Latest News

Saturday, June 30, 2018

လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ ကားများ ရပ်နားလိုက်သည့်အပေါ်မနောဖြူဆရာတော်နှင့်အင်တာဗျူး


အင်တာဗျူး
“အရေးပေါ်လူနာတစ်ယောက်က ကြန့် ကြာပြီး မဆုံးရှုံးသင့်တဲ့ အသက်တစ်ချောင်းဆုံးရှုံးသွားလေ့မယ်
 ဒါ့ ကြောင့် ပြန်လည်ပက်မယ် မိတ်ဖက်အသင်းတွေနဲ့  ပဲဆက်သွယ်ဆောင်ရွက်နေတယ် အစိုးရနဲ့ ကတော့ သူတို့ လဲ အကူညီမပေးနိုင်သလို ကိုယ်လဲအကူညီမတောင်းဘူး “
မနောဖြူဆရာတော် ဘဒ္ဒန္တ စန္ဒာသီရိ
_________________________________________________________________________
ဧရာဝတီတိုင်းဒေသကြီးတွင် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ ကားများ ရပ်နားလိုက်သည့်အပေါ် တိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးအဖွဲ့ နှင့်ပရဟိတအသင်းများ၏ သြ၀ါဒါစရိယဆရာတော် လည်းဖြစ် အခြားပရဟိတလုပ်ငန်းများတွင်လည်းဦးဆောင်နေသောမနောဖြူဆရာတော် ဟု လူသိများသည့် ဘဒ္ဒန္တ စန္ဒာသီရိကို တိုင်းဧရာက အယ်ဒီတာ တစ်ဦးက တွေ့ ဆုံမေးမြန်းထားပါတယ်။

TAY ။ ။ခုလို အချိန်ပေးတွေ့ ဆုံခွင့်ပေးတဲ့ အတွက် ဘုန်းဘုန်းကို တိုင်းဧရာကကျေးဇူးတင်ကြောင်းပထမဆုံးလျှောက်ထားလိုပါတယ်။ခုလို လာရောက်တွေ့ ဆုံရတာကတော့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ ကားများရပ်နားလိုက်သည့်အပေါ်အခြေနေတွေကိုပြည့်ပြည့်စုံစုံသိချင်လို့ ပါဦးဇင်း

TAY ။ ။ပထမဆုံး သိချင်တာက ဦးဇင်းတာဝန်ယူဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ကိုပါ။
B S T။ ။ ဧရာဝတီတိုင်းဒေသကြီးရဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ နှင့်ပရဟိတအသင်းများ၏ သြ၀ါဒါစရိယဆရာတော်အနေနဲ့ တာဝန်ယူဆောင်ရွက်နေရတယ်။မနောဖြူဘက်စုံ လူမှုကူညီရေးအဖွဲ့ ရဲ့ သြ၀ါဒါစရိယ နာယကအကျိုးတော်ဆောင်လည်းဖြစ်ပါတယ်.။

