ရေးမြို့နယ် ပင်လယ်ပြင်၌ငါးဖမ်းစက်လှေတစ်စင်း မီးလောင်နစ်မြုပ်
ရေး ဇွန် ၆
မွန်ပြည်နယ် ရေးမြို့နယ်၌ ဇွန် ၅ ရက် ည ၉ နာရီက အနောက်ဘက် ကပ္ပလီပင်လယ်ပြင် ဝါးကျွန်းအနောက်ဘက်ပင်လယ်ပြင် ရေမိုင်ခုနစ်မိုင်ခန့်တွင် ငါးဖမ်းစက်လှေတစ်စင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဘော်ကျားတန်းရပ်နေ ရေလုပ်ငန်းရှင် ရန်နိုင်စက်လှေမှာ ငါးဖမ်းရန် ထွက်ခွာခဲ့ရာ စက်ခန်းအတွင်းမှ တရုတ်နိုင်ငံထုတ် အင်ဂျင်အမျိုးအစား (6D-22) မြင်းကောင်ရေ ၂၂ဝ မှ မီးစတင်လောင်ကျွမ်းပြီး ရေလုပ်သားများမှာ ရေထဲခုန်ချထွက်ပြေးခဲ့ကြောင်း သိရသည်။
ငါးဖမ်းစက်လှေပေါ်မှ ရေထဲခုန်ချခဲ့သော ရေလုပ်သားသုံးဦးအား ပင်လယ်ပြင်တွင် အခြားငါးဖမ်းစက်လှေက ကယ်ဆယ်ပေးကာ ကမ်းပေါ်သို့ ပြန်လည်ရောက်ရှိပြီး မီးလောင်ကျွမ်းသော ငါးဖမ်းလှေမှာ ပင်လယ်ပြင်၌ နစ်မြုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ထွဋ်ထွဋ်(ရေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment