Latest News

Monday, June 11, 2018

ပြည်နှင့် ကြံခင်းမြို့နယ်တို့၌ တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများ သိမ်းဆည်းမိ



၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ၂၀၃၀ အချိန် ပြည်မြို့၊ ရွာဘဲရပ်ကွက်နေ ဦးသိန်းထွန်း (၄၉)နှစ်၏နေအိမ်သို့ ပြည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပြည်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသက်ဦးပါ ၃ ဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် သတင်းအရ ဝင်ရောက် ရှာဖွေရာ ၎င်းနေအိမ်အနောက်ဘက် ဂိုဒေါင် ၂ လုံးအတွင်းနှင့် အိမ်အပေါ်ထပ်တို့မှ မျက်နှာပါ ဆတ်ချို ၂ ခု၊ မျက်နှာပါ ပြောင်ချို ၁ ခု၊ မျက်နှာမပါ ပြောင်ချို ၂၃ ချောင်း၊ လိပ်ဗိုက်သား ၁၇ ခု၊ လိပ်အပေါ်ခွံ ၂ ခု၊ ဖြူဆူးတောင် ၁၀ ကျပ်သား၊ ဝက်ဝံရိုး ၃ ချောင်း၊ ဆတ်ချို ၁ ချောင်း၊ မျက်နှာပါ တောင်ဆိတ်ချို ၅ ချောင်း၊ မျက်နှာမပါ တောင်ဆိတ်ချို ၁ ချောင်း၊ ဂျီသားရေ ၃ ချပ်၊ မျက်နှာပါ ဂျီချို ၅ ချောင်းတို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၂၃၄၅ အချိန်တွင် ဦးသိန်းထွန်း (ဖမ်းမိ)အား ပြည်မြို့မရဲစခန်း (ပ)၄၇၀/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)/၄၀(က)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိပါသည်။


အလားတူ ဇွန်လ ၉ ရက်နေ့ ၂၀၃၀ အချိန် ပြည်ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်မြို့နယ် သစ်တောဦးစီးမှူး ဦးထိုက်လွင်ပါ ၄ ဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ ကျောင်းကြီးအိုးတန်း ရပ်ကွက်နေ ကျော်ထွန်း(ခ)ရုံးလီ(၅၁)နှစ်၏ နေအိမ်နှင့် ပွဲရုံအတွင်းသို့ ဝင်ရောက်ရှာဖွေရာ ဂျီသားရေ ၁၂ ချပ်၊ လိပ်ဗိုက်ခွံ ၂၄၅ ချပ်၊ လိပ်ခွံ အပိုင်းအစ ၁၂ ပိဿာ ၄၀ ကျပ်သား၊ မျက်နှာပါ ဆတ်ချို ၃ ချောင်း၊ မျက်နှာမပါ ဆတ်ချို ၂၁ ချောင်း၊ ဆတ်ချိုအကျိုး ၁ ခု၊ မျက်နှာပါ တောင်ဆိတ်ချို ၄ ချောင်း၊ မျက်နှာမပါ တောင်ဆိတ်ချို ၁ ချောင်း၊ နွားနောက်ချို ၁ ချောင်း၊ သင်းခွေချပ်ခွံ ၂ ပိဿာ ၂၄ ကျပ်သား၊ ဖြူဆူး(ပုံးခွံပါ) ၁ ပိဿာ ၉၀ ကျပ်သား၊ ဝက်ဝံ လက်သည်း ၃ ခု၊ ဝက်ဝံလက်သည်းခွံကျွတ် ၄ ခု၊ ဂျီပေါက်ချို ၇ ချောင်း၊ ဝက်ဆွယ် ၄ ချောင်း၊ တောင်ဆိတ်ချို ၁ ချောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၂၃၅၀ အချိန်တွင် ကျော်ထွန်း(ခ) ရုံးလီ(ဖမ်းမိ)အား (ပြည်)အမှတ်-၁ နယ်မြေရဲစခန်း (ပ)၂၈၅/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)/ ၄၀(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ၂၃၃၀ အချိန် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့နေ ဇော်ဝင်းမောင်(၃၂)နှစ်၏နေအိမ်သို့ ဧရာတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းမင်းထွန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့များမှ သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်အပေါ်ထပ်မှ ဆတ်ခေါင်း(ချိုပါ) ၁ ခု၊ ဆတ်ကြုတ် ချို ၁ ချောင်း၊ ဂျီခေါင်း ၁ ခု၊ ဂျီဦးချို ၃ ချောင်း၊ တောဝက်ဆွယ် ၁၇ ချောင်း၊ လိပ်ရင်ဘတ် ၂ ခု၊ တောဝက် သည်းခြေ ၅ ခု၊ ဝက်ဝံလက်သည်း ၁ ခု၊ တောကြောင်လက်သည်း ၂၇ ခု၊ တောကြောင်မြင်းအမြီး ၁ ခု၊ တောကြောင်မြင်းခေါင်း ၁ ခု၊ ဂျီသားရေ ၄ ချပ် တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၀၃၄၅ အချိန်တွင် ဇော်ဝင်းမောင်(ဖမ်းမိ)အား ဘက်ရဲနယ်မြေရဲစခန်း(ပ)၁၆၈/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)/ ၄၀(က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


အလားတူ ၂၃၃၀ အချိန်တွင် ကြံခင်းမြို့နယ်၊ တံတားဦးကျေးရွာနေ ဝင်းမြင့်အောင် (၃၇)နှစ်၏နေအိမ်သို့ ဘက်ရဲနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်း ဦးစန်းမောင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့များမှ သတင်းအရဝင်ရောက်ရှာဖွေရာ တောင်ဆိတ်ချို ၁ ချောင်း၊ ပြောင်ဦးချို ၁ ချောင်း၊ တောကြောင်အရေခွံ ၂ ခု၊ တောဝက်စွယ် ၂ ခု၊ တောကြောင် လက်သည်း/ခြေသည်း ၃ ခု၊ ဆတ်ချို ၁ ချောင်း၊ ဝက်နီးတိုး ဦးခေါင်းခွံ ၂ ခု၊ တောခွေး ဦးခေါင်းခွံ ၃ ခု၊ တောကြောင်ဦးခေါင်းခွံ ၁ ခု၊ တောင်ဆိတ်လက်ရိုး ၁ ချောင်း၊ တောင်ဆိတ်သားရေပြား ၁ ချပ်၊ ဖြူအူမ အခြောက် ၁ ခုတို့တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၀၃၅၅ အချိန်တွင် ဝင်းမြင့်အောင်(ဖမ်းမိ)အား ဘက်ရဲနယ်မြေရဲစခန်း (ပ)၁၆၉/၂၀၁၈၊ ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)/ ၄၀(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

REF: Ministry of Home Affairs, Myanmar

No comments:

Post a Comment