Latest News

Saturday, June 2, 2018

ပုသိမ်ခရိုင်တရားရုံးက သက်ငယ်မုဒိမ်းမှုအား ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်

ပုသိမ်ခရိုင်တရားရုံးက သက်ငယ်မုဒိမ်းမှုအား
ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်

ပုသိမ်   ဇွန်   ၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်တရားရုံးက မေ ၃၁ ရက်တွင် သက်ငယ် မုဒိမ်းမှုကို ထောင်ဒဏ်အနှစ် ၂ဝ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဖြစ်စဉ်မှာ ၂ဝ၁၇ ခုနှစ် မေလက  ငပုတောမြို့နယ်   ဟင်းအိုးချောင်း ကျေးရွာနေ  မ---၁၅ နှစ်သည် ပုသိမ်မြို့ အမှတ်(၈)နယ်မြေ မဟာဗောဓိ လမ်းအနီးရှိ ရွှေလက်ရာစားသောက်ဆိုင်တွင် အကူအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည်။ တစ်နှစ်တာအချိန်ရောက်ရှိလာစဉ် ဆိုင်ပိုင်ရှင် ဒလစ်(ခ)ဇော်မင်းဦးက  မ---အား  အလိုမတူသားမယား သုံးကြိမ်ပြုကျင့်ပြီး တစ်ဦးဦးသိရှိသွားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

မ---သည်   မိခင်အား   ခေါ်ရန်အကြောင်းကြားပြီး    ဆိုင်မှထွက်လို ကြောင်း ပြောဆိုကာ အမှတ်(၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူထံ သွားရောက်တိုင်ကြားသည့်အခါ သက်ငယ်မုဒိမ်းမှုဖြစ်နေသဖြင့် ပုသိမ်နယ်မြေ ရဲစခန်းသို့   လွှဲပြောင်း၍    မိခင်  ဒေါ်ဝင်းရွှေက  အမှုဖွင့်လှစ်ခဲ့ရာ ဒလစ်(ခ)ဇော်မင်းဦးအား  ဖမ်းဆီးအရေးယူ၍  ပုသိမ်ခရိုင်တရားရုံး၌ စစ်ဆေးခဲ့သည်။ မေ ၃၁ ရက်တွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ဒလစ်(ခ)ဇော်မင်းဦး အား သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ်အနှစ် ၂ဝ ကျခံစေရန် အမိန့်ချမှတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။  

       
(ပုသိမ်)လှကြည်
ပြန်​/ဆက်

No comments:

Post a Comment