TAY ။ ။အထူးသဖြင့် ဘာတွေကို ကူညီဆောင်ရွက်နေတာပါလဲ ဦးဇင်း။

B S T။ ။လုပ်ဆောင်နေတာကတော့ နေရာဒေသမရွး ပို့ ဆောင်ပေးနေတယ် ၂၄ နာရီအပြည့်ပါ ညဘက်အချိန်မတော် Accident ရုတ်တရက်ဖြစ်တာတွေ ပဲဖြစ်ဖြစ် ကူညီနေတာ တစ်တိုင်းလုံးမှာလည်း မြို့ နယ်အလိုက်ရှိတော့ ချိတ်ဆက်ဆောင်ရွက်ပေးပါတယ် ။သည်မှာဆိုလည်းနေ့ စဉ် လူနာ(၈၀)ကျော်ကို အခမဲ့  အထွေထွေရောဂါ ကုပေးတယ် ပရဟိတဆေးခန်းလည်းနေ့ စဉ်ဖွင့်ထားတယ်။နောက်တစ်ခါ ကျေးလက်ဒေသမှာ ပညာဒါနကျောင်းသား(၇၀၀)ကျော်ရှိပါတယ်။ပုသိမ်ငွေဆောင်လမ်းမှာလည်းမိဘမဲ့ ဧရာရတနာကျောင်းလည်းဖွင့်လှစ်ထားပါတယ်။ကျောင်းထဲမှာလည်း ကွန်ပျူတာသင်တန်းကျောင်းနဲ့  ဆယ်တန်းကျောင်းသားအယောက်(၃၀)ကို ပညာသင်ပေးနေပါတယ်။တစ်မြို့ လုံးတင်မက မြို့ နယ်အတွင်းကနာရေးရော ဆေးရုံကြီးက ပိုင်ရှင်မဲ့  နာရေးတွေကို အခမဲ့  နိဗ္ဗာန်ယာဉ်နဲ့ သယ်ယူပို့ ဆောင်ပြီး မီးသြဲ၈ိုလ်စက်မှာ အခမဲ့ ဆောင်ရွက်ပေးတယ် သဂြိုလ်စက်ကလည်းမနောဖြူ အသင်းက (၂၇၀)ကျော်အကုန်ခံပြီးတည်ဆောက်ထားတာ ပုသိမ်တစ်မြို့ လုံး လည်းသည်တစ်ခုပဲရှိတာပါ။

TAY ။ ။ဧရာဝတီတိုင်းအတွင်းလုပ်ဆောင်နေတဲ့ ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေတဲ့  အဖွဲ့ အစည်းတွေ AMBULANCEကားတွေ လုပ်ငန်းဆောင်ရွက်နေမှုအခြေနေက ဘယ်လိုရှိပါသလဲ ဦးဇင်း။

B S T။ ။လုပ်ဆောင်နေတာတွေကတော့ သူမြို့ နယ် သူ့ ဒေသနဲ့ အလိုက်လုပ်ဆောင်နေကြတာ အဆင်ပြေပါတယ်။ဒါပေမဲ့  တစ်ချို့ လည်း ပရဟိတလုပ်ငန်းကို အယောင်ပြ ပြီးး အခွင့်ရေးတွေတအားယူလုပ်နေတာလည်းရှိတယ် ။ဦးဇင်းတို့ ကတော့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ အောက်က သွားနေတဲ့  အသင်းအဖွဲ့ တွေကိုတော့ အမှားနည်းအောင်ပြုပြင်ခိုင်းနေတယ် ။နောက်တစ်ခါပရဟိတ ခေါင်းစဉ်တပ်ပြီးအခွင်းရေးကို မယူဖို့  ပေါ့ ပြောနေရတယ်။

TAY ။ ။ဧရာဝတီတိုင်းမှာ လူမှုကယ်ဆယ်ရေးအသင်းဘယ်လောက်ရှိပြီး Ambulance ကားကရော အစီးရေဘယ်လောက်လောက်ရှိလဲ။

B S T။ ။လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ က ၂၁၄၆ ဖွဲ့ ရှိတယ် တစ်တိုင်းလုံးပေါ့ ပုသိမ်ခရိုင်မှာကတော့ ၁၆၄၁ ဖွဲ့ ရှိတယ် ပုသိမ်မှာ ၄၂ ဖွဲ့ ရှိတယ် အသင်းအဖွဲ့ ကအဲ့ လောက်ရှိပေမဲ့  Ambulance လူနာတင်ကားကတော့ အဲ့ လောက်မရှိဘူး တစ်တိုင်းလုံးအစီးရေ (၅၀၀)လောက်ပဲရှိတယ်။

TAY ။ ။ပရဟိတခေါင်းစဉ်တပ် ပြီးကိုယ်ကျိုးရှာတဲ့ ဖြစ်စဉ်တွေကဘာတွေလဲ ဦးဇင်း

B S T။ ။တစ်ချို့ ကAmbulance ကားတွေနဲ့ သစ်တင်တာတွေ ပစ္စည်းတင်တာတွေရှိတယ် ။ဒါတွေကိုလည်း ဦးဇင်းကိုယ်တိုင် သက်ဆိုင်ရာကို အကြောင်းကြားပြီး ထိထိရောက်ရောက်အရေးးယူပေးဖို့ ပြောတယ် ။ဒါကပရဟတိကို ဗန်းပြပြီး အတ္တဟိတလုပ်တာကိုး။

