Latest News
Saturday, June 16, 2018
ရွှေဘိုမြို့ရှိ အလောင်းမင်းတရားကြီး၏ နန်းတော်အား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ နှစ်စဉ်လုပ်သင့်ကြောင်း လွှတ်တော်ကော်မတီ မှ အကြံပြု အစီရင်ခံစာတင်
ရွှေဘိုမြို့ရှိ အလောင်းမင်းတရားကြီး၏  နန်းတော်အား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ နှစ်စဉ်လုပ်သင့်ကြောင်း  လွှတ်တော်ကော်မတီ မှ အကြံပြု အစီရင်ခံစာတင်
     တတိယမြန်မာနိုင်ငံ နှင့်ကုန်းဘောင်မင်းဆက်အားတည်ထောင် ခဲ့သောအလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ရွှေဘုံရတနာမင်္ဂလာနန်းတော်အား အဆင့်မြှင့်ခြင်း ၊ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ နှစ်စဉ်ဆောင်ရွက်သင့်ကြောင်း  အစိုးရ၏ အာမခံချက်များ၊ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ မှအစီရင်ခံစာ တင်သွင်းအကြံပြုထားကြောင်းသတင်းရရှိသည်။
  “တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့အလောင်းမင်းတရားကြီးရဲ့ ထီးန်းစိုးစံရာ နန်းတော်ကြီးလည်းဖြစ်တယ်၊စစ်ကိုင်းတိုင်းရဲ့ ကျက်သရေဆောင်နန်းတော်လည်းဖြစ်တယ်၊ဒါကြောင့် အခြားတိုင်းဒေသကြီးတွေမှာရှိတဲ့ ကျက်သရေဆောင်နန်းတော်ကြီးတွေလို ခန့်ညားထည်ဝါအောင်လုပ်ဖို့ လိုပါတယ် “ဟု ကော်မတီဝင် တစ်ဦးကပြောသည်။
   ရွှေဘို နန်းတော်ကို အလောင်းမင်းတရားကြီးမှ ခရစ်နှစ် ၁၇၅၃ ဇွန်လ ၂၁ ရက်နေ့ က တည်ဆောက်ခဲ့ပြီး ဆင်ဖြူရှင်မင်း လက်ထက်တွင် မင်းနေပြည်တော်ကို အင်းဝသို့ပြောင်းရွှေ့ ခဲ့ရာ နန်းတော်မှာမှေးမှိန်ပျောက်ကွယ်ခဲ့ရသည်။ကိုလိုနီခေတ်က နန်းတော်နေရာကို ခရိုင်အဆင့်အကျဉ်းထောင် လုပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အကျဉ်းထောင်ကို ဖယ်ရှားပြီး နန်းတော်ရာ နေရာကို တူးဖော်စေကာ  ရှေးမူအတိုင်းအသစ် ပြန်လည် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
   ရွှေဘိုမြို့အမှတ် ၄ ရပ်ကွက်ရှိ  ၄င်းနန်းတော်ကို  ၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့က ယဉ်ကျေးမှု ၀န်ကြီးဌာနလက်အောက်မှ  တိုင်းဒေသကြိးအစိုးရက လွှဲပြောင်းယူ၍ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
  နန်းတော်ထိန်းသိမ်းခြင်းကို တိုင်းအစိုးရမှ သာမန်ရန်ပုံငွေ ၁၃၅ သန်းလျာထားသော်လည်း ခရိုင်မှတောင်းခံသော ၄၇ သန်းတွင် ခွင့်ပြုငွေ ၂၇ သန်းသာ ရ၍ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ထားကြောင်း သိရသည်။
ကိုသစ္စာ-မုံရွာ
No comments:
Post a Comment