Latest News

Sunday, June 17, 2018

သတိဟာအချုပ်

သတိဟာအချုပ်

တရားအလုပ်မှာ သတိဟာ အချုပ်ပါ။
သတိမရှိရင် တရားအလုပ် မဖြစ်တော့ပါဘူး။
ထိုင်နေပေမယ့်လို့ သတိမရှိဘဲ ထိုင်နေတာကို တရားထိုင်တယ်လို့ မခေါ်နိုင်ပါဘူး။

****************************

သတိကို ထိန်းသိမ်း။

သတိကို အစဉ်မြဲနေအောင် ထိန်းသိမ်းထားနိုင်ရင်
ရောက် ရှိ၊ ရရှိနေတဲ့ တရားအဆင့်အတန်းကိုလည်း ထိန်းသိမ်းထားပြီး ဖြစ်သွားပါတယ်။

မရောက်သေး၊ မရသေးတဲ့ တရားအဆင့်အတန်းတွေ
ဆီကို တိုးတက်သွားအောင် လမ်းခင်းထားပြီးသားလည်း ဖြစ်နေပါတယ်။

****************************

သတိနဲ့နေသူ။

ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတို့ မွေးဖွားလာရာကို ရှာကြည့်လိုက် ရင် သတိနဲ့နေတဲ့ အကျင့်လို့ တွေ့မြင် ရမှာပါ။

သတိနဲ့ နေသူသည်သာ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရယူ ပိုင် ဆိုင် ခွင့် ရှိပါတယ်။

*****************************

သတိအားကောင်းရင်။

သတိရဲ့ ရန်သူဟာ ကိလေသာပါ။
ကိလေသာရဲ့ ရန်သူဟာ သတိပါ။
ရေများရေနိုင် မီးများမီးနိုင် ဆိုတော့

သတိအားကောင်းရင် ကိလေသာတွေ
ပျောက်ကွယ်သွားလိမ့်မယ်။
ကိလေသာအားကောင်းရင် သတိ
ပျောက်ကွယ်သွားလိမ့်မယ်။

**************************

သတိတရားဟာ။

သတိတရားဟာ ကိုယ့်ရဲ့ကိုယ်စောင့်နတ်ပါ။
ကိုယ့်ရဲ့ ဘော်ဒီဂတ်ပါ။ ကိုယ့်ကို စောင့်ရှောက်မယ့်သူ၊ လုံခြုံမှုပေးမယ့်သူ၊ ပျော်ရွှင် ချမ်းမြေ့မှုတွေကို ဖန်တီးပေးမယ့်သူ၊ သာယာအေးချမ်းမှုတို့ကို ရှာဖွေပေးမယ့်သူက တခြားသူ မဟုတ်ပါဘူး။ သတိပါပဲ။

****************************

သတိ အလေ့အကျင့်။

သတိထားတဲ့အကျင့်မှာ ကျင်လည်လာရင်
သတိကလည်း လျင်မြန်လာပါတယ်။

ပေါ်တိုင်းပေါ်တိုင်းကို အမှီလိုက်
သတိထားပြီး ရှုနိုင်တာ ဟာ
သတိအလေ့အကျင့်
အားကောင်းလာလို့ပါ။

ဓမ္မဒူတ
ဒေါက်တာအရှင် ပညိဿရ

No comments:

Post a Comment