TAY ။ ။မနေ့ ကတော့ဧရာဝတီတိုင်းအတွင်းကလူနာတင်ကားတွေရပ်နားထားဖို့ ဧရာဝတီတိုင်း
လူမှုကယ်ဆယ်ရေးအသင်းသတင်းပြန်ကြားရေးကနေထုတ်ပြန်ချက်တက်လာတာတွေပါတယ်။သည်အခြေနေကို သိချင်ပါတယ်ဦးဇင်း။

B S T။ ။ထုတ်ပြန်တယ်ဆိုတာက မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ လူမှုကယ်ဆယ်ရေးအသင်းပရဟိတ
အသင်းအဖွဲ့ ကားတွေကို လူနာတွေနဲ့ သွားနေစဉ်ဖမ်းတယ် ကားတွေသိမ်းတယ် ဆိုတာ တစ်နိုင်ငံလုံးဖြစ်နေတဲ့ အချိန်မျိုး တိုင်းအတွင်းဆောင်ရွက်နေရင် အန္တရာယ်ရှိမှာဆိုးလို့  ပရဟိတလုပ်ပြီး နောက်ကဆိုးကျိုးတွေပါ ပါလာမယ်ဆိုပြီး စိုးရိမ်စိတ်နဲ့  လူပုဂ္ဂိုလ်တွေ အန္တရာယ်ရှိနိုင်တယ်ဆိုပြီး
ထုတ်ပြန်လိုက်ရတာ။

TAY ။ ။ရပ်နားလိုက်တဲ့ တစ်ရက်အတွင်းမှာ ပြည်သူတွေ ကိုဘယ်လောက်သက်ရောက်သွားလဲ

B S T။ ။ညကဆို ပြည်သူတွေက သုံးလေးဦး လောက် အရေးပေါ်ဖုန်းဆက်လာတော့ မြင်နေရပေမဲ့ မကူညီနိုင်တဲ့ အနေအထားရှိနေလို့  ဦးဇင်တို့ မှာ စိတ်မကောင်းဖြစ်ရတယ်အဓိက မရှိဆင်းရဲနွမ်းပါးသူတွေဖြစ်နေတာ။

TAY ။ ။ဆိုတော့က ဘယ်လောက်ထိရပ်နားလိုက်မှာလဲ။

B S T။ ။ခဏလေးရပ်ထားတာတောင်ပြည်သူတွေဒုက္ခရောက်တော့ ရက်ကြာလာတာနဲ့ အမျှ ပို ဒုက္ခရောက်မယ် ရှိတဲ့ သူအဖို့ ကတော့ အကြောင်းမဟုတ်ဘူး ကိုယ်ပိုင်ကားနဲ့ သွားလို့ ရတယ် မရှိတဲ့ နေရာကသည်လို လူနာတင်ကားမှမရှိဘူးဆို အရေးပေါ်လူနာတစ်ယောက်က ကြန့် ကြာပြီး မဆုံးရှုံးသင့်တဲ့ အသက်တစ်ချောင်းဆုံးရှုံးသွားလေ့မယ် အဲ့ တော့ ပြည်သူကိုပြန်ကြည့်ရတယ်။အဲ့ တော့ မဖြစ်ဘူးရပ်ထားလို့ မရဖူးဆိုပြီး သည်နေ့ ပဲအစည်းဝေးပြန်လုပ်ပြီး ပြန်လည်ပတ်ဖို့ ဆုံးဖြတ်ထားတယ်။သည်နေ့  (၁၂)နာရီမှာပဲ ပြန်လည်ပက်နေတယ်။

