ထိုးသတ် အလဲထိုးအနိုင်ယူနိုင်ခဲ့သည့်အတွက် မြန်မာအမျိုး သား ကချင်တိုင်းရင်းသား အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှပေးပို့သည့် ဂုဏ်ပြုစာလွှာ နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ သွားရောက်ပေးအပ် ချီးမြှင့်သည်။
ထို့နောက် လက်ရှိ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံနှင့်မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ယခုလိုပေးအပ်ချီး မြှင့်ခြင်းအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ မိသားစု များအားလုံး ကိုကျေးဇူးတင်ရှိပါကြောင်း၊နောက်ထပ်ချန်ပီယံကာကွယ်ပွဲများတွင်လည်းနိုင်ငံနှင့်ပရိသတ် အတွက် အစွမ်းကုန် ကြိုးစားကာကွယ်သွားမည်ဖြစ်ကြောင်းပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ် တရလက်ဆောင် လက်ဝှေ့အိတ်ကို ပေးအပ်ရာ တိုင်းမှူးကလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
MWD
Saturday, June 30, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment