Latest News

Thursday, June 7, 2018

ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ၊ အမှတ်စဉ်(၂) သင်တန်းနှင့် အိမ်တွင်းမှု သင်တန်းများ ဖွင့်ပွဲကျင်းပ

ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ၊ အမှတ်စဉ်(၂) သင်တန်းနှင့် အိမ်တွင်းမှု သင်တန်းများ ဖွင့်ပွဲကျင်းပ

နေပြည်တော်  ဇွန်  ၆

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန  ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး  အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း(ပုသိမ်)၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ဧည့်ကြိုသင်တန်း၊ အိပ် ခန်း ဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှု သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ၊ သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲ၊ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ် သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲတို့ကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက် အမှာစကားပြောကြားပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက  သင်တန်းဖွင့်လှစ်ပေးမှုအစီအစဉ်နှင့် သင်တန်းအတွက် ထောက်ပံ့ပေးနိုင်မှု အခြေအနေများကို   ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းဆင်းအောင် လက်မှတ်များကို ဧည့်ကြို သင်တန်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ကလည်းကောင်း၊  အိပ်ခန်းဆောင်သင်တန်းသူများအား ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းသူများအား ညွှန်ကြားရေးမှူးကလည်းကောင်း  အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် ချောင်းသာဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကျော်ခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊  ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာနမှ  တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်း နည်းပြများနှင့်သင်တန်းသူများ  တက်ရောက်ကြသည်။

ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းအမှတ်စဉ်(၁)  သင်တန်းဆင်း သင်တန်းသူ ၇၅ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး   ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ် (၂)နှင့် အိမ်တွင်းမှု သင်တန်းများကို ဇွန် ၄ရက်မှ စက်တင်ဘာ ၇ ရက်အထိ နိုင်ငံတော် စရိတ်ဖြင့် အခမဲ့ဖွင့်လှစ် သင်ကြားလေ့ကျင့် ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

MWD

No comments:

Post a Comment