T AY။ ။ ။တစ်ချို့ ကလည်းပြောကြတယ် ပရဟိတတစ်ကယ်စိတ်ဓတ်ရှိရင်ကားတွေတရားဝင်လိုင်စင်နဲ့ လုပ်ပါလားလို့ ပြောကြတာတွေရှိတယ်။

B S T ။ ။ပရဟိတ စိတ်ဓတ်ရှိတယ်ဆိုပေမဲ့ တပည့်ဒကာ ဒကာမတွေ အဲ့ လို မလှူနိုင်ဘူး ကျေးလက်ဒေသတွေက ပိုဆိုးတာပေါ့ တစ်နေ့ လုပ်တစ်နေ့ စားများတဲ့ နေရာမျိုးတွေ တောတောင်ထဲမှာ ဦးဇင်းအနယ်နယ်အရပ်ရပ်ကိုသွားပြီးတရားတွေ ဟောတယ် ဟောတော့ လူငယ်တွေကို စည်းရုံးပြီး ကိုယ့် ရပ် ကိုယ့် ရွာ ကိုယ့်ဒေသ ပတ်ဝန်းကျင်အားကိုးထိုက်တဲ့ အသင်းအဖွဲ့တွေဖြစ်အောင်ကြိုးစားကြပါ လူမျိုးဘာသာမခွဲခြားပဲ ကူညီကြပါဆိုပြီးတော့ စည်းရုံးလိုက်တော့ လူမှု ကူညီရေးအသင်းတွေများလာတယ် ကိုယ့်ရပ်ကိုယ်ရွာ အတွက် ဆိုတဲ့ စိတ်ဓတ်နဲ့ သူတို့ တတ်နိုင်တဲ့  သိန်း (၃၀) (၄၀)ကားလေးဝယ် ကုတင်လေးကို ၀ယ်ပြီး တော့ သူတို့ လုပ်တာ သည်လောက်ပဲ တတ်နိုင်တာကို ဦးဇင်းတို့  အနေနဲ့ ကျတော ဒါကိုလုပ်ဖို့  လိုင်စင်(၁၀၀)ကျော်ကို ၀ယ်လှူမယ့် သူမရှိတေ့ ဒကာဒကာမတွေ စုပေါင်းပြီး (၂)သိန်း (၃)သိန်းကို စုပေါင်းပြီးလှူဖို့ ဟောပြောခဲ့ ရတာ စည်းရုံးခဲ့ ရတာ သည်လိုမျိုးသာ လိုင်စင်လှူမယ့်သူရှိရင် အတိုင်းအတာတစ်ခုထိ ပိုလုပ်နိုင်တာပေါ့။

TAY ။ ။လက်ရှိအခြေနေတွေနဲ့ ပတ်သတ်ပြီးယဉ်ထိမ်းရဲတပ်ဖွဲ့ ကိုရော ဆက်သွယ်ဆောင်ရွက်တာရှိလား။

B S T။ ။ယာဉ်ထိမ်းကိုလှမ်းမေးတယ် သည်လိုမျိုးညွန်ကြားလွှာရှိလား ဆိုတော့ ဟုတ်တယ် သည်တိုင်းထဲမှာ လိုင်စင်မဲ့ ကားတွေများနေတယ် ဆိုတော့ စီမံချက်ရှိတယ် ။ဒါပဲပြောတယ်။

TAY ။ ။ဒါဆိုရင်တော့ လိုင်စင်မဲ့ ကားဖမ်းဆီးရေးနဲ့ ပက်သတ်ပြီး သည်လူနာတင်ကားတွေပါစစ်တဲ့ အစီအစဉ်ပါ ပါလာရတာပေါ့ ။

B S T။ ။မှန်ပါတယ် မှန်ပါတယ်။

TAY ။ ။ဦးဇင်းတို့ လည်ပက်ဖို့ ဆုံးဖြတ်လိုက်ပြီးဆိုတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းတွေနဲ့  ထိပ်တိုက်တွေ့ ဆုံလာရင် ဘယ်လို ပြင်ဆင်ထားလဲ

