Latest News

Friday, June 1, 2018

ပြည်တွင်းပုဂ္ဂလိက ဘဏ်လေးခု ထပ်မံ ဖွင့်လှစ်ခွင့်ပြုရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နောက်ဆုံးအဆင့် စိစစ်နေ

ပြည်တွင်းပုဂ္ဂလိက ဘဏ်လေးခု ထပ်မံ ဖွင့်လှစ်ခွင့်ပြုရန်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နောက်ဆုံးအဆင့် စိစစ်နေ
Photo - Google
ရန်ကုန်  မေ  ၃၁

ပြည်တွင်းပုဂ္ဂလိက ဘဏ်လေးခု ထပ်မံ ဖွင့်လှစ်ခွင့်ပြုရန်    မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည်     နောက်ဆုံးအဆင့် စိစစ်နေပြီး     မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း ထံမှ သိရသည်။

ဗဟိုဘဏ်အနေဖြင့် စစ်ကိုင်းတောင်သူ လယ်သမား ဖွံ့ဖြိုးရေးဘဏ်၊ မန္တလေး တောင်သူလယ်သမားဘဏ်၊ ခရီးသွားလာရေးဘဏ်နှင့် ကျောက်မျက်ဘဏ်တို့ကို ဖွင့်လှစ်ခွင့်ပြုရန် စိစစ်နေခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်သည်။

''အဓိကကတော့ အခွန်ငွေ ပေးဆောင်ပြီးပြီလား၊  ဒီငွေတွေက   ငွေဖြူဖြစ်ရဲ့လား၊ ဒီလိုအချက်တွေ ကင်းလွတ်သလား ဆိုတာကို စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနတွေက စိစစ်ပြီးတော့မှ ခွင့်ပြုတာဖြစ်ပါတယ်'' ဟု ဦးစိုးသိန်းက ပြောသည်။

ပုဂ္ဂလိကဘဏ်လေးခု ထပ်မံခွင့်ပြုရန် ဗဟိုဘဏ်က စိစစ်နေမှုနှင့် ပတ်သက်၍ ဘဏ်စနစ်များ ယခုထက် ပိုမိုဖွံ့ဖြိုးလာရန် အလားအလာကောင်းများ ရှိသော်လည်း ဘဏ်များ ရေရှည် ရပ်တည်နိုင်ရေး အတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ်ပြောသည်။

MWD

No comments:

Post a Comment