Latest News

Monday, June 11, 2018

ချောင်းရေလျှံမှုကြောင့် ကားလမ်းရေကျော်ပြီး ခရီးသွားလာရေး ခက်ခဲနေ

ချောင်းရေလျှံမှုကြောင့် ကားလမ်းရေကျော်ပြီး ခရီးသွားလာရေး ခက်ခဲနေ

စလင်း ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အနောက်ဘက် မြောက်ချောင်းဖြူကျေးရွာ ရှင်ပင်ဖောင်တော်ဦးစေတီအနီး မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူသွားကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၄၆/၆ နှင့် ၄၆/၇ ကြား ချောင်းဖြူချောင်း ရေလျှံတက်မှုကြောင့် ခရီးသွားလာရေး နှောင့်နှေး လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉ ရက်နေ့မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက် ၁၀ နာရီအချိန်က ချောင်းရေလျှံတက် မှုဖြစ်ပေါ်ကာ ကားလမ်းပေါ် ရေလျှံ၍ လမ်းခရီးအသွားအလာ နှောင့်နှေးနေရကြောင်း၊ နှစ်စဉ်မိုးတွင်းကာလရောက်လျှင် ယခုကဲ့သို့ ချောင်းရေလျှံမှု ဖြစ်ပွားလေ့ရှိကြောင်း၊ သဲချောင်းရေဖြစ်သည့်အတွက် နေ့တစ်ဝက်ခန့် စောင့်ဆိုင်းရကြောင်း၊ သက်ဆိုင်ရာ အဖွဲ့များမှ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် စောင့်ဆိုင်းလျက်ရှိပြီး သွားလာရေးကို ယာယီတားမြစ်ထားကြောင်း ဆင်ဖြူကျွန်းမြို့ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးတိတုမှ ပြောကြားသည်။

စိုးမိုးသူ(ပြန်/ဆက်)

No comments:

Post a Comment