B S T။ ။ဘယ်လို ပြင်ဆင်ထားလဲဆိုတော့ သူတို့ သက်ဆိုင်ရာကိုလည်း ဦးဇင်းအကြောင်းကြားလိုက်တယ် သူတို့ ဘက်ကတော့ ပရဟိတလုပ်ငန်းတွေအပေါ် ဖိအားတစ်စုံတစ်ရာဘာမှမပေးဖူးပြောတယ် ၊သူတို့ အန္တရာယ်မပြုဖူးပြောတယ် တစ်ခုတော့ ရှိတာပေါ ကိုယ့် ဘက်ကတော့ ယဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရမယ် လူနာတင်ကားဆိုလည်း လူနာတင်ကုတင်တို့ အထဲမှာ အောက်ဆီဂျင် ဘူးဆို့အပေါ်ကမီးတန်းတို့ ပါရမယ် လူနာမပါပဲအသံတွေ ဖွင့်တာမျိုးမလုပ်ရဘူး မောင်းသူကလည်း စည်ကမ်းအတိုင်း ကိုယ့် စည်းကိုယ့်ကမ်းနဲ့ ဘောင်အတွင်းက အလုပ်လုပ်မယ်ဆိုရင်တော့ အန္တရာယ်မရှိပါဘူး။တွေ့ ရှိခဲ့ ရင်တော့ အာဏာပိုင်အဖွဲ့ အစည်းနဲ့  ညှိနှိင်းရမယ်။

TAY ။ ။ဒါဆိုရင်တော့ လိုင်စင်တော့မရှိဘူးလူနာတင်ကားရဲ့ ဝိသေသ လက္ခာတွေရှိမယ် မောင်းတဲ့ သူကလည်းယဉ်းစည်းကမ်းလမ်းစည်းကမ်းလိုက်နာမောင်းရင် ဧရာဝတီတိုင်းအတွင်းမှာတော့ လွတ်လွတ်လပ်လပ်သွားလာ ပို့ ဆောင်မောင်းနှင်နိုင်တယ်ပေါ့ ။

B S T။ ။မောင်းနှင်လို့ ရမယ် အခွင့်ရေးသမားတွေအတွက်နဲ့  အတ္တဟိတကိုယ်ကျိုးရှာတဲ့  အသင်းအဖွဲ့ မျိုးကိုတော့ ဦးဇင်းတို့ ကိုယ်တိုင်းလဲ မလိုလားပါဘူး ။

TAY ။ ။ခု လူနာတင်ကားတွေ နဲ့ ပက်သတ်ပြီး အစိုးရနဲ့ တရားဝင်တွေ့ ဆုံ ညှိနှိုင်းသွားဖို့ များရှိလား ဦးဇင်း။

B S T။ ။ဦးဇင်းတို့ လုပ်နေတဲ့ အပေါ်မှာလည်း အစိုးရလည်းသိတယ် သက်ဆိုင်ရာ ဌာနဆိုင်ရာကလည်း သိတာပဲ သူတို့ နဲ့  နီးစပ်ရာက ဖြစ်တာတွေကိုလည်း သူတို့ ပဲအကူညီတောင်းလို့  ဦးဇင်းတို့ ကူညီပေးခဲ့ တာပဲ ၊နွေရာသီရောက်လို့ သောက်ရေခမ်းခြောက်လာရင်လည်း ဒါအစိုးရကိုယ်တိုင်က ဘယ်နေရာရေလို လို့ ဆရာတော် ကူညီပေးပါဆို ဦးဇင်းတို့ ကိုယ်တိုင် ကူညီခဲ့ တာပဲ ။

TAY ။ ။မြန်မာတစ်နိုင်ငံလုံးမှာ ပေါ့ ပရဟိတကားတွေ ပါဖမ်းဆီးလာတဲ့ အခြေနေက ဘာ့ကြောင့်လို သုံးသပ်ပါလဲ ဦးဇင်း။

