Latest News

Friday, June 1, 2018

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှု ၂၃၈ ကြိမ်ဖြစ်ပွား

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
မီးလောင်မှု ၂၃၈ ကြိမ်ဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင်  မီးလောင်မှု ၂၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သန်း ၁၇၈၆ ဒသမ ၄ဝ ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်  လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော မီးလောင်မှုများတွင် မီးဖိုမီး ၄၅ ကြိမ်၊ ပေါ့ဆမီး ၇၄ ကြိမ်၊ လျှပ်စစ်မီး ၅၇ ကြိမ်၊ ရှို့မီး ၄၈ ကြိမ်၊ အလိုအလျောက်မီး ခုနစ်ကြိမ်၊ တောမီး ခြောက်ကြိမ်၊ မိုးကြိုးမီး တစ်ကြိမ် စုစုပေါင်း ၂၃၈ ကြိမ်ရှိခဲ့ကြောင်း  အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပျက်စီးဆုံးရှုံးမှုအဖြစ် မီးဖိုမီးကြောင့် ငွေကျပ် ၁၆၂၉၄၈ဝ၅ဝဝ၊ ပေါ့ဆမီး ကြောင့် ငွေကျပ် ၇၈၃၄၇၆၅ဝ၊ လျှပ်စစ်မီးကြောင့် ငွေကျပ်  ၃၁၈၁၂၁၅ဝ၊ အလိုအလျောက်မီးကြောင့် ငွေကျပ် ၂၆၂၆၅ဝဝဝ၊ ရှို့မီးကြောင့် ငွေကျပ် ၁၈၅၆ဝ၂၅ဝ၊ တောမီးကြောင့် ငွေကျပ် ၁၈၂၂ဝဝဝ၊ မိုးကြိုးမီးကြောင့် ငွေကျပ် ၁၁၂၅ဝဝ စုစုပေါင်း ငွေကျပ် သန်း ၁၇၈၆ ဒသမ ၄ဝ ရှိခဲ့ကြောင်း အစီရင် ခံစာအရ သိရသည်။

ကြေးမှုံ၊ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment