အမ်း ဇွန် ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ ဇွန်လ(၈) ရက်နေ့မှ (၁၁)ရက်နေ့ထိ မိုးသည်း ထန်စွာ အဆက် မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းပြီး ရေတိုက်စား မှုကြောင့် ကားလမ်း ကျိုးပဲ့ ပျက်စီးကာ မြေနိုမ့် ကားလမ်းနေရာများတွင် ရေကျော်နစ်မြုပ်၍ မော်တော် ယာဉ်များ ဖြတ်သန်းသွားလာမှု ရပ်တန့်လျက်ရှိသည်။
ဖြစ်ပွားသည့်နေရာများမှာ အမ်းမြို့နယ် မဲလက်မောင်းကျေးရွာအုပ်စု၊ မဲလက်မောင်း ကျေးရွာနှင့် ကံ့ကော်မြိုင် ကျေးရွာကြား ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် (၁၇/၃)မိုင် နှင့်(၁၇/၅)မိုင်ကြား ကားလမ်းပေါ်၌ အမြင့်(၄) ပေ၊ အကျယ်(၂၀၀)ပေခန့် ကားလမ်း ရေကျော် လျှက်ရှိပြီး မွှားကျေးရွာ အုပ်စု၊ ပဒဲကြောကျေးရွာအနီး အမ်း-မအီကားလမ်း မိုင်တိုင် အမှတ် (၂၂/၆)မိုင်ကြားတွင် မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျ ရေများ စီးဆင်းပြီး ရေတိုက်စားမှုကြောင့် ကားလမ်းမှာ ပေ(၂၀)ခန့် ကျိုးပဲ့ ပျက်စီး ခဲ့သဖြင့် မော်တော် ယာဉ် သွားလာမှုများ ပြတ်တောက်လျှက်ရှိရာ ယာယီ ဘေလီတံတား ဆောက်လုပ် နိုင်ရန်အတွက် ကားလမ်း ကျိုးပဲ့ သည့်နေရာသို့ ပစ္စည်းများရောက်ရှိပြီး ဖြစ်သော်လည်း ယာယီဘေလီ တံတားတည်ဆောက်ရန် အချိန်(၂) ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ် ဦးဆောင်၍ လမ်းအထူးအဖွဲ့မှ တာဝန်ရှိသူများ ဌာန ဆိုင်ရာများ ပူးပေါင်းပါဝင်လျက် ဒေသခံပြည်သူ များ၊မော်တော် ယာဉ်များ လိုရာခရီးသို့ ပုံမှန် ဖြတ်သန်းသွားလာ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
ပြန်/ဆက်
No comments:
Post a Comment