B S T။ ။ဘယ်လိုဖြစ်လာတာလဲဆိုတော့ တစ်ချို့ လူနာတင်ကားတွေဟာအသင်းအဖွဲ့ တိုင်းတော့ မဆိုလိုပါဘူး နေရာဒေသကတစ်ချို့ မှာ လူနာတင်ကားနဲ့  သစ်တွေတင်လာတာတွေ့ ရတယ် အသားငါးတွေတွေ့ ရတယ် တစ်ချို့ ကားတွေဆိုလည်း ရန်ကုန်ကိုသွားလူနာပို့ ပြီး အပြန်ကုန်တွေ တင်လာတာတွေ့ ရတယ် ဒါမျိုးတွေက မဖြစ်သင့်တဲ့ အရာတွေ ပရဟိတလုပ်ရင် ဒါတွေလုပ်စရာမလိုဘူးအဲ့ တော့ သည်လိုမျိုးအသင်းအဖွဲ့ တွေလုပ်တဲ့  အခါ ဖမ်းတဲ့ တာဝန်ရှိတဲ့  ပုဂ္ဂိုလ်တွေကတော့ ဖမ်းမှာပဲ ဒါကို ဖမ်းတာကို ကျန်တဲ့ ပရဟိတသမားတွေက မသိပဲနဲ့  ၀ိုင်းပြီးရမ်းပြောလို့ တော့မရပါဘူး ဦးဇင်းတို့  မနေ့ ကတင်လိုက်တာလည်း တိုင်းအလုပ်မှုဆောင်နဲ့  ညှိနှိုင်းပြီးထုတ်ပြန်လိုက်တာ ။ရပ်နားလိုက်တာပဲ ဘယ်သူ့ ဖိအားကြောင့်ရယ်လို့ မှတော့ မဟုတ်ဘူး တိုင်းတိုင်းပြည်နယ်တိုင်းမှာကို ဖြစ်နေတယ်ဆို တို့ တိုင်းလဲဖြစ်မှာပဲ ဆိုပြီးရပ်ဆိုင်းတာ သည်နေ့  လူနာတင်ကားတွေ ပြန်ထွက်တာကလည်း ကိုယ့်တိုင်းအတွင်း ကိုပြောလို့ ရတယ် ပြည်သူတွေက ဒုက္ခရောက်နေပြီ ။သူတို့ ကလည်းအသားလွတ်တော့ မလုပ်ဘူး စည်းကမ်းမဲ့ ဖောက်ဖျက်တယ်ဆိုရင်တော့ အရေးယူဆောင်ရွက်မှာပဲ။

TAY ။ ။ဦးဇင်ကပရဟိတ တော်တော်များများလည်းလုပ်တယ် မနောဖြူဆရာတော်လို့ လဲ လူသိများကြတယ် ဆိုတော့ လူတွေရဲ့ အခြေနေက ဘယ်လိုရှိနေလဲ။ဘာအခက်အခဲတွေကြုံနေရလဲ

B S T။ ။ကျေးလက်တင်မဟုတ်ဘူး မြို့ ပေါ်ရပ်ကွက် ကဆင်းရဲ့ တဲ့ သူတွေဆိုလည်း လူတွေဟာ သဘာဝဘေးဒဏ်တွေ ကြုံတွေ့ နေကြတဲ့ သူတွေရှိတယ် ဆင်းရဲ ဒုက္ခရောက်ပြီး စားဝတ်နေရေးအဆင်မပြေတာတွေလည်းရှိတယ် ဦးဇင်းတို့ ပရဟိတလုပ်တဲ့  ပြည်သူ့ အကျိုးပြုလုပ်ငန်းဆိုတာက တစ်ထောင့်တစ်နေရာက အစိုးရကို ကူညီနေတာပဲ အစိုးရမလုပ်နိုင်တဲ့ နေရာဒေသတွေ ဦးဇင်းတို့ ကိုယ်တိုင် ကွင်းဆင်းပြီးစီစဉ်ဆောင်ရွက်နေတာ။နေရာတိုင်းမှာတော့ အခက်အခဲတွေရှိနေတယ် ။ကျေးလက်ဒေသမှာကလည်း အများကြီးရှိတယ် ။
TAY ။ ။တစ်ချို့ လည်းပရဟိတခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးရှာတာရှိသလို အများစုကတော့ တစ်ကယ်ပဲ ပြည်သူတွေရဲ့ အခက်အခဲတွေကူညီဖို့ ဆောင်ရွက်နေကြတာများတယ်လို့ ပြောလို့ ရတယ်ပေါ့ဆိုတော့ တစ်ကယ်ပဲ ပရဟတိလုပ်ငန်းကို ဆောင်ရွက်နေတဲ့  အသင်းအဖွဲ့ နဲ့ လူနာတင်ကားတွေအတွက်းနဲ့ ပတ်သတ်ပြီးအစိုးရနဲ့ ရောတွေ့ ဆုံးအကူညီတောင်းခဲဖို့ တွေရှိလားဦးဇင်း

