Latest News

Friday, June 1, 2018

မိုးကုတ်မြို့ ပြောင်ဂေါင်းကျေးရွာ အထက်တန်းကျောင်းခွဲ ကော်ရစ်တာ ပြိုကျမှု ဖြစ်ပွား

မိုးကုတ်မြို့ ပြောင်ဂေါင်းကျေးရွာ အထက်တန်းကျောင်းခွဲ ကော်ရစ်တာ ပြိုကျမှု ဖြစ်ပွား


ဇွန် ၁ ( မိုးကုတ် )

မိုးကုတ်မြို့ ပြောင်ဂေါင်းကျေးရွာရှိ ကျောင်းစဖွင့်သည့်နေ့၌  အထက်တန်းကျောင်းခွဲတွင် ကျောင်းရှိ ကော်ရစ်တာ ပြိုကျမှုဖြစ်ပွားကာ ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ပြောင်ဂေါင်းလူမှုကူညီရေးအသင်းထံက သိရသည် ။


အဆိုပါ ကျောင်းသည် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ပညာသင်ကြားလျက်ရှိသော ကျောင်းတစ်ကျောင်း ဖြစ်ပြီး ကျောင်းသားကျောင်းသူဦးရေ ငါးရာခန့်တက်ရောက်ပညာသင်ကြားနေကျောင်းသောဖြစ်သည် ။

“ ပြိုကျတာတော့ မနက် ၈ နာရီကျော်လောက်ကပြိုကျတာပါ ကျောင်းသား လေးတစ်ယောက်ပဲ ထိခိုက်မှုဖြစ်တာပါ အဲ့ဒီကျောင်းက ဆောက်ထားတာတော့ ကြာပြီ ကြမ်းတွေက နည်းနည်းဆွေးနေတော့ အခုလို ပြိုကျတာပါ ” ဟု ပြောင်ဂေါင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည် ။

မြန်မာတစ်နိုင်ငံလုံးရှိ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် အခြေခံပညာကျောင်းများအားနှစ်စဉ် ဇွန်လ ၁ရက်နေ့တွင် စတင် ကျောင်းတက် ပညာသင်ကြားလျက်ရှိသည်။

Mogok Views
နေထက်

No comments:

Post a Comment