Latest News

Saturday, June 16, 2018

ပြည်ထဲရေးဝန်ကြီးဌာန မှ အသိပေးကြေညာချက် သတင်းထုတ်​ပြန်

ပြည်ထဲရေးဝန်ကြီးဌာန မှ အသိပေးကြေညာချက် သတင်းထုတ်​ပြန်

နေပြည်တော်၊ ဇွန် ၁၆

နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့် အသွင်သဏ္ဍာန်တူသော ၀တ်စုံများဝတ်ဆင်ခြင်းနှင့် ဥပဒေမဲ့ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ် စိစစ်တွေ့ရှိပါကတည်ဆဲ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်။

 ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် “ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြရန်နှင့် ၀တ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း” ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

 အချို့သောသတင်းထောက်များအနေဖြင့် သတင်းရယူဆောင်ရွက်ရာတွင် ဥပဒေနှင့် မညီသော ပြုလုပ်မှုများကြောင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှကျေနပ်မှုမရှိသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တည်ဆဲဥပဒေများအရ အရေးယူပေးရန် တိုင်ကြားမှု ၁၂ မှု ရှိခဲ့ပြီး သတင်းထောက် ၁၅ ဦး၊ မီဒီယာ အသင်းဝင် ၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့အား အရေးယူခဲ့ ရကြောင်း စိစစ်တွေ့ရှိရပါသည်။
 အချို့သောသတင်းထောက်များသည် အထူးသတင်းထောက်များ၊ မှုခင်းသတင်းထောက် များအမည်ခံ၍ လောင်းကစားမှုများ ပြုလုပ်ခြင်း၊ မှုခင်းများတွင် အမှုလိုက်အကျိုးဆောင်အဖြစ် လုပ်ကိုင်ခြင်း၊ ၀င်ရောက်စွက်ဖက်၍ ငွေကြေး တောင်းခံခြင်း၊ အသင်းဝင်အဖြစ်လျှောက်ထား သူများထံမှ ၀င်ကြေးများကောက်ခံခြင်း၊ မြေယာကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း၊ ဒုစရိုက် လုပ်ငန်းလုပ်ကိုင်နေသူများထံမှ လစဉ်ကြေးများရယူ ခြင်းများရှိနေကြောင်းကိုလည်း  စိစစ်တွေ့ရှိ ရပါသည်။

 မှုခင်းသတင်းထောက်များအပါအဝင် သတင်းထောက်အသင်းများသည် အသင်းအဖွဲ့ များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားသောအဖွဲ့အစည်းဖြစ်၍ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ ၄ ပါ ပြဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းဥပဒေပုဒ်မ၆(စ) အရ မှတ်ပုံတင်လက်မှတ်လဲလှယ်ခြင်း၊ သက်တမ်း တိုးခြင်းကို ငြင်းပယ်ခြင်းခံရမည်ဖြစ်ပါသည်။

 သို့ဖြစ်ပါ၍ သတင်းထောက်အသင်းဝင်များအနေဖြင့် နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်း များနှင့် အသွင်သဏ္ဍာန်တူသော ၀တ်စုံများဝတ်ဆင်ခြင်း၊ ဥပဒေမဲ့ ငွေကြေးတောင်းခံခြင်းနှင့် ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့ စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။    

ပြည်ထဲရေးဝန်ကြီးဌာန



No comments:

Post a Comment