B S T။ ။အစိုးရဆီကလည်း ဘာမှ မမျှော်လင့်ဘူး သူတို့ လည်းဘာမှမတတ်နိင်ဘူး မတတ်နိုင်လို့  ဦးဇင်းတို့ လည်းတိုင်းအဆင့်ဒေသတိုင်းလိုက်ကူညီနေရတာပဲ ဦးဇင်းတို့  အစိုးရဆီက ဘာမှမျှော်လင့်မထားဘူး ပရဟိတ လုပ်တယ်ဆိုတာက ပေးဆပ်ဖို့  သီးသီးပါပဲ ။ရယူလို့ ဖို့ မရှိဘူးခုချိန်ထိလည်း
ဘာတစ်ခုမှ အခွင့်ရေးတောင်းမထားဘူး ကိုယ့်ဘာသာပဲ မိတ်ဖက်အသင်းတွေနဲ့  ပဲဆက်သွယ်ဆောင်ရွက်နေတယ် အစိုးရနဲ့ ကတော့ သူတို့ လဲ အကူညီမပေးနိုင်သလို ကိုယ်လဲအကူညီမတောင်းဘူး ။

TAY ။ ။တစ်ခြားဘာများဖြည့်စွက်မိန့် စရာရှိပါသေးလဲ ဦးဇင်း.

B S T။ ။ငါပရဟိတ လုပ်တယ်ဆိုပြီးတော့ အခွင့်ရေးမယူဖို့  ငါပရဟိတလုပ်နေတယ်ဆိုပြီး ဌာနဆိုင်ရာအဖွဲ့ အစည်းကစစ်ဆေးတဲ့ အခါ လည်း သာသာကြည်ကြည်ဖြေကြားမှုမရှိပဲ ငါကောင်းတာလုပ်တာပဲဆိုပြီး ဇွတ်ပြောတဲ့  စိတ်ဓတ်တွေဖျောက်ဖို့ လိုတယ် ပရဟိတလုပ်တယ်ဆိုတာက အများအကျိုးကို လုပ်တာ ဒါဗုဒ္ဓအလိုတော်ကျ တိုင်းသွားတဲ့ ဘုရားလောင်းပစ္စေက စသည်ဖြင့် သူတောင်ကောင်းတွေသွားတဲ့ လမ်းစဉ်အတိုင်းအများအကျိုးဆောင်ရွက်တဲ့ နေရာမှာ စိတ်ရှည်ရမယ် သည်းခံရမယ် ဇွဲသန်ရမယ် သူ့ နေရာမှာ ငါသာဆိုလျှင်ကဲ့ သို့  ခံစားပြီး မေတ္တာ ကရုဏာတွဲ ပြီး ကိုယ်ကျိုးမရှာပဲအများကျိုးကို လုပ်စေချင်တယ်.။

TAY ။ ။ပြည့်စုံစွာနဲ့  အချိန်ပေးဖြေကြားပေးတဲ့ အတွက် တိုင်းဧရာက ကျေးဇူးတင်ပါတယ်ဦးဇင်း။

No comments:

Post a Comment